News

ဆယ်ရက်လျှင်စားအုန်းဆီ ၅၀ သားဝယ်ယူခွင့်ရမည့်စာအုပ်များ ပုသိမ်တွင် စတင်ပြုလုပ်ပေး

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် အုပ်ချုပ်ရေးမှူးရုံးများမှ စားအုန်းဆီ ၀ယ်ယူခွင့်စာအုပ်များကိုစက်တင်ဘာလ ၄ရက်နေ့တွင် စတင်ပြီးထုတ်ပေးနေကြောင်း သိရသည်။ ပုသိမ်မြို့၊အမှတ် ၆ရပ်ကွက် ၊ အုပ်ချုပ်ရေးမှူးရုံးတွင် အိမ်ထောင်စုစာရင်းမူရင်းပြသူများကို စားအုန်းဆီ၀ယ်ယူခွင့်စာအုပ် စတင်ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေထိုင်သူများထံမှသိရှိရသည်။ “ဟိုးတုန်းက သမဝါယမ ခေတ်ကို ပြန်ရောက်သွားသလိုပါပဲ။ စာအုပ်လုပ်ခအတွက် ငါးရာကျပ်ပေးရတယ်။ စာအုပ်ထဲမှာပါတဲ့ဆိုင်မှာ တစ်လကို သုံးကြိမ်ထုတ်ခွင့်ရှိတယ်။ အမှန်ကတော့ လုံလောက်မှုတော့မရှိပါဘူး၊ ဒါပေမယ့်အပြင်ဈေးနဲ့ကွာတော့ စာအုပ်လုပ်လိုက်ရတာပဲ”ဟုရပ်ကွက်နေ အမျိုးသမီးတစ်ဦးမှပြောသည်။ အဆိုပါစာအုပ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်လအတွင်းစားအုန်းဆီ တစ်ပိသာ ငါးဆယ်သား ထုတ်ယူနိုင်ပြီး ၁၀ရက်လျှင် ငါးဆယ်သားနှုန်းဖြင့် ထုတ်ယူရမည်ဟု သိရသည်။ ပုသိမ်မြို့တွင် စားအုန်းဆီ တစ်ပိသာလျှင် ၂၀၀၀၀ကျပ် အထိ ဈေးပေါက်နေပြီး အခြေခံလက်လုပ်လက်စား ပြည်သူများအတွက် အခက်အခဲမျိုးစုံကြုံတွေ့နေရသည်ဟု ဒေသခံများကဆိုသည်။

ဆယ်ရက်လျှင်စားအုန်းဆီ ၅၀ သားဝယ်ယူခွင့်ရမည့်စာအုပ်များ ပုသိမ်တွင် စတင်ပြုလုပ်ပေး Read More »

မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD အထူးကွန်မန်ဒို အမှတ်စဉ် ၁ သင်တန်းဆင်းပွဲ ပြုလုပ်

မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD က အထူးကွန်မန်ဒို သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၅ ရက်နေ့တွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ အဆိုပါ သင်တန်းတွင် သင်တန်းသား ၃၃ ဦး တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲတွင် NMSP-AD မှ အဖွဲ့ခေါင်းဆောင် နိုင်ဇေယျ၊ ဒု-အဖွဲ့ခေါင်းဆောင် နိုင်ဗညားလယ်နှင့် မဟာမိတ်တပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။

မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD အထူးကွန်မန်ဒို အမှတ်စဉ် ၁ သင်တန်းဆင်းပွဲ ပြုလုပ် Read More »

