ပဲခူးတိုင်းမှ ရေဘေးသင့်ပြည်သူများကို ကူညီပေးနေသည့် အရပ်ဘက်အဖွဲ့များကို စစ်ကောင်စီက တားဆီးခြင်း၊ ကူညီရေးပစ္စည်းများသိမ်းယူခြင်း၊ ဖမ်းဆီးခြင်းများနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေ
ပဲခူးတိုင်းမှ ရေဘေးသင့်ပြည်သူများကို ကူညီပေးနေသည့် အရပ်ဘက်အဖွဲ့များကို စစ်ကောင်စီက တားဆီးခြင်း၊ ကူညီရေးပစ္စည်းများသိမ်းယူခြင်း၊ ဖမ်းဆီးခြင်းများနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ရေဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရန် လာရောက်သော အရပ်ဘက်လူမှုကယ်ဆယ်ရေးအဖွဲ့များကို စစ်ကောင်စီတပ်များက တားဆီးခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများ သိမ်းယူခြင်းနှင့် ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိကြောင်း ကျောက် ကြီးမြို့နယ်၊ မူး (မုန်း) မြို့ ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက စက်တင်ဘာလ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ စက်တင်ဘာလ ၁၃ ရက်နေ့မှစ၍ ယခုလက်ရှိအချိန်အထိ စစ်တောင်းမြစ် ရေကြီးရေလျှံ မှုကြောင့် မူး(မုန်း)မြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာစုစုပေါင်း ၁၀၃ ရွာ၊ အိမ်ခြေစုစုပေါင်း ၁၄၂၆၁ လုံးနှင့် လူဦးရေစုစုပေါင်း ၄၈,၄၅၃ ဦးကို ကျေးရွာအရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့များနှင့်ပူးပေါင်းကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ […]