News

စစ်ကောင်စီရဲ့တုံ့ပြန်မှု အပြစ်မဲ့ပြည်သူ ၃၀ နီးပါး သေပွဲဝင်ခဲ့ရ

စစ်ရေးရှုံးနိမ့်မှုတွေ ဆက်တိုက်ကြုံနေရတဲ့ စစ်ကောင်စီဟာ လက်နက်ကိုင်အဖွဲ့တွေကို လိုအပ်သ လို တုံ့ပြန်မယ်လို့ စစ်ခေါင်းဆောင်က ပြောကြားခဲ့ပြီးနောက် နှစ်ရက်အတွင်း အပြစ်မဲ့ပြည်သူ ၃၀ နီးပါး သေပွဲဝင်ခဲ့ရပါတယ်။ စက်တင်ဘာ ၅ ရက်နဲ့ ၆ ရက်နေ့တို့မှာ ရှမ်းတောင်၊ ရှမ်းမြောက်၊ ကရင်နီ၊ ချင်း၊ မကွေးနဲ့ မန္တလေးတို့မှာ အရပ်သားတွေ နေထိုင်တဲ့ မြို့ရွာတွေ စစ်ရှောင်စခန်းတွေမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ပြည်နယ်နဲ့တိုင်းက မြို့ ၇ မြို့ မှာ ကိုယ်ဝန်ဆောင်မိခင်၊ ကျောင်းသားတွေ၊ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသတွင်း အဖွဲ့အစည်းတွေကနေ သိရပါတယ်။ ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ တော်လှန်ရေးအဖွဲ့တွေကြောင့် ပြည်သူတွေ ဒုက္ခရောက်တယ်ဆိုတဲ့ […]

စစ်ကောင်စီရဲ့တုံ့ပြန်မှု အပြစ်မဲ့ပြည်သူ ၃၀ နီးပါး သေပွဲဝင်ခဲ့ရ Read More »

မောင်ရွှေလေးရေတပ်အတွင်း စစ်ကူပို့ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေး

ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်ရေတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကုန်ထွက်ပြေးသွားကြပြီး အာရက္ခတပ်တော် AAက ရေတပ်အတွင်း နေရာအများစုကို နေရာယူထိန်းချုပ်နေကြောင်း သိရသည်။ စက်တင်ဘာ ၄ရက်နေ့က ရေတပ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များ အကုန်စခန်းစွန့်ခွါထွက်ပြေးသွားကြပြီး ပင်လယ်ပြင်မှပစ်ကူပေးနေသည့် စစ်သင်္ဘောအချို့ပါဆုတ်ခွါသွားကြောင်း သိရသည်။ “ပင်မရေငုတ်တပ်ရော၊ နောက်ထပ်စစ်ကူပို့ထားတဲ့သူတွေရော အကုန် ပင်လယ်ထဲရပ်ထားတဲ့ သဘ်ောတွေပေါ်တက်ပြီးပြေးကြတယ်။ ကျန်တဲ့ စစ်သင်္ဘောအချို့က အဝေးကနေ လက်နက်ကြီးတွေနဲ့လှမ်းပစ်တယ်” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ယမန်နေ့ စက်တင်ဘာ ၅ရက်နေ့မနက်ပိုင်းတွင် ပင်လယ်ပြင်အနီး အနည်းငယ်သာကျန်ရှိတော့သည့် စစ်သင်္ဘောအချို့မှ လက်နက်ကြီးများဖြင့်အဝေးမှ ပစ်ခတ်နေသည့်အတွက် မောင်ရွှေလေးဘုန်းကြီးကျောင်းကို ထိမှန်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ် ၂၇ရက်နေ့ကလည်း မောင်ရွှေလေးရေတပ်မှ စစ်ကောင်စီတပ်ဖွဲ့များ အလံဖြူထောင်၍ ထွက်ပြေးခဲ့ကြသေးရာ စစ်ကောင်စီက ယင်းနေ့တွင်ပင် ရေတပ်အတွင်းစစ်ကူပို့‌ဆောင်ခြင်းနှင့် ပင်လယ်ပြင်မှ စစ်သင်္ဘော

မောင်ရွှေလေးရေတပ်အတွင်း စစ်ကူပို့ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေး Read More »

ဖြူးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို ဒရုန်းဖြင့် ၄ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်

ဖြူးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို ဒရုန်းဖြင့် ၄ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို ဒရုန်းဖြင့် ၄ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း သာယာဝတီခရိုင် ပကဖ စစ်ရေးတာဝန်ခံ ရဲဘော်သစ္စာက ပြောဆိုသည်။ စက်တင်ဘာလ ၄ ရက်၊ ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဖြူးမြို့နယ်ရှိ လိပ်ပေါရွာ၊ စက်ကုန်းရွာနှင့် ဆင်တဲကုန်းရွာ တို့ကိုတော်လှန်ရေး တပ်ဖွဲ့များက ၄ ရက်ဆက်တိုက်

ဖြူးမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို ဒရုန်းဖြင့် ၄ ရက်ဆက် ဗုံးကျဲ တိုက်ခိုက် Read More »

စစ်ကောင်စီလေကြောင်းမှပေးပို့သော ပစ္စည်းထုပ်များ ကော်ဘရာပူးပေါင်းတပ်ရရှိ

တိုက်ပွဲဖြစ်နေသောစွယ်တော်ကုန်းသို့ စစ်ကောင်စီလေကြောင်းမှပေးပို့သော ပစ္စည်းထုပ်များ ကော်ဘရာပူးပေါင်းတပ်ရရှိ မြဝတီမြို့အနီး စွယ်တော်ကုန်းနှင့် အာရှလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်အနီးရှိ စွယ်တော်ကုန်းဗျူဟာ (အမြောက်တပ်ကုန်း)သို့ လေယာဉ်ဖြင့် လာပို့သည့်ပစ္စည်းအထုပ်များအားတော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်ရရှိခဲ့သည်။ စစ်ကောင်စီသည် စက်တင်ဘာ ၅ရက်က Y-12လေယာဉ်ဖြင့် စွယ်တော်ကုန်းဗျူဟာသို့ ပစ္စည်းထုပ်များအား လေထီးဖြင့်ချ ပို့ပေးရာ အဆိုပါတောင်ကုန်းအား ဝိုင်းပတ်ပိတ်ဆို့ထားသော ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များ ရရှိခဲ့ခြင်းဖြစ်သည်။ “စကစရဲ့ အခြေအနေက ဘတ္ထရီနှစ်လုံးနဲ့ ဆီပုံးနှစ်ပုံးကို Y-12နဲ့ပို့ပေးရတဲ့ အခြေအနေပဲ။ ပဲထုတ်တစ်ထုပ်ပါတယ်ပြောတယ်။ အထုပ်လေးထုပ် ရတာ”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အဆိုပါ ပစ္စည်းထုပ်များရရှိမှုနှင့်ပတ်သက်ပြီး ကော်ဘရာစစ်ကြောင်း(၁) စစ်ကြောင်းမှူးဗိုလ်စောကော်က “ကရင်လေသံနဲ့ပြောရမယ်ဆိုရင်တော့ ကြီးစူးဘဲ မိအော်လယ်”ဟု ၎င်း​၏ လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။ လက်ရှိတွင် စွယ်တော်ကုန်းနှင့် ဒေါနတောင်ပေါ် ရင်ကွဲတောင်အနီး

စစ်ကောင်စီလေကြောင်းမှပေးပို့သော ပစ္စည်းထုပ်များ ကော်ဘရာပူးပေါင်းတပ်ရရှိ Read More »

မောင်ရွှေလေးရေတပ်ကို သိမ်းပြီးနောက်ဂွမြို့နယ်မှ စစ်တပ်စခန်းများကို AAက တိုက်ခိုက်နေ