KIA ပစ်ခတ်မှုဖြင့် စစ်ကောင်စီရဟတ်ယာဉ် ပျက်ကျခဲ့ပုံ

ကချင်လွတ်လပ်ရေးတပ်မတော် KIA လက်ချက်ဖြင့် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စင်း ပျက်ကျသွားသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်ပေါ်တွင် ယနေ့ပျံ့နှံ့လာသည်။ ၄၃စက္ကန့် ကြာမြင့်သည့် ထိုရုပ်သံထဲတွင် KIA စစ်သားတစ်ဦးက ပခုံးထမ်းလေကြောင်းရန်ကာကွယ်ရေးလက်နက်ဖြင့် စစ်ကောင်စီ၏ ရဟတ်ယာဉ်ကို ပစ်ခတ်ခဲ့ရာ၊ ထိမှန်ပြီး ရဟတ်ယာဉ်ပျက်ကျသွားသည်ကို မြင်တွေ့ရသည်။ ထိုရုပ်သံဖိုင်သည် ယခုနှစ် ဇန်နဝါရီ ၃ရက်က ဝိုင်းမော်မြို့နယ်၊ ဖော့ဒေါ့ကျေးရွာအုပ်စု၊ နာဖော့ဒေသရှိ တပ်စခန်းတစ်ခုသို့ ရိက္ခာလာပို့သည့် ရဟတ်ယာဉ်ကို ပစ်ချခဲ့သည့်ဖြစ်စဉ် ဖြစ်ကြောင်း KIA နှင့်နီးစပ်သည့် သတင်းရင်းမြစ်က အတည်ပြုသည်။ ရုရှားထုတ် အလတ်စား သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် MI-17 ပျက်ကျခဲ့သည့် အထက်ပါ ဖြစ်စဉ်တွင် စစ်ကောင်စီ၏ လေတပ်အရာရှိများဖြစ်ကြသော အသက် ၄၂နှစ်အရွယ် ဗိုလ်မှူးဇော်မျိုးသန့်၊ အသက် ၃၃နှစ်အရွယ် ဗိုလ်ကြီးကောင်းစံသိဏ်း၊ အသက် ၃၁နှစ်အရွယ် ဗိုလ်ကြီး

KIA ပစ်ခတ်မှုဖြင့် စစ်ကောင်စီရဟတ်ယာဉ် ပျက်ကျခဲ့ပုံ Read More »

ပင်လည်ဘူးကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

သုံ့ပန်း (၆၀)ကျော်နှင့် လက်နက် (၈၀)ကျော် သိမ်းဆည်းရမိ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များမှ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာလ (၆)ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ရှိ စကစတပ်များကို ကချင်လွတ်လပ်ရေးတပ်မတော် KIAနှင့် PDF ပူးပေါင်းတပ်များမှ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်လက်နက်နှင့် စစ်သုံ့ပန်းအများအပြား ဖမ်းဆီးရမိထားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။ တော်လှန်ရေးပူးပေါင်းတပ်များမှ အမျိုးအစားစုံစစ်လက်နက် စုစုပေါင်း (၈၀)ကျော်ကို သိမ်းဆည်းရမိပြီး စကစ စစ်သုံ့ပန်း အယောက် (၆၀)ကျော်ကိုလည်း ဖမ်းဆီးရမိထားကြောင်း သိရသည်။ ပင်လည်ဘူးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များမှ ပြီးခဲ့သည့် ဩဂုတ်လ (၁၅)ရက်နေ့မှစ၍ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြပြီး ယနေ့ စက်တင်ဘာလ (၆)ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ စစ်သည်တော် အချို့ အသက်ပေးလှူခဲ့ရပြီး ဒဏ်ရာရရှိခဲ့သူများလည်း

ပင်လည်ဘူးကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက် Read More »

မိုင်းရှင်းလင်းနေသည့် စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး စစ်သား ၅ ဦးသေဆုံး

မြင်းခြံမြို့နယ်၊ နဘူးအိုင်-မြို့သာလမ်းပေါ်တွင် မိုင်းရှင်းလင်းနေသည့် စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး စစ်သား ၅ ဦးသေဆုံး မန္တလေးတိုင်း၊ မြင်းမြို့နယ်၊ နဘူးအိုင် -မြို့သာလမ်းပေါ်ရှိ မိုင်းကွင်းများကို မိုးရွာနေစဉ် လာရောက် ဖော်ထုတ်သည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း နဂါးနီပြောက် ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ စက်တင်ဘာလ ၁ ရက် နံနက် ၁၁ နာရီခန့်က မြင်းခြံမြို့နယ်၊ မင်းနေကုန်းရဲစခန်းမှ အကြမ်းဖက်စစ် သား၊ ရဲများ ၁၅ ဦးခန့်သည် မိုးရွာနေသည်ကို အခွင့်ကောင်းယူပြီး နဘူးအိုင် – မြို့သာလမ်းပေါ်ရှိ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသော မိုင်းများကို ဖော်ယူရန် ကြိုးစားခဲ့ကြောင်း၊ ထို့ ကြောင့် မိုင်းကွင်းအတွင်း ဝင်ရောက်ကာ မိုင်းဖော်သည့် စစ်သား

မိုင်းရှင်းလင်းနေသည့် စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး စစ်သား ၅ ဦးသေဆုံး Read More »

