News

ကုန်စျေးနှုန်းများမြင့်တက်နေပြီး နိုင်ငံခြားငွေလိုအပ်ချက်ရှိဟု စစ်ခေါင်းဆောင်ဝန်ခံ

စစ်တပ်က အာဏာသိမ်းထားသည့် သုံးနှစ်ကျော်ကာလအတွင်း ကုန်ဈေးနှုန်းများလေးဆ နီးပါးမြင့် တက်နေသည့်အပေါ် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုန်ဈေးနှုန်းများ ထိုက်သင့် သည့် ဈေးထက်များပြားနေပြီး နိုင်ငံခြားငွေလိုအပ် ချက်ရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။ စစ်ခေါင်းဆောင်က လက်ရှိအချိန်တွင် ကုန်ဈေးနှုန်းများသည် ထိုက်သင့်သည့် ဈေးနှုန်းထက်များ ပြားနေ သည်ကိုတွေ့ရကြောင်း၊ ပြည်ပနှင့် အကြောင်းအမျိုးမျိုးဖြင့် ဆက်သွယ်ဆောင်ရွက်မှု များပြားလာ ခြင်းကြောင့် နိုင်ငံခြားငွေများလိုအပ်ချက်ရှိလာကြောင်း၊ နိုင်ငံခြားငွေများရရှိ စေရေး အတွက် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရန်လိုအပ် ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့က ရန်ကုန်တိုင်းရှိ စစ်ကောင်စီအဖွဲ့ဝင်များတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ လက်ရှိတွင် စစ်ကောင်စီက အမေရိကန်ဒေါ်လာကိုင်ဆောင်မှုကိုထိန်းချုပ်၍ အခြေခံကုန်ပစ္စည်း စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးပစ္စည်းများ တင်သွင်းသူများကိုသာ ဒေါ်လာရောင်းချပေးနေသော်လည်း လိုအပ်သလို ဒေါ်လာရောင်းချနိုင်ခြင်းမရှိကြောင်း ယင်းဈေးကွက်အတွင်းက စုံစမ်းသိရသည်။ နိုင်ငံခြားငွေသုံးစွဲမှုများနှင့်ပတ်သက်၍ […]

ကုန်စျေးနှုန်းများမြင့်တက်နေပြီး နိုင်ငံခြားငွေလိုအပ်ချက်ရှိဟု စစ်ခေါင်းဆောင်ဝန်ခံ Read More »

ခင်ဦးနယ် မဒေါင်းလှရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စု ၃၀ ကျော်သေပြီး ငါးဦး အရှင်ဖမ်းမိ

စခန်းမကျဖို့ လေကြောင်းကနေ စစ်အုပ်စု အပြင်းအထန် ဗုံးကြဲခုခံ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော်ခြောက်ဦး ကျဆုံး စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မြောက်ဘက်မှာရှိတဲ့ မဒေါင်းလှရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုက စခန်းမကျဖို့ လေကြောင်းကနေ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက် ကျဆုံးမှုရှိခဲ့သလို မဒေါင်းလှကျေးရွာလည်း (၇၀) ရာခိုင်နှုန်းကျော် မီးလောင်ပျက်စီးသွားတယ်လို့ မြေပြင်တိုက် ပွဲဝင် တော်လှန်ရေးရဲဘော်ကပြောပါတယ်။ “ခြောက်ဦးခန့် ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတချို့လည်း ရှိတယ်” လို့ အဆိုပါ တော်လှန်ရေးရဲဘော်က ဆိုပါ တယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဩဂုတ်လ (၃၁) ရက်မှာ မဒေါင်းလှရွာ ပျူစောထီးစခန်းကို ထိုးစစ်ဆင်တိုက် ခိုက်ခဲ့တာဖြစ်ပြီး စခန်းအတွင်းရှိ ဘန်ကာတွေအပါအဝင် ရွာကို စီးနင်းသိမ်းပိုက်ထားနိုင်ခဲ့ပေမဲ့ စစ်အုပ်စုဘက်က စခန်းမကျအောင် ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေ အသုံးပြုပြီး ရွာထဲကို အဆက်မပြတ်ဗုံးကြဲ

ခင်ဦးနယ် မဒေါင်းလှရွာ ပျူစောထီးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စု ၃၀ ကျော်သေပြီး ငါးဦး အရှင်ဖမ်းမိ Read More »

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့ဒုံး ၁၀ လုံး ဖြင့်ပစ်ခတ်တိုက်ခိုက်

မန္တလေး၊ နန်းတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့ဒုံး ၁၀ လုံး ဖြင့်ပစ်ခတ်တိုက်ခိုက်မှု ဗိုလ်မှူးကြီး ၁ ဦး အပါအဝင် ၁၈ ဦးဒဏ်ရာရ (ရုပ်/သံ) မန္တလေး၊ နန်းတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ယနေ့ နံနက်ပိုင်း ၁၀၇ မမ ရှော့ဒုံး ၁၀ လုံး ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၄ နာရီ ၈ မိနစ် အချိန် Brave Warriors for Myanmar (BWM) အဖွဲ့ ၏စီမံမှုဖြင့် Shadow Mandalay အဖွဲ့က

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့ဒုံး ၁၀ လုံး ဖြင့်ပစ်ခတ်တိုက်ခိုက် Read More »

လက်ပံတန်းမြို့နယ် ပျဉ်းကတိုကုန်းအုပ်စုမှ အုပ်ချုပ်ရေးမှုးအား PDF ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ပျဉ်းကတိုကုန်းအုပ်စုမှ စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ငွေကြေးကောက်ခံမှုများ လုပ်ဆောင်နေသည့် ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ရှင်းလင်းကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။ လက်ပံတန်းမြို့နယ် ပျဉ်းကတိုကုန်းအုပ်စုမှ ပျူစောထီးခေါင်းဆောင်အဖြစ်လည်း ဆောင်ရွက်နေသည့် အုပ်ချုပ်ရေးမှုး ဌေးနိုင်အား ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့ ည (၁၁) နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီအလိုကျ လောင်းကစားပွဲများ ပြုလုပ်ကာ ငွေရှာပေးခြင်း ၊ စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ငွေကြေးကောက်ခံမှုများ လုပ်ဆောင်ခြင်း ၊ အပြစ်မဲ့ ပြည်သူများအား ဖမ်းဆီးစေခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။ အုပ်ချုပ်ရေးမှုး ဌေးနိုင်သည် ၂၀၂၂ ခုနှစ်ကတည်းက ပြည်သူလူထု၏ တိုင်ကြားချက်ကြောင့် ကြေညာထုတ်ခြင်း ခံထားရသူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ် ပျဉ်းကတိုကုန်းအုပ်စုမှ အုပ်ချုပ်ရေးမှုးအား PDF ပစ်ခတ်ရှင်းလင်း Read More »

