Tag: News
-
စစ်ကောင်စီက ၁ လ စစ်သင်တန်းပေးပြီးနောက် သက်ကြီးပိုင်းအမျိုးသားများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့လုံခြုံရေးအဖွဲ့များကို စစ်ဆေးရေးဂိတ်၊ တပ်လုံခြုံရေး၊ ဧည့်စာရင်းစစ်ခြင်းနှင့် နယ်မြေရှင်းလင်းရေးများတွင် စတင်အသုံးပြု
စစ်ကောင်စီက ၁ လ စစ်သင်တန်းပေးပြီးနောက် သက်ကြီးပိုင်းအမျိုးသားများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့လုံခြုံရေးအဖွဲ့များကို စစ်ဆေးရေးဂိတ်၊ တပ်လုံခြုံရေး၊ ဧည့်စာရင်းစစ်ခြင်းနှင့် နယ်မြေရှင်းလင်းရေးများတွင် စတင်အသုံးပြု အကြမ်းဖက်စစ်ကောင်စီက သက်ကြီးပိုင်း အမျိုးသားများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့လုံခြုံရေး အဖွဲ့များကို စစ်ဆေးရေးဂိတ်များ၊ စစ်တပ်လုံခြုံရေးကင်းတဲများ၊ ဧည့်စာရင်းစစ်ခြင်း လုပ်ငန်းများနှင့် နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးသည့် ရှေ့တန်းစစ်မြေပြင်များတွင် စတင်အသုံးပြုနေကြောင်း ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်တချို့က ပြောဆိုသည်။ နိုင်ငံတစ်ဝန်းတွင် အောက်တိုဘာလဆန်းပိုင်းမှစတင်၍ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ၏ ၁ လ စစ်သင်တန်း တက်ရောက်မှု ပြီးစီးခဲ့ပြီး ယူနီဖောင်းများ ထုတ်ပေးခဲ့ပြီး တရားဝင် စတင် တာဝန်ထမ်းဆောင်ခိုင်းခဲ့ကြောင်း၊ ရန်ကုန်တွင် နိုဝင်ဘာလ ၂၉ ရက်နေ့ အကြမ်းဖက် မင်းအောင်လှိုင် လာရောက်စဉ်က ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များက လုံခြုံရေးတာဝန်ယူရခြင်း၊ စစ်တပ်အတွက် အပြင်လုံခြုံရေး ပြန်လည် ယူပေးရမှုများကို လုပ်ဆောင်ခဲ့ရကြောင်း…
-
ဝရမ်းပြေးကောင်က ရုရှားကို စစ်သားတွေ ရောင်းစားနေ
စစ်ရှုံးကောင်စီရဲ့ လက်ပါးစေ အရိုးကိုက် လော်ဘီငဖား ကျော်ဖာက တော်လှန်ရေး တပ်တွေကို တိုက်ဖို့အတွက် ရုစကီးက ဝဂ္ဂနာ ကြေးစားတပ်ဖွဲ့တွေကို ငှားရမ်းပြီး တိုက်ခိုင်းမယ်လို့ လေလုံး ထွားခဲ့ပေမယ့်- လက်တွေ့မှာတော့ ရုရှားနိုင်ငံဟာ ယူကရိန်း စစ်မြေပြင်ကို စေလွှတ်ဖို့အတွက် လာအိုနဲ့ မြန်မာက စစ်သားတွေကို ငှားရမ်းနေကြောင်း ရုရှား ဆိုရှယ်မီဒီယာ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။ ဒေါ်လာမွဲနေတဲ့ စစ်မွဲကောင်စီဟာ နိုင်ငံခြားငွေ ရရှိဖို့အတွက် ရုရှားရောက် မြန်မာစစ်သားတွေကို ပူတင် အစိုးရနဲ့ ညှိနှိုင်းကာ ယူကရိန်း စစ်မြေပြင်ကို စေလွှတ်နေပြီလို့လဲ သတင်းတွေမှာ ဖော်ပြနေပါတယ်။
-
ရှမ်းမြောက်မှာ ABSDF စစ်ကြောင်း (၂) ရဲ့ စစ်သင်တန်းဆင်းပွဲပြုလုပ်ခဲ့
PDF နဲ့ ပကဖ တွေလည်းပါဝင်ကာ ၄ လတာကြာမြှင့်ခဲ့တဲ့ အခြေခံစစ်ပညာသင်တန်းကို ရှမ်းပြည်မြောက်ပိုင်းမှာ လှုပ်ရှားနေတဲ့ မြန်မာပြည်မြောက်ပိုင်း ABSDF အဖွဲ့ရဲ့ စစ်ကြောင်း (၂) က ပြုလုပ်ခဲ့ပြီး၊ နိုဝင်ဘာ ၃၀ ရက်နေ့မှာ သင်တန်းဆင်ပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ “သင်တန်းကာလ ၄ လ ကြာမြှင့်ခဲ့သော အဆိုပါသင်တန်းကို ကျောင်းသားတပ်မတော်တပ်ဖွဲ့ဝင် ရဲဘော် ၁၄၀ ဦး၊ မဟာမိတ် PDF မှ ၆ ဦးနှင့် ပ.က.ဖ မှ ၁ ဦး စုစုပေါင်း (၁၄၇) ဦးမှ သင်တန်းဆင်းခဲ့ကြပြီး တပ်ဖွဲ့ဝင်အလံကိုင် သစ္စာဆိုခဲ့ကြပါသည်။”လို့ ABSDF က ထုတ်ပြန်ထားပါတယ်။ သင်တန်းဆင်းပွဲသို့ မဟာမိတ် KIA အမှတ် (၃၄) တပ်ရင်း၊…