AA အဖွဲ့နဲ့ မိတ်ဆွေဖြစ်ဖို့လိုအပ်ကြောင်း မီဇိုရမ်ဝန်ကြီးချုပ်ပြော

အာရက္ခတပ်တော် (AA) နဲ့ ချင်းပြည်နယ်က လက်နက်ကိုင်အဖွဲ့တွေ အပါအဝင် မီဇိုရမ်ပြည်နယ်နဲ့ပါ မိတ်ဆွေဖြစ်ဖို့လိုအပ်တယ်လို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် လာဒူဟိုးမား (Pu Lalduhoma) က ပြောဆိုကြောင်း အမေရိကန်အခြေစိုက် ချင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Zomi National TV News က မနေ့က ဖော်ပြပါတယ်။ စက်တင်ဘာ ၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်မှာ အမေရိကန်ရောက် ချင်းလူမျိုးတွေနဲ့ မီဇိုရမ်ဝန်ကြီးချုပ်တို့ တွေ့ဆုံပွဲမှာ အခုလို ပြောလိုက်တာပါ။ ကုလားတန်မြစ်ကြောင်း စီမံကိန်းကိစ္စနဲ့ပတ်သက်ပြီး အာရက္ခတပ်တော် (AA) နဲ့ မီဇိုရမ်ပြည်နယ် အစိုးရတို့ တွေ့ဆုံမှုရှိခဲ့ပေမဲ့ ပလက်ဝဒေသအခြေစိုက် စီမံကိန်းဖြစ်လို့ ချင်းလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ရှိမလားလို့ ချင်းအဖွဲ့အစည်းတွေက မေးမြန်းရာမှာ အခုလိုပြောတာပါ။ Zomi National TV News

AA အဖွဲ့နဲ့ မိတ်ဆွေဖြစ်ဖို့လိုအပ်ကြောင်း မီဇိုရမ်ဝန်ကြီးချုပ်ပြော Read More »

တပ်မဟာ (၇) နယ်မြေအတွင်း စစ်သင်တန်းတက်ရောက်ခဲ့သည့် လူငယ်များစာရင်း စစ်ကောင်စီထံပေါက်ကြား

တပ်မဟာ (၇) နယ်မြေအတွင်း စစ်သင်တန်းတက်ရောက်ခဲ့သည့် လူငယ်များစာရင်း စစ်ကောင်စီထံပေါက်ကြား ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၇)နယ်မြေအတွင်း စစ်အာဏာသိမ်းပြီးချိန်မှ စတင်ကာ ဖွင့်လှစ်ခဲ့သည့် စစ်သင်တန်းများအနက် အပတ်စဉ်(၂) စစ်သင်တန်းတက်ရောက်ခဲ့သည့် လူငယ်တွေရဲ့ အမည်စာရင်းနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ စစ်ကောင်စီထံ ပေါက်ကြားသွားခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ လက်ခံရရှိထားတဲ့ အချက်အလက်တွေအရ အပတ်စဉ်(၂) သင်တန်းတက်ရောက်ခဲ့သူ လူငယ်ပေါင်း (၁၄၀)ဦးရဲ့ အမည်၊ မှတ်ပုံတင်အမှတ်၊ ရဲဘော်အမည်၊ အဘအမည်၊ နေရပ်လိပ်စာနဲ့ အရေးပေါ်ဆက်သွယ်ရမယ့် မိသားစုဝင် စာရင်းတွေပါ ပါဝင်တဲ့ အချက်အလက်တွေ စစ်ကောင်စီထံ ပေါက်ကြားခဲ့တာဖြစ်ပါတယ်။ ‘ကျွန်တော်တို့ လက်လှမ်းမီသလောက်တော့ အချိန်မီတိမ်းရှောင်ဖို့ ပြောထားပါတယ်၊ အချို့က သင်တန်းတက်ပြီးချိန်မှာ သူတို့ဆန္ဒအရ ပြည်တွင်းပြန်ဝင်သွားပြီး ပုံမှန်နေထိုင်သူတွေလည်းရှိတယ်’ လို့ အပတ်စဉ်(၂) သင်တန်းဆင်း ရဲဘော်တစ်ဦးက ပြောပါတယ်။ စစ်ကောင်စီထံအချက်အလက်တွေ ပေါက်ကြားခဲ့ပြီးနောက်

တပ်မဟာ (၇) နယ်မြေအတွင်း စစ်သင်တန်းတက်ရောက်ခဲ့သည့် လူငယ်များစာရင်း စစ်ကောင်စီထံပေါက်ကြား Read More »

ခြိမ်းခြောက် ငွေတောင်းနေသူ ပျူစောထီးနှင့် သတင်းပေး ၃ ဦး တို့ ပစ်ခတ်ခံရပြီး ၃ ဦးလုံးသေဆုံး