သံတွဲမြို့ရှိ နောက်ဆုံးကျန်ရှိနေသောမောင်ရွှေလေးရေတပ်စခန်းကိုသိမ်းယူပြီးနောက်ဧရာဝတီတိုင်းနှင့် ထိစပ်နယ်စပ်မြို့ဖြစ်သောဂွမြို့နယ်မှ စစ်ကောင်စီစခန်းများကို အာရက္ခတပ်တော်(AA)က ဆက်လက်တိုက်ခိုက်နေသည်။ “ဂွမြို့နယ်နဲ့ ကျိန္တီလီမြို့ကြား အပြင်းဆုံးဖြစ်နေတာ။ ဒီမနက်လည်း ကုလားပြင်နဲ့ ဆားချက်ရွာနားမှာ တိုက်ပွဲဖြစ်နေတယ်။တိုက်ပွဲကဂွမြို့နားရောက်နေပြီးစစ်‌ရှောင်တွေကဧရာဝတီတိုင်းဘက်ကို ထွက်နေကြတုန်းပါပဲ” ဟု ဂွ မြို့ဒေသခံတစ်ဦးကပြောသည်။ မောင်ရွှေလေးရေတပ်စခန်းကိုစက်တင်ဘာ ၅ ရက် ညနေတွင် အပြီးသတ်သိမ်းနိုင်ခဲ့ကြောင်း AAက စက်တင်ဘာလ ၆ ရက်ညတွင် သတင်းထုတ်ပြန်သည်။ ထို့ကြောင့် သံတွဲ မြို့နယ် တစ်ခုလုံးစစ်​ကောင်စီတပ် စခန်းမကျန်​တော့​ပေ။ ​မောင်​ရွှေ​လေး​ရေတပ်စခန်းနှင့် ဘဂ်လားပင်လယ်​အော်အတွင်း စစ်တပ်​ရေတပ်သ​ဘော်များက AA ၏ ထိုးစစ်ကို ကြည်းရေ​လေ ပူး​ပေါင်း၍ အပြင်းအထန် ခုခံ​နေသဖြင့် AA က ဂွ မြို့နယ် နှင့် ​တောင်ကုတ် မြို့ နယ်ရှိ စစ်တပ်စခန်းများကိုပါသြဂုတ် ၁ ရက်မှ တပြိုင်နက်ထိုးစစ်ဆင်​သော စစ်ဗျူဟာကို​ပြောင်းလဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မောင်ရွှေလေးရေတပ်ကို သိမ်းပြီးနောက်ဂွမြို့နယ်မှ စစ်တပ်စခန်းများကို AAက တိုက်ခိုက်နေ Read More »

ခြောက်ပစ်ကင်းပြီး သဲလဲစင်တယ်ဆိုတဲ့ အဘ

😏😏 ခြောက်ပစ်ကင်းပြီး သဲလဲစင်တယ်ဆိုတဲ့ အဘ “တရွာလုံးနဲ့ တယောက်” ဆိုတဲ့ စကားပုံကို ကြားဖူးကြလိမ်မယ်. ၄နှစ်အတွင်း မြန်မာပြည်ကြီး ခုလို ပျက်စီးသွားရတာဟာ (၁) အာဏာကို ဖြတ်လမ်းနည်းနဲ့ အတင်းအဓမ္မ ရယူချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကြောင့် (၂)မဲစာရင်း ၁၂သန်းကို ခိုးယူခဲ့တဲ့ NLDပါတီနဲ့ အနီထောက်ခံသူတွေကြောင့် (၃)ဘဏ်အပ်ငွေတွေကို ထိမ်းချုပ်ပစ်တဲ့ အမေရိကန်နဲ့ CIAကြောင့် (၄)ရိုဟင်ဂျာတွေကိုပဲ ထောက်ပံ့ပေးတဲ့ OICကြောင့် (၅)စီပွါးရေး ဆန်ရှင် လုပ်ခဲ့တဲ့ EU နဲ့ အနောက် ဥရောပနိုင်ငံတွေကြောင့် (၆)ဦကျော်မိုးထွန်းကို မထုတ်ပယ်တဲ့ UNကြောင့် (၇)နိုင်ငံတော် မတည်ငြိမ်အောင် လက်နက်စက်ရုံတွေထောင်ပြီး ထောက်ပံ့ပေးတဲ့ တရုတ်ကြီးကြောင့် (၈)NUGကို အပြတ် ထောက်ခံတဲ့ အရှေ့တီမောကြောင့် (၉)မူငါးချက်ကို အကြောင်းပြပြီး ထိုင်ခုံပေါ်က ကန်ချထားတဲ့ အာစီယံကြောင့်