-
စက်လှေပေါ်တွင် တော်လှန်ရေးအဖွဲ့နှင့်ဆက်နွယ်ပစ္စည်းများ တွေ့ရှိဟုဆို
လူထိခိုက်သေဆုံးမှုများဖြစ်ပေါ်ခဲ့သော ထိုင်းငါးဖမ်းစက်လှေကို စစ်ကောင်စီ၏ ရေတပ်က ပစ်ခတ်မှု မြန်မာရေပိုင်နက်အတွင်း ကျူးကျော်၍ လုပ်ထုံး လုပ်နည်းအရ ပစ်ခတ် ဖမ်းဆီးဟု အကြမ်းဖက်ဇော်မင်းထွန်း ခုခံကာကွယ် လူထိခိုက်သေဆုံးမှုများဖြစ်ပေါ်ခဲ့သော ထိုင်းငါးဖမ်းစက်လှေကို စစ်ကောင်စီ၏ ရေတပ်က ပစ်ခတ်ခဲမှုမှာ မြန်မာရေပိုင်နက်အတွင်း ကျူးကျော်၍ လုပ်ထုံး လုပ်နည်းအရ ပစ်ခတ် ဖမ်းဆီးမှုအဖြစ် အကြမ်းဖက်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ အကြမ်းဖက် ဇော်မင်းထွန်းက ခုခံကာကွယ်ပြောဆိုသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့ ထိုင်းငါးဖမ်းစက်လှေများကို မြန်မာစစ်ကောင်စီ၏ ရေတပ်သင်္ဘောက ပစ်ခတ်ရာ ထိုင်းနိုင်ငံသား ၁ ဦး ရေနစ်သေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိကာ သင်္ဘောသား ၃၁ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှုကို ထိုင်းဝန်ကြီးချုပ်က ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ “မြန်မာနိုင်ငံရေပိုက်နက်အတွင်း ငါးဖမ်းနေတဲ့ ထိုင်းငါးဖမ်းစက်လှေတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီပဲ ဖမ်းဆီးခဲ့တာဖြစ်ကြောင်း…
-
‘ငါ့အကြောင်းသိစေရမယ်ကွ’ လို့ ခြိမ်းခြောက်တဲ့ စစ်အုပ်စုဒေါက်တိုင် အုပ်ချုပ်ရေးမှူးကို တော်လှန်ရေးတပ်ဖွဲ့တွေ ရှင်းလင်း
မကွေးတိုင်း ပွင့်ဖြူမှာ စစ်အုပ်စုရဲ့အဓိကဒေါက်တိုင်အဖြစ် ကျေးရွာနေပြည်သူတွေကို စစ်သင်တန်းတက်ဖို့ ပို့ ဆောင်ပေးနေပြီး တော်လှန်ရေးအင်အားစုတွေကို ငါ့အကြောင်းသိစေရမယ်ကွလို့ ခြိမ်းခြောက်စာပို့တဲ့ အုပ်ချုပ်ရေး မှူးကို ရှင်းလင်းပစ်ခဲ့တယ် လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း သတင်းနဲ့ပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးက ပြောပါ တယ်။ ပွင့်ဖြူမြို့ ဆည်တော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းဟာ ဆည်တော်ကျေးရွာမှာ ပျူစောထီး အဖွဲ့ ဖွဲ့စည်းတာ၊ ကျေးရွာနေပြည်သူတွေကို စစ်သင်တန်းတတ်ဖို့ ပို့ဆောင်တာ၊ ငွေကြေးကောက်ခံတာတွေ အပြင် တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ နေရာကို စစ်တပ်ကို သတင်ပေးမယ်လို့ ခြိမ်းခြောက်နေခဲ့တာတွေကြောင့် အခုလို ရှင်းလင်းခဲ့တာလို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းက ဆိုပါတယ်။ “ပွင့်ဖြူမြို့နယ်ထဲက မင်းဘူးခရိုင်တပ်ရင်းတွေကို နေရာပြောင်းရွှေ့ဖို့ သတိပေးစာ လာရောက်ပို့ ဆောင်ခဲ့တာ ဖြစ်ပြီး…
-
ညောင်လေးပင်၊ ရွှေကျင်နှင့်ဖာပွန်တို့တွင် နိုဝင်ဘာလ တိုက်ပွဲများအတွင်း စစ်သား ၃၀ ဦး ထက်မနည်း ထိခိုက်သေဆုံး