ပုသိမ်ကြီးတွင် စစ်မှုထမ်းရန် ပြည်သူများကို ခြိမ်းခြောက် ငွေတောင်းနေသူ ပျူစောထီးနှင့် သတင်းပေး ၃ ဦး တို့ ပစ်ခတ်ခံရပြီး ၃ ဦးလုံးသေဆုံး မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် စစ်မှုထမ်းရန် ပြည်သူများကို အတင်း အဓမ္မ ဖိအားပေး ခြိမ်းခြောက် ငွေတောင်းနေသူ ၃ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦးလုံးသေဆုံးခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ စက်တင်ဘာလ ၄ ရက်နေ့ ည ၈ နာရီကျော်ခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ တောစုကျေးရွာတွင် ပြည်သူများကို ပြည်သူ့စစ် အဖွဲ့ဝင်ရန် အတင်း အဓမ္မ ဖိအားပေးပြီး ခြိမ်းခြောက်၍ ငွေကြေးကောက်ခံနေသည့် ပျူစောထီးအဖွဲ့ဝင် အောင်ဇော်နှင့် မောင်စိုးကို ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ

ခြိမ်းခြောက် ငွေတောင်းနေသူ ပျူစောထီးနှင့် သတင်းပေး ၃ ဦး တို့ ပစ်ခတ်ခံရပြီး ၃ ဦးလုံးသေဆုံး Read More »

On the road to Mandalay နောက်ကွယ်

ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့သည် လျှပ်တပြက် အောင်ပွဲများ ဆက်တိုက်ဆိုသလို ရရှိလာနေပြီဟု အစချီကာ စက်တင်ဘာ ၅ ရက် နေ့ ကမ္ဘာထိတ်တန်း သတင်းစာ ကြီး ဖြစ်သော အီကော်နောမစ် တွင် ရေးသားလာသည်ကို ကောက်နှုတ် တင်ပြသွားပါမည်။ မြန်မာ ဘုရင်တို့ ထီးနန်းစိုက်ခဲ့ရာ မန္တလေး သည် စစ်ဒဏ် နှင့် ကင်းလွတ်လာခဲ့သည်မှာ ဆယ်စုနှစ်ပေါင်း များစွာ ရှိနေသည်။ သို့သော် စက်တင်ဘာ ၃ ရက် နေ့ အာရုံ မကျင်းမီ အချိန် တိတ်ဆိတ်ငြိမ်သက်မှု ကို ၁၀၇ မမ ဒုံးကျည် တစင်း ၏ မန္တလေး နန်းတော် အတွင်း အခြေစိုက်ထားသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ဝင်း

On the road to Mandalay နောက်ကွယ် Read More »

မန္တလေး‌ဒေသခံများ စစ်ရေးသတိရှိရန် PDF တိုက်တွန်း

စစ်ကောင်စီအတွက် အရေးပါတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တည်ရှိရာ မန္တလေးမြို့ကို သိမ်းယူဖို့ တော်လှန်ရေးတပ်တွေဆီမှာ စီမံချက်ရှိထားပြီး ဒေသခံတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ မတ္တရာ PDF ခေါင်းဆောင်တယောက်က တိုက်တွန်းလိုက်ပါတယ်။ ၁၀၂၇ ဒုတိယလှိုင်း ပြန်လည်စတင်ခဲ့တဲ့ ဇွန် ၂၅ ရက်ကနေ လက်ရှိအချိန်အထိ အချိန်တိုအတွင်းမှာ မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေက စစ်ကောင်စီစခန်းအများစုကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူခဲ့ပြီး မန္တလေးမြို့ကို သိမ်းယူဖို့အထိ ဖိအားပေးနေတာ ဖြစ်ပါတယ်။ မန္တလေးနန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ စစ်ရေးအရ အရေးပါနေတဲ့ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတို့ကို နယ်မြေထိန်းချုပ်ဖို့ အရေးပါတဲ့ စစ်တိုင်းဒေသ ဖြစ်နေတာကြောင့် ဩဂုတ် ၂၅ ရက်မှာ စစ်ခေါင်းဆောင်ကိုယ်တိုင် လပခကို လာရောက်ပြီး ကွပ်ကဲခဲ့တာကို တွေ့ရပါတယ်။ မတ္တရာ

မန္တလေး‌ဒေသခံများ စစ်ရေးသတိရှိရန် PDF တိုက်တွန်း Read More »

Scroll to Top