News

ရန်ကုန်ရှိ မြို့နယ် ၄ ခုတွင် ကလောင်နီ လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်မြို့နယ် ၄ခုတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ကလောင်နီလှုပ်ရှားမှုပြုလုပ် ရန်ကုန်မြို့ရှိ မြို့နယ် ၄ခုတွင် AJAYနှင့် လူငယ် သပိတ်ကော်မတီတို့ ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားများရေးသားသည့် ကလောင်နီလှုပ်ရှားမှု ယနေ့ (စက်တင်ဘာ ၄) ပြုလုပ်ခဲ့သည်။ တော်လှန်လူငယ်များက “တပ်ကိုဖျက်တာ မင်းအောင်လှိုင်” ၊ “မင်းအောင်လှိုင်သေမှအေးမှာ” ဆိုသော စာသားများ အပါအ၀င် စစ်အာဏာရှင် ဆန့်ကျင်ရေးစာသားများကို တာမွေမြို့နယ်၊မင်္ဂလာတောင်ညွှန့်၊ သင်္ဃန်းကျွန်းနှင့် မရမ်းကုန်းမြို့နယ်တို့ရှိ မလွှကုန်းဘူတာ၊ ငမိုးရိပ်ဘူတာနှင့် ဝေဇယန္တာလမ်းမကြီးတို့တွင် ရေးသားလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကလောင်နီသည် လူထု၏အသံ ၊ လူထု၏ ကလောင်ဖြစ်သည့်အတွက် ပြည်သူတိုင်း စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ကလောင်နီလှုပ်ရှားမှုတွင် ပူးပေါင်းပါ၀င်ကြရန်လည်း သပိတ်လူငယ်များက တိုက်တွန်းလှုံ့ဆော်သည်။ ဓာတ်ပုံ – စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု AJAY

ရန်ကုန်ရှိ မြို့နယ် ၄ ခုတွင် ကလောင်နီ လှုပ်ရှားမှု ပြုလုပ် Read More »

ကုသသည့်ပြည်သူများ အားကိုးဖွယ်ရာဖြစ်အောင် ဆောင်ရွက်ရန် စစ်ခေါင်းဆောင် ညွှန်ကြား

စစ်ကောင်စီတပ်က ဆေးရုံ ဆေးခန်းများကို ဗုံးကြဲဖျက်ဆီးနေသော်လည်း ဆေးရုံများတွင် လာရောက် ကုသသည့်ပြည်သူများ အားကိုးဖွယ်ရာဖြစ်အောင် ဆောင်ရွက်ရန် စစ်ခေါင်းဆောင် ညွှန်ကြား စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆေးရုံများအနေဖြင့် ပြည်သူများအတွက် အားကိုး ဖွယ်ရာဖြစ်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောဆိုခဲ့သည်။ ယမန်နေ့ စက်တင်ဘာ ၃ ရက်နေ့က တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ဆေးရုံများအနေဖြင့် လာရောက်ကုသသည့်ပြည်သူများ အားကိုးသည့်စိတ်များဖြစ်ပေါ်အောင် ‌ဆောင် ရွက်ရမည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ အစိုးရဆေးရုံများတွင် ဆေးနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများရှားပါးနေပြီး တက်ရောက် ဆေးကုသရာတွင် ဆရာဝန်များအသုံးပြသည့် လက်အိတ်များမှအစ ဆေးထိုးအပ်၊ ဆေးထိုးပြွန်နှင့် ဆေးဝါးများကို ပြင်ပမှဈေးကြီးပေးဝယ်၍ တက်ရောက်ဆေးကုသနေရသည့်အချိန်တွင် စစ်ခေါင်းဆောင်က ဆေးရုံတက်ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သည့် အစာအာဟာရများ ရရှိစေရေး စီမံဆောင်ရွက်ပေးရန်လို ကြောင်း မှာကြားမှုများ ပြုလုပ်ခဲ့ကြောင်း

ကုသသည့်ပြည်သူများ အားကိုးဖွယ်ရာဖြစ်အောင် ဆောင်ရွက်ရန် စစ်ခေါင်းဆောင် ညွှန်ကြား Read More »