အုပ်ချုပ်ရေးမှူးကို ဓားဖြင့်ဝင်ခုတ်မှု အုပ်ချုပ်ရေးမှူး ပွဲချင်းပြီး

ကန်ကြီးထောင့်တွင် ပြည်သူ့ လုံခြုံရေးအဖွဲ့ ဝင်ရန်နှင့် စစ်မှုထမ်းရန် အတင်း အကျပ် ဖိအားပေးသည့် အုပ်ချုပ်ရေးမှူးကို ဓားဖြင့်ဝင်ခုတ်မှု အုပ်ချုပ်ရေးမှူး ပွဲချင်းပြီး သေဆုံးကာ အုပ်ချုပ်ရေးမှူးဇနီး ဒဏ်ရာ အပြင်းအထန်ရ ဧရာ၀တီတိုင်း၊ ကန်ကြီးထောင်မြို့နယ်တွင် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်ပြီး စစ်မှု ထမ်းရန် အတင်းအကျပ် ခေါ်ဆောင်နေသည့် အောက်တံခွန်တိုင်ကျေးရွာ အုပ် စု ၏ အုပ်ချုပ်ရေးမှူး အောင်နိုင်ကို ဓားဖြင့် ဝင်ခုတ်ရာမှ အုပ်ချုပ်ရေးမှူး အောင်နိုင် ပွဲချင်းပြီးသေဆုံးကာ ၎င်း၏ဇနီးဖြစ်သူ ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း ဒေသခံပြည်သူများကပြောဆိုသည်။ စက်တင်ဘာလ ၂ ရက်နေ့ ည ၇ နာရီကျော်အချိန် ကန်ကြီးထောင့်မြို့နယ် အောက်တံခွန်တိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အောင်နိုင်ကို တစ်ရွာတည်းနေ သူက ဓားဖြင့် ဝင်ရောက်ခုတ်ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဇနီးမှာလည်း ၎င်း၏

အုပ်ချုပ်ရေးမှူးကို ဓားဖြင့်ဝင်ခုတ်မှု အုပ်ချုပ်ရေးမှူး ပွဲချင်းပြီး Read More »

ပခုက္ကူ၊ မြိုင် အပါအဝင် မြို့နယ်များမှ စွန့်ခွာ ထွက်ပြေးလာသော ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ထား

မကွေးတိုင်းတွင် ပခုက္ကူ၊ မြိုင် အပါအဝင် မြို့နယ်များမှ စွန့်ခွာ ထွက်ပြေးလာသော ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပြီး တာဝန် ပြန်ထမ်းဆောင်ရန် ဖိအားပေးကာ ရှေ့တန်းပြန်စေလွှတ်သဖြင့် ရဲအများစု ထွက်ပြေး တိမ်းရှောင် မကွေးတိုင်း၊ ပခုက္ကူ၊ မြိုင်မြို့နယ် အပါအဝင် မြို့နယ်များမှ ဆုတ်ခွာလာသော ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးအချုပ်ချပြီး တာဝန် ပြန်ထမ်းဆောင်ရန် ဖိအားပေးကာ ရှေ့တန်းပြန်စေလွှတ်သဖြင့် ရဲအများစု ထွက် ပြေး တိမ်းရှောင်နေကြကြောင်း မကွေးတိုင်းရဲသတင်းရင်းမြစ်ကပြောဆိုသည်။ မကွေးတိုင်းအတွင်း ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ် အပါအဝင် မြို့နယ်များနှင့် နယ်မြေရဲစခန်းများမှ စွန့်ခွာ ထွက်ပြေးလာသော ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို အမိန့်ဖီဆန်မှုဖြင့် မကွေးမြို့ အမှတ် ၁ ရဲစခန်းတွင်

ပခုက္ကူ၊ မြိုင် အပါအဝင် မြို့နယ်များမှ စွန့်ခွာ ထွက်ပြေးလာသော ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ထား Read More »

