ထိုင်း-မြန်မာနယ်စပ်အနီး တာလယ် စစ်ဗျူဟာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဒုတပ်ရင်းမှူးနှင့်အဖွဲ့ လွတ်မြောက်နေ၍ KNU က လိုက်ဖမ်းနေ
စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ရန်ကုန်တွင် သရုပ်ပြဆန္ဒထုတ်ဖော်
မေ ၁၂ ရက်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီလေပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာမတွေ သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ရန်ကုန်မှာ သရုပ်ပြဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှု တရပ်ကို ရန်ကုန်တော်လှန်ရေးအင်အားစု (YRF) က ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ Yangon Revolution Force ရဲ့ တာဝန်ရှိသူတယောက်က ” တော်လှန်ရေးအတွင်း အကြမ်းဖက် စစ်ကောင်စီက ကျောင်းတွေကို ပစ်မှတ်ထားပြီး ကလေးငယ်တွေ အသက်ဆုံးရှုံးရမှုကို အထင်ကရ ဓာတ်ပုံတွေနဲ့တကွ အသိပေးလှုံ့ဆော်တာပဲဖြစ်တယ်။ ဒါဟာ ဖက်ဆစ်စစ်တပ်ရဲ့ စက်ဆုပ်ရွံရှာဖွယ်တွေကို ထင်ဟပ်စေပြီး ပြည်သူတွေအနေနဲ့ နိုးကြားတုံ့ပြန်ဖို့ လိုအပ်ကြောင်း အသိပေးလိုတာပါ”လို့ ပြောပါတယ်။ ရန်ကုန်မြို့လယ်ခေါင်တွင် စစ်ကောင်စီ၏ လူမဆန်သောသတ်ဖြတ်မှုကို နိုးကြားမှုရှိစေရန် သွေးစွန်းကျောင်းလွယ်အိတ်နှင့် ဖတ်စာအုပ်များစုပုံကာ … Read more