တိုက်ပွဲအတွင်း ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် ၉ ဦးသေဆုံးပြီး စစ်ကောင်စီတပ်သား ဆယ်နဲ့ချီသေဆုံး
မန္တလေးတိုင်း၊ မန္တလေးမြို့အနီးက မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြား စက်တင်ဘာ ၂၁ ရက်မှ ဒီကနေ့ စက်တင်ဘာလ ၂၃ ရက်နေ့အထိ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ မြေပြင်တော်လှန်ရေးရင်းမြစ်တွေဆီကနေ သိရပါတယ်။ သုံးဆယ်ပေးကျေးရွာမှာ အထိုင်ချတပ်စွဲနေတဲ့ အင်အား ၄၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းဟာ အဲဒီရွာအပါအဝင် ကုန်းတန်းလေး၊ ကုန်းတန်းကြီး၊ ကျွဲခြံကုန်းနဲ့ အနီးရွာ ၂၀ ခန့်ကို စစ်ကြောင်းထိုး မီးရှို့တာမျိုးတွေ လုပ်ဆောင်နေတယ်လို့ ခိုင်မာတဲ့ မြေပြင်တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မန္တလေးမြို့နဲ့ ငါးမိုင်ခန့်သာဝေးတဲ့ သုံးဆယ်ပေးရွာအထိ တော်လှန်ရေးတပ်တွေ ရောက်ရှိလာတာကြောင့် မန္တလေးမြို့အထိ တော်လှန်ရေးတပ်တွေ မရောက်လာရေး ကာကွယ်နေတာ ဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။ “သုံးဆယ်ပေးဆိုတာကလည်း မန္တလေးနဲ့ ငါးမိုင်လောက်ဆိုတော့ မျက်ခုံးလှုပ်မှာပဲလေ။ လက်ရှိကတော့ သူတို့ဘက်က နယ်မြေရှင်းလင်းရေးလုပ်တာလို့ပဲမြင်ပါတယ်။ […]