မန္တလေးစစ်ဌာနချုပ်အနီး မြို့တွင်းနေရာအချို့ လက်နက်ကြီးကျည်ကျ

စစ်ကောင်စီရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)အခြေစိုက်ရာ အောင်မြေသာစံမြိုနယ် ထဲ ဒီမနက်အစောပိုင်းက နေရာ ၃ ခုထက်မနည်း လက်နက်ကြီးကျရောက်ခဲ့တယ်လို့မြိုခံတွေ ဆီကသိရပါတယ်။ လပခ ရှိရာ မန္တလေးနန်းတွင်းရဲ့ ကျုံးမြောက်ခြမ်း က နေရာတွေထဲ ဒီမနက် ၄ နာရီခန့်က လက်နက်ကြီးကျည်ကျတာလို့ မျက်မြင်တွေ့ခဲ့ရတဲ့မြို့ခံတွေပြောပါတယ်။ လက်နက်ကြီးကျတဲ့နေရာတွေဟာ ၈၆လမ်း ၊ ၈ လမ်းနဲ့ ၉ လမ်းကြားက နှစ်ထပ်တိုက်နေအိမ် ၊ လမ်း ၈၀ ၊ ၁၁ လမ်းနဲ့ ၁၂ လမ်းကြားက ကိုရီးယား အကြောပြင်ဆိုင်ရှိရာတိုက်နဲ့ အမှတ် (၄) ရဲစခန်းအနီးနေရာ တွေ ဖြစ်ပါတယ်။ ဒီလိုလက်နက်ကြီးကျတဲ့နေရာထဲက ၈၆လမ်း ၊ ၈ လမ်းနဲ့ ၉ လမ်းကြားက နှစ်ထပ်တိုက်မှာတော့ အဲဒီအိမ်မှာရှိတဲ့အမျိုးသား ၁ ဦီးထိခိုက်ဒဏ်ရာရပြီး ဆေးရုံပို့လိုက်ရပါတယ်။

မန္တလေးစစ်ဌာနချုပ်အနီး မြို့တွင်းနေရာအချို့ လက်နက်ကြီးကျည်ကျ Read More »

ဘန့်ဘွေးပျူစောထီးရွာစခန်းတိုက်ခိုက်မှု စစ်သား၊ ပျူစောထီး ၂၀ ဦး သေဆုံး

ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူစောထီးရွာစခန်းတိုက်ခိုက်မှု စစ်သား၊ ပျူစောထီး ၂၀ ဦး သေဆုံး သရက်မြို့နယ်နှင့်မင်းတုန်းမြို့ရှိ စစ်တပ် ဂိတ်စခန်း၊ စစ်ကြောင်းတို့ကို တိုက်ခိုက်မှု စစ်သား ၇ ဦး ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူစောထီးရွာစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ် သား၊ ပျူစောထီး ၂၀ ဦးသေဆုံးခဲ့ကြောင်း ကျောင်းသားလက်ရုံးလက်ရုံးတပ်တော် – SAF က ထုတ်ပြန်သည်။ ဩဂုတ်လ ၇ ရက် ညနေ ၃ နာရီအချိန်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ၏ ကာကင်း စခန်း တစ်ခုဖြစ်သော ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာရှိ ပျူစောထီး၊ စစ်သား ကင်းစခန်းကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ အမြောက်အများအသုံးပြုခုခံခဲ့ကြောင်း သိရသည်။

ဘန့်ဘွေးပျူစောထီးရွာစခန်းတိုက်ခိုက်မှု စစ်သား၊ ပျူစောထီး ၂၀ ဦး သေဆုံး Read More »

စကစရဲ့ လူသစ်စုဥပဒေနဲ့ ချွေးတပ်ဆွဲ လုပ်ရပ်တွေကြောင့် လူရွယ်တွေ မှန်ကန်စွာ ‌ဆုံးဖြတ်တတ်သွားကြတယ်

