News

မြောင်းမြတွင် အုပ်ချုပ်ရေးမှူးတစ်ဦး KTV အကြွေးမပေးသဖြင့် ဓားထိုးခံရ

ဧရာ၀တီတိုင်း၊ မြောင်းမြမြို့တွင် စက်တင်ဘာ ၂၄ ရက်နေ့ ညက ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး KTV အကြွေးမပေးသဖြင့် ဓားထိုးခံရကြောင်း ဒေသခံများထံက သိရသည်။ ဓားဖြင့်ထိုးခံရသူမှာ မဲကျော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသက်ပိုင်ဟုသိရပြီး ည ၁၂နာရီ ၃၀ခန့်က သီရိမြင့်မိုရ် တည်းခိုခန်းတွင်ရှိနေစဉ် KTV မှ၀န်ထမ်းအချို့ က လာရောက်ကြွေးတောင်းရာမှ ဓားဖြင့်အထိုးခံရသည့်ဖြစ်စဥ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ “သူက ကားကြီးကွင်းက Day &Night KTVမှာသုံးရက်ဆက်တိုက်၀င်ပြီး ငွေမရှင်းပဲအကြွေးထားခဲ့တာ။ နောက်ရက်ကြတော့ KTVက အကြွေးလှမ်းတောင်းတော့ သူတည်းနေတဲ့ တည်းခိုခန်းကို လာယူလို့ပြောလို့ ဟိုက ၀န်ထမ်းလေးလွှတ်လိုက်တာ။ သူက ဘာတွေ ခြိမ်းခြောက်လဲမသိဘူး ဓားနဲ့ထိုးခံလိုက်ရတာပဲ “ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးမှ ပြောသည်။ လက်ရှိတွင် အဆိုပါအုပ်ချုပ်ရေးမှူးကို မြောင်းမြဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားရကြောင်းနှင့် ဓားဖြင့်ထိုးသည့် KTV […]

မြောင်းမြတွင် အုပ်ချုပ်ရေးမှူးတစ်ဦး KTV အကြွေးမပေးသဖြင့် ဓားထိုးခံရ Read More »

တန့်ဆည်မြို့နယ် ကဘဲရွာပျူစောထီးစခန်းတိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်ထွက်ပြေး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကဘဲကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးအဖွဲ့၏ စခန်း တိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်ခွာ ထွက်ပြေးသွားသည်။ အဆိုပါ ပျူစောထီးကင်းစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပြီး စက်တင်ဘာ ၂၂ ရက် နံနက် ၂ နာရီကျော်တွင်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။ “ကဘဲရွာနဲ့ အနောက်က ပျူရွာတွေကို ကာထားတဲ့ ကင်းစခန်းပုံစံမျိုး ဖြစ်ပါတယ်။ ဘန်ကာတွေနဲ့ အခိုင်အမာတည်ဆောက်ထားတာပါ။ ဘန်ကာ‌တွေအောက်မှာ မြေအောက်လိုဏ်ခေါင်းတွေ တည်ဆောက်ထားတာကိုလည်း တွေ့ရပါတယ်။ ရန်သူအင်အားက ၂၀ လောက်တော့ရှိမယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ချဉ်းကပ်နေတဲ့ အချိန်မှာပဲ စခန်းစွန့်ခွာ ထွက်ပြေးသွားကြတာပါ။ ပြန်လည်ခုခံတာမျိုး မရှိဘူး။”ဟု PLA၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။ “အဲကောင်တွေ အကုန်လုံးထွက်ပြေးတယ်။ ကဘဲရွာဘက်ပြန်ပြေးတယ်။

တန့်ဆည်မြို့နယ် ကဘဲရွာပျူစောထီးစခန်းတိုက်ခိုက်ခံရပြီးနောက် စခန်းစွန့်ထွက်ပြေး Read More »

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့ကြောင်း မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း ၂ မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။ ယမန်နေ့ စက်တင်ဘာလ ၂၄ ရက် နံနက် ၈ နာရီ ဝန်းကျင်ခန့်က တနင်္သာရီမြို့နယ်၊ ရှေ့မော်တုန်းရွာ အခြေစိုက် အမြောက်တပ်ရင်း အမတ ၃၀၆ တပ်မှ အင်အား ၄၀ ခန့်ဖြင့် ဘန်းလမွတ်ကျေးရွာအုပ်စု အတွင်းသို့ ခြေလျင်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို တနင်္သာရီပကဖဇုန် ၅ပြည် သူ့ကာကွယ်ရေးအဖွဲ့က ပနပ်ငယ်ရွာအနီး ကျောက်မိုင်းကုန်းအရောက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ စစ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ထို့နောက် မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်တွင်

