မြို့သာတွင် ရဲ၂ နှစ်ဦးလိုက်ပါလာသည့်ကားတိုက်ခိုက်ခံရပြီး ၂ ဦးလုံး သေဆုံး
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြို့သာ ရဲစခန်းမှ အမှုစစ်အရာရှိ အပါအဝင် ရဲနှစ်ဦး လိုက်ပါလာသည့် အိမ်စီးကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ နှစ်ဦးလုံးသေဆုံးပြီး ကျည်ဆန်နှင့်ကျည်ဘောက်များ သိမ်းဆည်းရမိခဲ့ကြောင်း HERO DEFENCE FORCE (မြင်းခြံ)က စက်တင်ဘာလ ၂၃ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။ စက်တင်ဘာ ၂၀ ရက်၊ မွန်းလွဲ၂နာရီ၊၃၀မိနစ် ခန့်တွင် မြို့သာရဲစခန်းမှ မင်းနေကုန်းရဲစခန်းသို့အသွား လမ်းခုလတ်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ အရပ်သားအသွင်ယူ သွားလာလှုပ်ရှားနေသည့် ရဲများကို စောင့်ကြည့်မှုများပြုလုပ်ပြီး ယခုလို အမှားအယွင်းမရှိ တိုက်ခိုက်နိုင်ခြင်းဖြစ်ကြောင်း တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် PDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။ G3 ကျည် ၃၇၄ တောင့် ၊ G3 ကျည်ဘောက် နှစ်ခုနှင့် အသုံးအဆောင် […]
မြို့သာတွင် ရဲ၂ နှစ်ဦးလိုက်ပါလာသည့်ကားတိုက်ခိုက်ခံရပြီး ၂ ဦးလုံး သေဆုံး Read More »