စွယ်တော်ကုန်း ဗျူဟာအမြောက်ကုန်းတွင် တိုက်ပွဲပြင်းထန်နေ

မြ၀တီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးရှိ စွယ်တော်ကုန်း ဗျူဟာအမြောက်ကုန်းတွင် တိုက်ပွဲပြင်းထန်နေပြီး KNU ဦးဆောင်သော တော်လှန်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်နေ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးရှိ စွယ်တော်ကုန်း ဗျူဟာအမြောက်ကုန်းတွင် တိုက်ပွဲများ ပြင်းထန်နေပြီး KNU ဦးဆောင်သော တော်လှန်ရေးတပ်များက စစ်တပ်ကို ပူးပေါင်းတိုက်ခိုက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်ကပြောဆိုသည်။ စက်တင်ဘာလ ၃ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်အချိန်မှစတင်၍ မြ၀တီမြို့ရှိ စစ်ကောင်စီတပ်က လက်ခတ်တောင်ပတ်ဝန်းကျင်သို့ လက် နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း၊ အတွဲလိုက် လက်နက်ကြီးများလည်းပစ်ခတ်ခဲ့ပြီး လက်နက်ကြီး ၂၅ လုံးထက်မနည်းကို ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် မြဝတီမြို့ တောင်ဘက် လေ့ကေကော်မြို့သစ်အနားရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း ဗျုဟာအမြောက်ကုန်းကလည်း လက်နက်ကြီးများဖြင့် တော်လှန်ရေးတပ်များရှိနိုင်မည့်နေရာများသို့ ပစ်ခတ်ခဲ့ကြောင်း ၊ ယနေ့နံနက်ပိုင်းတွင်မူ

စွယ်တော်ကုန်း ဗျူဟာအမြောက်ကုန်းတွင် တိုက်ပွဲပြင်းထန်နေ Read More »

တရုတ် AheadX ကုမ္ပဏီထုတ် ထောက်လှမ်းရေးဒရုန်း အသစ်တစ်စင်း သိမ်းဆည်းရရှိ

အရာတော်တွင် စစ်ကောင်စီက အသုံးပြုနေသော တရုတ် AheadX ကုမ္ပဏီထုတ် ထောက်လှမ်းရေးဒရုန်း အသစ်တစ်စင်း သိမ်းဆည်းရရှိ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် စစ်ကောင်စီက အသုံးပြုနေသော တရုတ် AheadX ကုမ္ပဏီထုတ် ထောက်လှမ်းရေးဒရုန်း အသစ်တစ်စင်း သိမ်းဆည်းရရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။ ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ အရာတော်မြို့နယ်အတွင်း ပျံသန်းသွားလာ ထောက်လှမ်းနေသော စစ်ကောင်စီ၏ ဒရုန်းတစ်စင်းကို သိမ်း ဆည်းရရှိကြောင်း၊ အဆိုပါ ဒရုန်းမှာ တရုတ်နိုင်ငံ၊ ဘေဂျင်းအခြေစိုက် AheadX က ထုတ်လုပ်ထားသော ထောက်လှမ်းရေး ဒရုန်းတစ်စင်းဖြစ်ပြီး အရာတော်မြို့နယ်တွင် ထောက်လှမ်း ပျံသန်းစဉ် ပျက်ကျသွားခြင်းဖြစ်ကြောင်း သိရှိရသည်။ “ဒရုန်းကတော့ သူ့ဘာသူ ပျက်ကျတာပဲ။ တရုတ်ဒရုန်းအမျိုးအစား” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။

တရုတ် AheadX ကုမ္ပဏီထုတ် ထောက်လှမ်းရေးဒရုန်း အသစ်တစ်စင်း သိမ်းဆည်းရရှိ Read More »

စိုးဝင်းရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး အပါအဝင် ခုနှစ်ဦး သေဆုံး

မန္တလေး နန်းတွင်း လပခ ကို ရှော့ဒုံးနဲ့ တိုက်ခိုက်မှု ထိမှန်တဲ့ ပစ်မှတ်စာရင်း ထုတ်ပြန် စစ်အုပ်စု (၁၈)ဦး ဒဏ်ရာရပြီး စိုးဝင်းရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး အပါအဝင် ခုနှစ်ဦး သေဆုံးဟုဆို နန်းတွင်း အဝင်အထွက် ပိတ်ပြီး စစ်အုပ်စု အချင်းချင်း ဖုန်းတွေ သိမ်းယူကာ စစ်ဆေးနေဟုဆို မန္တလေးမြို့၊ နန်းမြို့တွင်းရှိ အာဏာသိမ်း စစ်အုပ်စုရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ရာ သတ်မှတ်ထားတဲ့ ပစ်မှတ်တွေကို ထိမှန်ပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး အဆင့် စိုးဝင်းရဲ့ ကိုယ်ရေး အရာရှိ အပါအ၀င် စုစုပေါင်း စစ်အုပ်စု ခုနှစ်ဦး သေဆုံးတယ်လို့ Brave Warriors for Myanmar