ခြောက်ပစ်ကင်းပြီး သဲလဲစင်တယ်ဆိုတဲ့ အဘ Read More »

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၆၀ ကျော်နှင့် လက်နက် ၈၀ ကျော်သိမ်းဆည်းရရှိထား

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၆၀ ကျော်နှင့် လက်နက် ၈၀ ကျော်သိမ်းဆည်းရရှိထားပြီး မြို့ကို သိမ်းပိုက်နိုင်ရေး စစ်တပ်စခန်း ၁ ခုကျန်ရှိနေသေး၍ ဆက်လက်တိုက်ခိုက်နေ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၆၀ ကျော်နှင့် လက်နက် ၈၀ ကျော်ဖမ်းဆီးရရှိထားပြီး မြို့ကို သိမ်းပိုက်နိုင်ရေး စခန်း ၁ ခုကျန်ရှိနေသေးသဖြင့် ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း KIA သတင်းရင်းမြစ်ကပြောဆိုသည်။ ဩဂုတ်လ ၁၅ ရက်နေ့မှစတင်၍ ပင်လည်ဘူးမြို့ကို စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ စက်တင်ဘာ ၆ ရက်နေ့တွင် စစ်ကောင်စီတပ်ဘက်မှ စစ်သုံ့ပန်း ၆၀ ကျော်နှင့် လက်နက်ခဲယမ်း ၈၀ ကျော်သိမ်းဆည်းရရှိကြောင်း၊ လတ်တလော မြို့ကို သိမ်းပိုက်ရရှိရန် စခန်း တစ်ခု ကျန်ရှိနေသေးပြီး ကာကင်းစခန်းအားလုံးကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း သိရှိရသည်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၆၀ ကျော်နှင့် လက်နက် ၈၀ ကျော်သိမ်းဆည်းရရှိထား Read More »

နယ်မြေများကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်မည့် စစ်ဆင်ရေးကို “ရန်နိုင်မင်း စစ်ဆင်ရေး” ဟု အမည်ပေးထား

စစ်ကောင်စီက ကရင်နီ နှင့် ရှမ်းမြောက်တွင် ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်မည့် စစ်ဆင်ရေးကို “ရန်နိုင်မင်း စစ်ဆင်ရေး” ဟု အမည်ပေးထားပြီး လေကြောင်း ထိုးစစ်နှင့် ခြေလျင်ထိုးစစ်များ ပူးတွဲ ဆောင်ရွက်နေ အကြမ်းဖက် စစ်ကောင်စီက ကရင်နီနှင့်ရှမ်းပြည်မြောက်ပိုင်းတွင် ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်မည့် စစ်ဆင် ရေးကို “ရန်နိုင်မင်း” စစ်ဆင်ရေးဟု အမည်ပေးထားပြီး လေကြောင်း ထိုးစစ်နှင့် ခြေလျင်ထိုး စစ်များ ပူးတွဲ ဆောင်ရွက်နေကြောင်း သိရှိရသည်။ ယခု စက်တင်ဘာလဆန်းပိုင်းတွင် စတင်လိုက်သော ရန်နိုင်မင်းစစ်ဆင်ရေးတွင် အဓိက အားဖြင့် စစ်ကောင်စီက လက်လွှတ် ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည် သိမ်းပိုက်ရေး ဆောင်ရွက်နေကြောင်း၊ လေကြောင်းတိုက် ခိုက်မှုများနှင့်အတူ တပ်မတော် (ကြည်း)ကလည်း မြေပြင်

နယ်မြေများကို ပြန်လည် တိုက်ခိုက်သိမ်းပိုက်မည့် စစ်ဆင်ရေးကို “ရန်နိုင်မင်း စစ်ဆင်ရေး” ဟု အမည်ပေးထား Read More »

သံတွဲမြို့နယ်ရှိ နောက်ဆုံးလက်ကျန် မောင်ရွှေလေးရေတပ်ကို အာရက္ခတပ်တော် သိမ်းပိုက်ရရှိကြောင်း ထုတ်ပြန်