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး Read More »

ရေတပ်အရာရှိတစ်ဦး သေနတ်သန့်ရှင်းရေးလုပ်စဉ် ကျည်ထွက်ကာ မယားငယ်မေးစေ့ကိုထိမှန်

သင်္ဃန်းကျွန်းမြို့နယ်တွင် ရေတပ်အရာရှိတစ်ဦး သေနတ်သန့်ရှင်းရေးလုပ်စဉ် ကျည်ထွက်ကာ မယားငယ်မေးစေ့ကိုထိမှန် ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်ကွက်တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့ ညပိုင်းက စစ်ကောင်စီရေတပ်မှ အရာရှိတစ်ဦး သေနတ်သန့်ရှင်းရေးပြုလုပ်ရာက ကျည်ထွက်ပြီး မယားငယ်၏ မေးစေ့ကို ထိမှန်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ဆ/ကရပ်ကွက် သမာဓိ (၂)လမ်းနှင့် (၃)လမ်းကြားရှိ နေအိမ်တစ်အိမ်တွင် စစ်ကောင်စီရေတပ်မှ အရာရှိတစ်ဦးသည် မယားငယ်အိမ်သို့ လာရောက်ပြီးနောက် ည(၇)နာရီဝန်းကျင်တွင် သေနတ်မှ ကျည်ထွက်ပြီး မယားငယ်၏ မေးစေ့ကို ကျည်ရှပ်မှန် ဒဏ်ရာရသည်ဟု သိရသည်။ “မိန်းမက မသေဘူး။ စံပြဆေးရုံကို ချက်ချင်းပို့လိုက်လို့။ ရေတပ်အရာရှိဆိုသူကိုတော့ စစ်ကောင်စီတပ်က လာခေါ်သွားပြီး ပြန်ပို့တယ်။ သူတို့က လင်မယားမဟုတ်ဘူး။ ရေတပ်အရာရှိရဲ့ မယားငယ်။ ရန်ဖြစ်တာမဟုတ်ဘူး။ ထိုင်နေရင်းနဲ့ သေနတ်ကို သန့်ရှင်းရေးလုပ်နေရင်းနဲ့

ရေတပ်အရာရှိတစ်ဦး သေနတ်သန့်ရှင်းရေးလုပ်စဉ် ကျည်ထွက်ကာ မယားငယ်မေးစေ့ကိုထိမှန် Read More »

မောင်မယ်ရှောင်ရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စု ၂ ကြိမ်တိုက်ခိုက်ခံရ၊ စစ်အုပ်စုဝင် ၁၉ဦးသေ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို ၂ ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၁၉ ဦးသေဆုံးသွားတယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကသတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့မနက် ၈နာရီခန့်က မောင်မယ်ရှောင်ရွာကို ဒေသတော်လှန်ရေးတပ်တွေက ၂နာရီကြာ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်အုပ်စုဘက်က ၁၂ဦးသေ၊ အများအပြား ဒဏ်ရာရသွားတယ်လို့သိရပါတယ်။ တဆက်ထဲမှာ စက်တင်ဘာ ၂၂ ရက်နေ့မွန်းလွဲပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၇ဦးသေအများအပြားထိခိုက်ဒဏ်ရာရသွားတယ်လို့သိရပါတယ်။ ဒီမစ်ရှင်ကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF)၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့၊ က္ကားသစ္ဆတ် (ကျားသစ်နက်) ၊ တပ်မဟာ ၆ တပ်ရင်း ၂၇၊ Eastern Defense Force (EDF) နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် (DNLA) တို့က ပူးပေါင်းကာ

မောင်မယ်ရှောင်ရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စု ၂ ကြိမ်တိုက်ခိုက်ခံရ၊ စစ်အုပ်စုဝင် ၁၉ဦးသေ Read More »