နော-င်ချို-န-ယ်တစ်ကြောက ဓနုအမျိုးကောင်းသားတွေ ဓနု ကာ-ကွ-ယ်ရေးတ-ပ်ဖွဲ့ထဲ ၀င်သွားကြတာ အ-င်အား တစ်ထောင်လောက်ဖြစ်သွားပြီ။မြို့ပေါ်နေသူတွေကတော့ မ-န္တ-လေး-သားတို့ရဲ့ အရိ-ပ်ကို ခိုလှုံထားကြပြီ။ တို-က်စွ-မ်းရ-ည်တွေ အချိ-န်တို-င်း တိုး – တ-က်လာနေတဲ့ မ-န္တ-လေးသား အစုအဖွဲ့ကို ၀-န်း-ရံထားကြဖို့လိုပါတယ်။ နော-င်-ချို တော-င်းခ-မ်းကိုတော့ ဒီနေ့ မန-က်အထိ လေ-ကြော-င်း တို-က်ခို-က်မှု လုပ်နေပါတယ်။ဘု-န်းကြီးကျော-င်းအပါအ၀င် ဒေသခံတွေရဲ့ အိုးအိ-မ်တွေ အားလုံးနီးပါး ရစရာမရှိတော့ပါ။ဒ-ရု-န်းတ-ပ်ခွဲတွေလည်း ပါတယ်လို့ သုံးသ-ပ်မိပါတယ်။ ပြ-င်ဦး-လွင် “ပြည်ချစ်ဘုရား” လို့ အမည်တွင်တဲ့ မဟာအံ့ထူးကံသာဘုရား အရှေ့ဘက် မြို့ရှော-င်လမ်း ကော်ဖီခြံထဲကနေ ၁၅၅ မမနဲ့ ပ-စ်-ကူပေးနေတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းထဲ အ-င်-အားကြီး အဖွဲ့တစ်ခု ပါလာမယ်လို့ အသံတွေကြားရတယ်။R2P တောင် တစ်ပါတ်လ-ည်လာနေပြီ ဖြစ်ပါတယ်။ဖြစ်နိုင်ချေ အရမ်းန- ည်းပါတယ်။ အခုချိန်မှာ လ-က်န-က်ကို-င်

စကစရဲ့ လူသစ်စုဥပဒေနဲ့ ချွေးတပ်ဆွဲ လုပ်ရပ်တွေကြောင့် လူရွယ်တွေ မှန်ကန်စွာ ‌ဆုံးဖြတ်တတ်သွားကြတယ် Read More »

လမ်းတလျှောက် တိုက်ခိုက်ခံရသည့် စစ်သင်္ဘောများ ကသာတွင် ရပ်နားထား၊ ၁ စီးရေနစ်မြုပ်နေပြီဟုဆို

ကချင် – စစ်ကိုင်းအစပ် ဧရာဝတီမြစ်ကြောင်းအတိုင်း ထီးချိုင့်မြို့နယ်မှ ကသာမြို့ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘော ငါးစီးသည် လမ်းတလျှောက် ပစ်ခတ်တိုက်ခိုက်ခံရပြီး လက်ရှိမှာ ကသာမြို့နယ် သဖန်းကိုင်းရပ်ကွက်ရေဆိပ်မှာ ရပ်နားထားကာ တစီးမှာ မီးလောင်ပျက်စီးပြီး ရေဝင်နစ်မြုပ်နေပြီဟု ကသာရှေ့တန်းရောက် KIA စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ စက်တင်ဘာလ ၂ ရက် နံနက် ၅ နာရီဝန်းကျင်ခန့်တွင် ထီးချိုင့်မြို့နယ်မှ ကသာမြို့နယ်သို့ စစ်သင်္ဘောငါးစီး ဆန်တက်လာခြင်းဖြစ်ပြီး ယင်းအထဲမှ စစ်သင်္ဘောသုံးစီးမှာ KIA ဦးဆောင်သည့် တော်လှန်ရေးအင်အားစုများ၏ ပစ်ခတ်တိုက်ခိုက်မှုကို ခံခဲ့ရသည်။ “အခု မနက်က ပစ်ခတ်တာ သင်္ဘောကိုကောင်းကောင်းမှန်သွားတယ်။ သုံး စီးလောက် ထိကြတယ်။ အခုတော့ သင်္ဘောတွေအားလုံး သဖန်းကိုင်းရေဆိပ်မှာ ရပ်ထားတယ်။ အပစ်ခံရတဲ့ သင်္ဘောသုံးစီးထဲက တစီးက မီးလောင်ပြီး ရေဝင်နှစ်

လမ်းတလျှောက် တိုက်ခိုက်ခံရသည့် စစ်သင်္ဘောများ ကသာတွင် ရပ်နားထား၊ ၁ စီးရေနစ်မြုပ်နေပြီဟုဆို Read More »

Scroll to Top