အာရက္ခတပ်တော်သည် သံတွဲမြို့နယ်အတွင်းမှ ဖက်ဆစ်စစ်ကောင်စီ၏ လက်ကျန်စခန်းကြီးတစ်ခုဖြစ်သော ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်း (တပ်မတော်-ရေ) (တနည်းအားဖြင့်) Central Naval Diving And Salvage Deport (Myanmar Navy) CNDSD စခန်းနှင့် ၎င်းပတ်ဝန်းကျင်မှ အဆင့်ဆင့်ခုခံကြသော ရန်သူ့စစ်ကြောင်းများအား အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၇) နေ့တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ မောင်ရွှေလေးရွာ နှင့် ကွင်းဝိုင်းရွာအကြား၌တည်ရှိသော ဤရေတပ်စခန်းအား တစ်လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့၊ ညနေ (၆) နာရီအချိန်တွင်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာ၊ သပြုချိုင်ရွာ၊ ရေတပ်ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်(တပ်မတော်-ရေ) စခန်းနှင့် ၎င်းပတ်ဝန်းကျင်များ၌ စစ်ကောင်စီသည် အဆင့်ဆင့်သော ခုခံစစ်ကို လေကြောင်း၊ ရေကြောင်းပစ်ကူအများအပြားဖြင့် ခုခံခဲ့သော်လည်း

သံတွဲမြို့နယ်ရှိ နောက်ဆုံးလက်ကျန် မောင်ရွှေလေးရေတပ်ကို အာရက္ခတပ်တော် သိမ်းပိုက်ရရှိကြောင်း ထုတ်ပြန် Read More »

ဆယ်ရက်လျှင်စားအုန်းဆီ ၅၀ သားဝယ်ယူခွင့်ရမည့်စာအုပ်များ ပုသိမ်တွင် စတင်ပြုလုပ်ပေး

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် အုပ်ချုပ်ရေးမှူးရုံးများမှ စားအုန်းဆီ ၀ယ်ယူခွင့်စာအုပ်များကိုစက်တင်ဘာလ ၄ရက်နေ့တွင် စတင်ပြီးထုတ်ပေးနေကြောင်း သိရသည်။ ပုသိမ်မြို့၊အမှတ် ၆ရပ်ကွက် ၊ အုပ်ချုပ်ရေးမှူးရုံးတွင် အိမ်ထောင်စုစာရင်းမူရင်းပြသူများကို စားအုန်းဆီ၀ယ်ယူခွင့်စာအုပ် စတင်ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေထိုင်သူများထံမှသိရှိရသည်။ “ဟိုးတုန်းက သမဝါယမ ခေတ်ကို ပြန်ရောက်သွားသလိုပါပဲ။ စာအုပ်လုပ်ခအတွက် ငါးရာကျပ်ပေးရတယ်။ စာအုပ်ထဲမှာပါတဲ့ဆိုင်မှာ တစ်လကို သုံးကြိမ်ထုတ်ခွင့်ရှိတယ်။ အမှန်ကတော့ လုံလောက်မှုတော့မရှိပါဘူး၊ ဒါပေမယ့်အပြင်ဈေးနဲ့ကွာတော့ စာအုပ်လုပ်လိုက်ရတာပဲ”ဟုရပ်ကွက်နေ အမျိုးသမီးတစ်ဦးမှပြောသည်။ အဆိုပါစာအုပ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်လအတွင်းစားအုန်းဆီ တစ်ပိသာ ငါးဆယ်သား ထုတ်ယူနိုင်ပြီး ၁၀ရက်လျှင် ငါးဆယ်သားနှုန်းဖြင့် ထုတ်ယူရမည်ဟု သိရသည်။ ပုသိမ်မြို့တွင် စားအုန်းဆီ တစ်ပိသာလျှင် ၂၀၀၀၀ကျပ် အထိ ဈေးပေါက်နေပြီး အခြေခံလက်လုပ်လက်စား ပြည်သူများအတွက် အခက်အခဲမျိုးစုံကြုံတွေ့နေရသည်ဟု ဒေသခံများကဆိုသည်။

ဆယ်ရက်လျှင်စားအုန်းဆီ ၅၀ သားဝယ်ယူခွင့်ရမည့်စာအုပ်များ ပုသိမ်တွင် စတင်ပြုလုပ်ပေး Read More »

Scroll to Top