News

မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းနှင့်တွေ့ဆုံခြင်း (နိဂုံး အပိုင်း)

“ဒီ ပွဲသည် အနီနဲ့ အစိမ်းကြားက ရန်ပွဲမဟုတ်ဘူး။ NLD ပါတီနဲ့ ကြံ့ခိုင်ရေးပါတီက ကြားက ရန်ပွဲမဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းအောင်လှိုင် လူပုဂ္ဂိုလ် ၂ ယောက်ကြားက ရန်ပွဲလည်း မဟုတ်ဘူး။ ဒါသည် ဓမ္မနဲ့ အဓမ္မကြားက တိုက်ပွဲသာ ဖြစ်တယ်။ မင်းအောင်လှိုင်သည် တိုင်းပြည်နဲ့ လူအားလုံး အားလုံးကို ဒုက္ခမျိုးစုံပေးနေဦးမှာပဲ” မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းနှင့်တွေ့ဆုံခြင်း (နိဂုံး အပိုင်း) ၁၀၂၇ စစ်ဆင်ရေးဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းနယ်မြေတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်သော မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား စစ်ရေးတင်းမာမှုများက အမြင့်ဆုံးရောက်ရှိလာချိန်တွင် စစ်ကောင်စီက ယင်းအဖွဲ့ ၃ ခုကို အကြမ်းဖက် အဖွဲ့များအဖြစ် ကြေညာလိုက်သည်။ ထိုသို့ ကြေညာမှု နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော စစ်ရေး၊ နိုင်ငံရေး […]

မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းနှင့်တွေ့ဆုံခြင်း (နိဂုံး အပိုင်း) Read More »

မြင်းခြံ-နွားထိုးကြီး ကားလမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးရရှိ

မန္တလေးတိုင်း၊ မြင်းခြံ-နွားထိုးကြီးကားလမ်းပေါ်မှာ စက်တင်ဘာ ၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့၀င် ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ Myingyan Ranger အဖွဲ့ရဲ့ တာဝန်ခံတယောက်က “ကျနော်တို့ ပူးပေါင်းအဖွဲ့တွေ မြင်းခြံ-နွားထိုးကြီးကားလမ်းပိုင်းမှာ မြင်းခြံခရိုင်အထူးစစ်ဆင်ရေး MDSO ရဲ့ တစိတ်တပိုင်းအနေနဲ့ နယ်မြေလုံခြုံရေးအတွက်စစ်ဆေးတဲ့အချိန် နှစ်ယောက်စီးလာတဲ့ဆိုင်ကယ် ၁ စီးကို မသင်္ကာလို့ စစ်ဆေးလိုက်တာမှာ ၂ ယောက်လုံး တပ်ကကောင်တွေဖြစ်လို့ ဖမ်းဆီးလိုက်တာပါ” လို့ DVB ကို ပြောပါတယ်။ အဲဒီ စစ်ကောင်စီတပ်သား ၂ ယောက် ဆီကနေ ဆိုင်ကယ် ၁ စီး၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ လုံခြုံရေးစစ်ဆေးဆောင်ရွက်မှုကို Myingyan Ranger၊ မြင်းခြံခရိုင် အမှတ် ၁

မြင်းခြံ-နွားထိုးကြီး ကားလမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးရရှိ Read More »

မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်သည့် အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း Royal Defence Force မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ စက်တင်ဘာလ ၇ ရက်နေ့တွင် နမ့်စန်မြို့နယ်၊ ခိုလန်မြို့ အခြေစိုက်တပ်ရင်း၌ တာဝန်ကျနေသော အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦးသည် ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာရှိ မိသားစုကို လာရောက်ခေါ်ဆောင်စဉ် အင်ပင်ကျေးရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အသင့်စောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ “အင်းပင်ရွာမှာက စကစ ကာကင်းစခန်းရှိတယ်။ သူက အင်ပင်စခန်းနဲ့ မနီးမဝေးလောက်ကနေ လာ စောင့်ခေါ်တာ၊

မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ၁ ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ Read More »

မြို့ရွာများ ဆက်လက်ဗုံးကြဲမည်ဟု သတင်းစာမှနေ စစ်ကောင်စီ ဗြောင်ခြိမ်းခြောက်

ရှမ်းမြောက်နှင့် ကရင်နီဒေသတို့တွင် ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိပြီး အရပ်သားသေဆုံးမှုများ ပြားချိန်တွင် လက်လွှတ်လိုက်ရသော မြို့ရွာများအား စစ်ဘက် အရပ်ဘက် မခွဲခြားဘဲ လိုအပ်သလို တိုက်ခိုက်သွားမည်ဆိုသော စစ်ခေါင်း ဆောင်၏ ပြောစကားကို ယနေ့ထုတ် ဝါဒဖြန့်သတင်းစာများ၌ ထပ်ဆင့် ဖော်ပြထားသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၃ ရက်က တောင်ကြီးမြို့တွင် ဌာနဆိုင်ရာများနှင့်တွေ့ဆုံစဉ် “လက်နက်ကိုင်များ သိမ်းပိုက်နေရာယူထားသည့် မြို့ရွာများတွင် သတင်းရရှိမှုအပေါ် မူတည်ကာ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်မည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် အသုံးချမှုမခံရစေရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် သတိပြုရန် လိုအပ်ကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပြောဆိုပြီး စက်တင်ဘာ ၆ ရက် နံနက် ၁ နာရီခန့်တွင် စစ်တပ်သည် ပလောင် (တအန်း)

မြို့ရွာများ ဆက်လက်ဗုံးကြဲမည်ဟု သတင်းစာမှနေ စစ်ကောင်စီ ဗြောင်ခြိမ်းခြောက် Read More »

မြိုင်နယ် သရက်ကန်ရွာ ပျူစခန်းကို တိုက်ခိုက်တော့မယ်လို့ ကြိုတင် သတိပေး

မကွေးတိုင်း မြိုင်မြို့နယ်၊ သရက်ကန်ရွာ ပျူစောထီးစခန်းကို တိုက်ခိုက်တော့မှာမို့ ပျူတွေ လက်နက်ချ အညံ့ဖို့နဲ့ ကျေးရွာထဲမှာ ရှိနေတဲ့ ပြည်သူတွေ အနေနဲ့လည်း တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းဖို့ ဒေသခံ တော်လှန်ရေး တပ်တွေက သတိပေး ထုတ်ပြန်ပါတယ်။ သရက်ကန်ရွာ ပျူ‌စောထီးစခန်းက ပျူတွေ လက်နက်ချဖို့နဲ့ ရွာထဲက ပြည်သူတွေ တော်လှန်ရေးအင်အားစုနဲ့ ပူးပေါင်းဖို့ စက်တင်ဘာလ ၇ ရက်က စတင်ကာ တစ်လ အချိန်ပေးမယ်လို့ အညာမြေတပ်ပေါင်းစုနဲ့ TYK ပျောက်ကြားတပ်ဖွဲ့တို့က သတိပေးစာ ထုတ်ပြန်ပါတယ်။ လက်နက်ချသူတွေကို နိုင်ငံတကာ ဥပဒေနဲ့အညီ အကာအကွယ်ပေးပြီး လက်နက်နဲ့အတူ‌ ပူးပေါင်းပါက ဆုကြေးငွေနဲ့ အခြားခံစားခွင့်တွေ ပေးအပ်မယ်လို့လည်း ဆိုပါတယ်။ တိုက်ပွဲကို ဂုဏ်သိက္ခာအပြည့်နဲ့ တိုက်ဖို့ ရည်ရွယ်ပြီး စစ်ရေးပစ်မှတ် မဟုတ်တဲ့ သူတွေကို