ဒီပဲယင်းမြို့ပေါ်စစ်တပ် PDF တို့၏ တိုက်ခိုက်ခြင်းကို မကြာခဏ ခံနေရ

စစ်‌ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်သည် PDFတို့၏ တိုက်ခိုက်ခြင်းကို မကြာခဏ ခံနေရကြောင်း သိရသည်။ ဩဂုတ် ၁၈ရက်တွင် ဒီပဲယင်းမြို့ကို PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ယင်းနေ့ညနေပိုင်း၌ အင်အားအလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်လာကာ ယနေ့ (စက်တင်ဘာ ၂၄ရက်‌)အထိ တပ်စွဲထားသော်လည်း မြို့ထဲ၌ မကြာခဏတိုက်ခိုက်ခံနေရပြီး အကြိမ်ရေအားဖြင့် ၂၀ထက် မနည်းရှိကြောင်း ဒီပဲယင်းအခြေစိုက် PDF ရဲဘော်အချို့ထံက သိရသည်။ ” သူတို့ (စစ်ကောင်စီတပ်) ပြန်ဝင်ကတည်းက လက်နက်ကြီးပစ်တယ်။ မြို့ထဲထိ လက်နက်ငယ်နဲ့ ဝင်ပစ်တာရှိတယ်။ဒရုန်းချတာတွေ ရှိတယ်။ အနားပေးတာမျိုးမရှိဘူး ” ဟု ဒီပဲယင်းအခြေစိုက် PDFရဲဘော်တစ်ဦးကပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၇ရက်တွင် ဒီပဲယင်းမြို့ပေါ်ရှိ စစ်တပ်အထိုင်ချ ငါးနေရာကို PDF တပ်ဖွဲ့ များ တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊

ဒီပဲယင်းမြို့ပေါ်စစ်တပ် PDF တို့၏ တိုက်ခိုက်ခြင်းကို မကြာခဏ ခံနေရ Read More »

မကွေးတွင် ဘုန်းကြီးဝတ်နေသူတချို့ကို စစ်မှုထမ်းရန် တိမ်းရှောင်သည်ဟုဆိုကာ စစ်တပ်က သင်္ကန်းချွတ်ခိုင်းပြီး ပေါ်တာဆွဲ ဖမ်းဆီး ခေါ်ဆောင်

မကွေးတိုင်းအတွင်းတွင် ဘုန်းကြီးဝတ်နေသူတချို့ကိုပါ စစ်မှုထမ်းရန် တိမ်း ရှောင်သည်ဟုဆိုကာ စစ်တပ်က သင်္ကန်းချွတ်ခိုင်းပြီး ပေါ်တာဆွဲ ဖမ်းဆီး ခေါ်ဆောင်မှုများ ဖြစ်ပွားနေကြောင်း ဒေသခံပြည်သူများကပြောဆိုသည်။ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ဝက်မစွတ်ကျေးရွာအုပ်စုတွင် စစ်တပ်က လူငယ် များကို ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းများ လုပ်ဆောင်နေသဖြင့် လူငယ်များနှင့် အမျိုးသားများ တိမ်းရှောင်မှုများ အလွန်များပြားလာကြောင်း၊ တချို့မှာ ဘုန်းကြီးကျောင်းများတွင် သင်္ကန်းစီးပြီး ဘုန်းကြီးဝတ်ဖြင့် နေထိုင်ကြကြောင်း၊ ထို့ကြောင့် စစ်တပ်က ဝက်မစွတ်ကျေးရွာအုပ်စုအတွင်းရှိ ဘုန်းကြီး ကျောင်းတချို့ကို ဝင်ရောက် စိစစ်ပြီး မကြာမီရက်ပိုင်း၊ လပိုင်းအတွင်းမှ ဘုန်း ကြီးဝတ်ထားသူများကို သင်္ကန်းချွတ်ခိုင်းကာ စစ်သားအဖြစ် ပေါ် တာဆွဲ ဖမ်းဆီး ခေါ်ဆောင်မှုများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရှိရသည်။ “ဘုန်းကြီးဝတ်တွေမှာ သာသနာရေးက အသိအမှတ်ပြု သံဃာမှတ်ပုံတင်ကတ်ပြခိုင်းတယ်။ သံဃာမှတ်ပုံတင်ကတ်က အနည်းဆုံး

မကွေးတွင် ဘုန်းကြီးဝတ်နေသူတချို့ကို စစ်မှုထမ်းရန် တိမ်းရှောင်သည်ဟုဆိုကာ စစ်တပ်က သင်္ကန်းချွတ်ခိုင်းပြီး ပေါ်တာဆွဲ ဖမ်းဆီး ခေါ်ဆောင် Read More »