စိုးဝင်းရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး အပါအဝင် ခုနှစ်ဦး သေဆုံး Read More »

မန္တလေး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု

မန္တလေး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု ဗိုလ်မှူး ကြီး ၁ ဦးအပါအဝင် ၇ ဦးသေဆုံးပြီး စစ်တပ်စည်းရုံးရေးသင်တန်း ကျောင်းပျက်စီးဟု BWM အဖွဲ့ ပြောဆို မန္တလေးမြို့၊ နန်းတွင်းရှိအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ ရှေ့တိုက်ဒုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ ဒုစစ်ခေါင်းဆောင် ချုပ်စိုးဝင်း၏ ကိုယ် ရေးအရာရှိ ဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၇ ဦးသေဆုံးခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ယမန်နေ့ စက်တင်ဘာလ ၃ ရက် နံနက် ၄ နာရီ ၈ မိနစ် အချိန် Brave Warriors for Myanmar (BWM) အဖွဲ့ ၏ စီမံမှုဖြင့် Shadow Mandalay အဖွဲ့က

မန္တလေး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု Read More »

တောင်ခမ်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အသံကြားရာပစ်ဟု စစ်ကောင်စီ ညွှန်ကြားနေရ

ရှမ်းမြောက်၊ နောင်ချို၊ တောင်ခမ်းကျေးရွာရှိ အမြောက်တပ်ရင်းများတွင် တိုက်ပွဲပြင်းထန်နေပြီး ၆၈ ရက်မြောက်နေ့အဖြစ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဆက်လက်ထိုး စစ်ဆင်နေကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၃ ရက်တွင်လည်း လက်နက်ကြီးများဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်ကြသည့် အပြင် စစ်ကောင်စီက လေကြောင်းပစ်ကူနှင့် ဒရုန်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။ တောင်ခမ်းတွင် တိုက်ပွဲရက်ရှည်လာပြီး ထိခိုက်သေဆုံးမှုလည်း များနေသည့်အတွက် အသံကြားရာ နေရာမှန်သမျှကို ပစ်ခတ်တိုက်ခိုက်ရန် စစ်ကောင်စီတပ် အရာရှိပိုင်းများက ညွှန်ကြားထားပြီး တပ်စခန်းပါသွားမည်ကို စိုးရိမ်လျက်ရှိကြောင်း တပ်သတင်း ရင်းမြစ်ထံက သိရသည်။ “တိုက်ပွဲအခြေအနေတွေကို မသိဘဲ စစ်လော်ဘီတွေက ဘယ်လိုခုခံလိုက်တယ်။ ရန်သူ့တပ်တွေ တပ်လန်သွားတယ်၊ အင်အားတွေဘယ်လိုကျန်သေးတာ၊ ခေတ်မှီလက်နက်တွေနဲ့ တိုက်နေတယ်ဆိုပြီး လျှောက်အော်နေတာ။ အထဲမှာတပ်ပျက်နေပြီ။ အသံကြားရာပစ်ဖို့ ညွှန်ကြားတဲ့အဆင့်ထိတောင်

တောင်ခမ်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အသံကြားရာပစ်ဟု စစ်ကောင်စီ ညွှန်ကြားနေရ Read More »

ရေဦးမြို့ အဝင်ဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင် စီတပ်သားများ ထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အဝင်ဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက် ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း Wolf Guerrilla LPDF(YE-U)အဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ စက်တင်ဘာလ ၂ ရက်နေ့ ည ၉ နာရီခန့်တွင် ရေဦးမြို့အ၀င် ရေဦး-ဒီပဲယင်း လမ်းပိုင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ခန့်ရှိသော စစ်ဆေးရေး ဂိတ်ကို Wolf Guerrilla LPDF(YE-U)အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ရုပ်ကဆိုး ဦးဆောင်သော Wolf Guerrilla LPDF (YE-U) အဖွဲ့က ပြုလုပ်ခဲ့ပြီး ဂိတ်စခန်း အနီးတစ်ဝိုက်ကို ကျရောက်ပေါက်ကွဲကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ

ရေဦးမြို့ အဝင်ဂိတ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင် စီတပ်သားများ ထိခိုက်မှုရှိ Read More »

လားရှိုးတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးမှာ UWSA က ကူညီဆောင်ရွက်ပေးနေ

ဇူလိုင်လ ၃ရက်နေ့ ကနေ ဩဂုတ်လ ၃ ရက်နေ့အထိ ၁လအကြာ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ လားရှိုးမြို့မှာ ပြည်သူတွေနေအိမ်နဲ့ ရပ်ကွက်အတွင်း မပေါက်ကွဲသေးတဲ့ စစ်လက်နက်အကြွင်းအကျန်တွေ များစွာကျန်ရှိနေခဲ့တယ်လို့ မြို့ခံတွေက‌ ပြောပါတယ်။ အဲ့ဒီ စစ်လက်နက်အကြွင်းအကျန်တချို့ကို ရှင်းလင်းဖို့အတွက် “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ “မိုင်းရှင်း‌လင်းရေးအတွက် “ဝ”ရုံးကို သွားပြောတယ်၊ “ဝ”ရုံးလည်းလိုက်ရှင်းပေးတယ်၊ ဘယ်အိမ်မှာ ဘယ်အိမ်မှာ မိုင်းတွေမပေါက်သေးဘူး၊ စိုက်နေတယ်ပေါ့နော်”လို့ “ဝ” အမျိုးသား မြို့ခံတစ်ဦးက ပြောပါတယ်။ UWSA က “ဝ”လူမျိုးတွေအတွက်သာမဟုတ်ဘဲ အကူအညီတောင်းခံလာတဲ့ လူတိုင်းအတွက် နယ်မြေရှင်းလင်းရေးမှာ ကူညီဆောင်ရွက်ပေး‌နေတာပါ။ “တို့တွေက “ဝ”ဆိုပေမဲ့လည်း ဒီရပ်ကွက်အကုန်လုံးက မိသားစုလိုနေတာလေ၊ ဟိုဘက် ကရင်အိမ်တွေဆိုလည်း အကြောင်းကြားပေးတယ်၊ သူတို့(UWSA) လာရှင်းပေးတယ်ပေါ့နော်၊ သူတို့လက်လှမ်းမီသလောက် အဲ့လိုလုပ်တယ်”လို့

လားရှိုးတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးမှာ UWSA က ကူညီဆောင်ရွက်ပေးနေ Read More »

စစ်တွေတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက မြို့တွင်း အင်အားတိုးကင်းလှည့်

ပါဒလိတ်ဘက် တွင်လည်း တူးမြောင်းများတူး၍ လမ်းဖျက်ပြီး ခံစစ်ပြင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက ညအချိန်ကင်းလှည့်ရာတွင် စစ်အင်အား ရာချီနှင့် စစ်ကားများသုံး ကင်းလှည့်နေကြောင်း သိရသည်။ စစ်တွေမြို့၊ ဝါဘိုကျေးရွာအနီး၊ မင်းလှကျေးရွာတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့သည် ပြီးခဲ့သည့် ဩဂုတ် ၂၉ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက စစ်တွေမြို့အတွင်း အင်အားသုံး ကင်းလှည့်လာခြင်းဖြစ်သည်။ စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ် ၃၀ရက်နေ့ကစတင်၍ ညအချိန်ကင်းလှည့်ရာတွင် စစ်ကားများနှင့် လူအင်အားအပြည့်အပြင် လမ်းလျှောက်ကင်းလှည့်သည့် တပ်ဖွဲ့ဝင် ရာချီပါဝင်ကြောင်း ဒေသခံများ ထံက သိရသည်။ “ကင်းလှည့်တာကတော့ ရဲနဲ့ စစ်သားနည်းနည်းနဲ့ ညတိုင်းလှည့်တယ်။ တိုက်ပွဲဖြစ်ပြီးတော့ အင်အား ၁၀၀ လောက် ကားတွေပေါ်ရော၊ လမ်းလျှောက်ပြီးတော့ရော ကင်းလှည့်နေတာ” ဟု စစ်တွေဒေသခံ

စစ်တွေတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက မြို့တွင်း အင်အားတိုးကင်းလှည့် Read More »

Scroll to Top