မြိုင်နယ် သရက်ကန်ရွာ ပျူစခန်းကို တိုက်ခိုက်တော့မယ်လို့ ကြိုတင် သတိပေး Read More »

မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းနှင့်တွေ့ဆုံခြင်း

“မင်းအောင်လှိုင်ရဲ့ မိုက်ရူးရဲ ဆန်မှု ဆင်ခြင်တုံ့တရားကင်းမဲ့မှုတွေပါဗျ။ ပြောရရင် အရပ်သားစကားပြောရရင် အာဏာသာ ရူးတာ တိုင်းပြည်တစ်ခုကို အုပ်ချုပ်နိုင်တဲ့ အစိုးရလုပ်နိုင်တဲ့ အသိနဲ့ ဉာဏ်ပညာ အတတ်ပညာ လုံးဝကင်းမဲ့တဲ့ အခြေအနေပါ။ မင်းအောင်လှိုင်ရဲ့ ယုတ်မာမှု အသိ ဉာဏ် နည်းမှုတွေကြောင့်ပဲ တိုင်းပြည်က ဒီအခြေအနေထိ ရောက်လာတယ်ဆိုတဲ့ အခြေအနေ” ၁၀၂၇ စစ်ဆင်ရေးဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းနယ်မြေတစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်သော မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား စစ်ရေးတင်းမာမှုများက အမြင့်ဆုံးရောက်ရှိလာချိန်တွင် စစ်ကောင်စီက ယင်းအဖွဲ့ ၃ ခုကို အကြမ်းဖက် အဖွဲ့များအဖြစ် ကြေညာလိုက်သည်။ ထိုသို့ ကြေညာမှု နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော စစ်ရေး၊ နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး မန္တလေး သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကို တွေ့ဆုံမေးမြန်းထားပါသည်။ မေး။

မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းနှင့်တွေ့ဆုံခြင်း Read More »

တော်လှန်ရေး အင်အားစုက မန္တလေးကို ဝင်သိမ်းမလား

စစ်ကောင်စီ ဆန့်ကျင်ရေး တော်လှန်ရေး အင်အားစုတွေက မန္တလေးတိုင်း မြောက်ပိုင်းက ပိုင်နက်တွေကို သိမ်းပိုက်ပြီး တောင်ဘက်ကို ဆက်လက် ချီတက်လာချိန်မှာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးဟာ တော်လှန်ရေး အင်အားစုများတွေရဲ့ အဓိကပစ်မှတ် ဖြစ်လာပါတယ်။ အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေဟာ မြို့ကို ဝိုင်းထားပြီး မြို့ထဲကို ထိုးဖောက် ဝင်ရောက်သလို ပတ်ဝန်းကျင်က စစ်ကောင်စီစခန်းတွေကိုလည်း ဆက်လက် တိုက်ခိုက်နေတယ်။ မန္တလေးနန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ဟာ ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေ ခံရတယ်။ မန္တလေးကို သိမ်းတော့မယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်လာချိန်မှာပဲ စစ်ကောင်စီဟာ ခံစစ်တွေ တောင့်တင်းအောင် ကမန်းကတမ်း လုပ်ရတယ်။ မန္တလေးကို သိမ်းပိုက်ရေးဟာ တော်လှန်ရေး အရှိန်အဟုန် ထိန်းသိမ်းဖို့၊

တော်လှန်ရေး အင်အားစုက မန္တလေးကို ဝင်သိမ်းမလား Read More »

လူငယ်များ ပြည်ပထွက်ခွာလျှင် စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့၏ ထောက်ခံစာ လိုအပ်မည်