မူဆယ်ပစ်ခတ်မှုတွင်ခလရ(၆၈)တပ်ရင်းမှူး နှင့် မူဆယ်လူကုန်တားရဲတပ်ဖွဲ့မှူးဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ယမန်နေ့ (စက်တင်ဘာ ၂၃ရက်) နံနက်က စစ်ကောင်စီနှင့် ပြည်သူ့စစ် တို့ ပစ်ခတ်မှုအတွင်း ခလရ(၆၈)တပ်ရင်းမှူးနှင့် မူဆယ်လူကုန်တားရဲတပ်ဖွဲ့မှူး ဒဏ်ရာရရှ်ိသွားသည်။ ယမန်နေ့ နံနက်ပိုင်းက မူဆယ်မြို့ မင်္ဂလာမူဆယ်အိမ်ယာရှိ မန့်ဘိမ်းပြည်သူ့စစ်တပ်ဖွဲ့ပိုင်ကျားဖြန့်ရုံကို စစ်ကောင်စီတပ်က ဝင်ဖမ်းစဉ် တိုက်ပွဲဖြစ်ပွားခဲ့သည်။ နေ့လည် ၁၂နာရီခန့်အထိဖြစ်ခဲ့သည့် တိုက်ပွဲအတွင်း ခလရ(၆၈)တပ်ရင်းမှူးနှင့် မူဆယ်လူကုန်တားရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမင်းနိုင် ဒဏ်ရာရခဲ့သည်ဟု မူဆယ်လဝကဌာနမှ အရာရှိတစ်ဦးကပြောသည်။ ” တရုတ်ဖက်က စာရင်းနဲ့ လာဖမ်းခိုင်းလို့ ဖမ်းပေးရတာ။ မိတဲ့သူမိ၊ ပြေးတဲ့သူပြေးပဲ။၆၈ ရင်းမှူးနဲ့ လူကုန်တားရဲတပ်ဖွဲ့မှူး ကျည်ထိတယ်။ ဆေးကုနေတယ်”ဟု ၎င်းက ပြောသည်။ ခလရ(၆၈)သည် လားရှိုးမြို့အခြေစိုက်ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်အတွင်းက မြန်မာအမျိုးသားဒီမိုကရက်တစ် တပ်မတော် (MNDAA)နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်စဉ် တပ်ရင်းလိုက်ဆုတ်ခွာသွားခဲ့သည်။ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင်

မူဆယ်ပစ်ခတ်မှုတွင်ခလရ(၆၈)တပ်ရင်းမှူး နှင့် မူဆယ်လူကုန်တားရဲတပ်ဖွဲ့မှူးဒဏ်ရာရ Read More »

စစ်ကောင်စီရဲတပ်သား ၁ ဦးကို ပစ်သတ်၍ လက်နက်များ ယူဆောင် အလင်းဝင်လာ

စစ်ကောင်စီရဲတပ်သား ၁ ဦးကို ပစ်သတ်၍ လက်နက်များ ယူဆောင် အလင်းဝင်လာသူ ၂ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး လက်နက်များနှင့်အတူ အလင်းဝင်ရောက် မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီရဲတပ်သား ၁ ဦးကို ပစ်သတ်၍ လက် နက်များ ယူဆောင် အလင်း ဝင်လာသူ ၂ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး လက်နက်များနှင့်အတူ အလင်းဝင်ရောက်လာကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်သည်။ စက်တင်ဘာလ ၁၂ ရက်နေ့ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ညီညီထွန်း (သ-၁၉) နှင့် ဝေယံမင်းခန့်အောင် (သ-၁၆) တို့ နှစ်ဦးသည် စစ်ကောင်စီတပ်သား ရဲတစ်ဦးအား ပစ်သတ်၍ G3 အမျိုး အစား သေနတ်တစ်လက်၊

စစ်ကောင်စီရဲတပ်သား ၁ ဦးကို ပစ်သတ်၍ လက်နက်များ ယူဆောင် အလင်းဝင်လာ Read More »

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ဗုံးကျဲနေ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ဗုံးကျဲနေကြောင်း ဒေသပြည်သူများကပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၈ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာကို ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် ဗျူဟာကုန်းက လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များလည်း တိုက်ပွဲများ ဆက်တိုက် ပြင်းထန်လျက်ရှိပြီး လက်နက်ကြီး၊ လက်နက်ငယ်

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေ Read More »

Scroll to Top