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ မကြာမီ ပြဋ္ဌာန်းရန်ရှိနေပြီး စစ်မှုထမ်းရန် ပျက် ကွက်ခြင်းနှင့် တိမ်း ရှောင်ရန် ကြိုးစားသူများကို ထောင် ချမည့်အပြင် စစ်မှု ထမ်းရန် အကျုံးဝင်နေသည့် လူငယ်များ ပြည်ပထွက်ခွာလျှင် စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့၏ ထောက်ခံစာ လိုအပ်မည် အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ မကြာမီ ပြဋ္ဌာန်းရန်ရှိနေပြီး စစ်မှုထမ်းရန် ပျက်ကွက်ခြင်းနှင့် တိမ်းရှောင်ရန် ကြိုးစားမှုများကို ထောင်ဒဏ်ချမှတ်အရေးမည့်အပြင် စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်များ ပြည်ပထွက်ခွာလျှင် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ ထောက်ခံစာ လိုအပ်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဥပဒေရေးရာဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို မူကြမ်းအဖြစ် ရေးဆွဲထားပြီး သုံးသပ်စိစစ်မှုများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ နောက်ဆုံး သတ္တမမြောက် အဆင့်သို့ ရောက်ရှိပြီး စစ်ကောင်စီရုံး၏ အတည်ပြုချက်ကို စောင့်ဆိုင်းလျက်ရှိကြောင်း၊ များမကြာမီ ပြဋ္ဌာန်းမည်ဖြစ်ပြီး

လူငယ်များ ပြည်ပထွက်ခွာလျှင် စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့၏ ထောက်ခံစာ လိုအပ်မည် Read More »

MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲ

MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှု အဆောက်အအုံနှင့်ကားများ ပျက်စီးပြီး လူထိခိုက်မှုမရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA ကသိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ အဆောက်အအုံနှင့်ကားများ ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း လားရှိုး အခြေစိုက် Freedom Youth Volunteers-FYV မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၄ နာရီ ၇ မိနစ်အချိန် လားရှိုးမြို့နယ်၊ ရပ်ကွက် ၁၂ ၊ ပြည်ထောင်စုအားကစားကွင်းထဲသို့ စစ်ကောင်စီ၏ တိုက် လေယာဉ်များက ဗုံးများကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ရပ်နားထားသော ကားများနှင့် အဆောက်အအုံများ ထိခိုက်မှုရှိကြောင်း သိရှိရသည်။ “ဒီမနက်

MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲ Read More »

စစ်ကောင်စီရဲ့တုံ့ပြန်မှု အပြစ်မဲ့ပြည်သူ ၃၀ နီးပါး သေပွဲဝင်ခဲ့ရ

စစ်ရေးရှုံးနိမ့်မှုတွေ ဆက်တိုက်ကြုံနေရတဲ့ စစ်ကောင်စီဟာ လက်နက်ကိုင်အဖွဲ့တွေကို လိုအပ်သ လို တုံ့ပြန်မယ်လို့ စစ်ခေါင်းဆောင်က ပြောကြားခဲ့ပြီးနောက် နှစ်ရက်အတွင်း အပြစ်မဲ့ပြည်သူ ၃၀ နီးပါး သေပွဲဝင်ခဲ့ရပါတယ်။ စက်တင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တို့မှာ ရှမ်းတောင်၊ ရှမ်းမြောက်၊ ကရင်နီ၊ ချင်း၊ မကွေးနဲ့ မန္တလေးတို့မှာ အရပ်သားတွေ နေထိုင်တဲ့ မြို့ရွာတွေ စစ်ရှောင်စခန်းတွေမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ပြည်နယ်နဲ့တိုင်းက မြို့ ၇ မြို့ မှာ ကိုယ်ဝန်ဆောင်မိခင်၊ ကျောင်းသားတွေ၊ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသတွင်း အဖွဲ့အစည်းတွေကနေ သိရပါတယ်။ ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ တော်လှန်ရေးအဖွဲ့တွေကြောင့် ပြည်သူတွေ ဒုက္ခရောက်တယ်ဆိုတဲ့

စစ်ကောင်စီရဲ့တုံ့ပြန်မှု အပြစ်မဲ့ပြည်သူ ၃၀ နီးပါး သေပွဲဝင်ခဲ့ရ Read More »

Scroll to Top