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်မြို့နယ်နှင့် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တို့တွင် နိုဝင် ဘာလ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း Spring Warriors Column မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖာပွန်ခရိုင်၊ တပ်ရင်း – ၁ (P27001) – Spring Warriors Column စစ်သည်ရဲဘော်တို့များအနေဖြင့် မဟာမိတ်တပ်ဖွဲ့များနှင့်ပူးပေါင်းကာ မြေပြင်စစ်ဆင်ရေး ၂ နေရာနှင့် Drone စစ်ဆင်ရေး ၁ နေရာ စုစုပေါင်း စစ်ဆင်ရေးနေရာ ၃ ခု ဖော်ဆောင်ခဲ့ရာ မြေပြင် တိုက်ပွဲ ၁၁ ကြိမ်နှင့် Drone စစ်ရေး ၈ ကြိမ်…
-
ထီးလင်းမြို့ကို စစ်တပ်က ဗိုလ်ကြီး ၄ ဦးဖြင့် အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေပြီး တိုက်ပွဲတွင် ၁ ဦးသေဆုံးသွား၍ အစားထိုး ခန့်အပ်ရန် လုပ်ဆောင်နေ
ထီးလင်းမြို့ကို စစ်တပ်က ဗိုလ်ကြီး ၄ ဦးဖြင့် အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေပြီး တိုက်ပွဲတွင် ၁ ဦးသေဆုံးသွား၍ အစားထိုး ခန့်အပ်ရန် လုပ်ဆောင်နေ စစ်သား အင်အား ၁၀၀ ခန့်သာ ကျန်ရှိတော့၍ မြို့ပေါ်ကိုသာ စိုးမိုးနိုင်တော့ မကွေးတိုင်း၊ ထီးလင်းမြို့ကို အကြမ်းဖက် စစ်တပ်က ဗိုလ်ကြီး ၄ ဦးဖြင့် အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေပြီး တိုက်ပွဲတွင် ၁ ဦးသေဆုံးသွား၍ အစားထိုး ခန့်အပ်ရန် လုပ်ဆောင်နေပြီး စစ်သား အင်အား ၁၀၀ ခန့်သာ ကျန်ရှိတော့၍ မြို့ပေါ်ကိုသာ စိုးမိုးနိုင်တော့ကြောင်း ယောအလင်းတန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့ သခန်းကြီးတိုက်ပွဲတွင် ဗိုလ်ကြီး ၄ ဦးထဲမှ…
-
ပွင့်ဖြူမြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေ၊ လက်နက်ခဲယမ်းအချို့ရဟု PDF ခရိုင်တပ်ရင်းပြော
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ပုသိမ် – မုံရွာလမ်းပိုင်းရှိ စစ်ကောင်စီ၏ မဲဇလီ-ဆည်တော်ကြိုးတံတားစစ်ဆေးရေးဂိတ်အား ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၂ဦး သေဆုံးပြီး လက်နက်ခဲယမ်းအချို့ ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် မင်းဘူးခရိုင် အမှတ်(၇)တပ်ရင်း သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ နိုဝင်ဘာ ၂၇ ရက် နံနက် ၆ နာရီခွဲခန့်က မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီ-ဆည်တော် ကြိုးတံတား ဆည်တော်ဘက်ခြမ်းကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်စဥ် အဆိုပါဂိတ်ရှိ စစ်ကောင်စီတပ်သား ၃ ဦးသာရှိပြီး မိနစ် ၂၀ခန့်တိုက်ခိုက်ပြီးနောက် စစ်သားတစ်ဦးသေဆုံးကာ နှစ်ဦးထွက်ပြေးသွားခဲ့သည်။ ထို့နောက် ထွက်ပြေးသူနှစ်ဦးကိုပါ လိုက်လံပစ်ခတ်ရာ တစ်ဦးထပ်မံသေဆုံးကြောင်း မင်းဘူးခရိုင် အမှတ်(၇)တပ်ရင်း သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင်က ပြောသည်။ “သူတို့က မဲဇလီစခန်းဘက်ကို ပြေးတာ။တံတားရဲ့ မဲဇလီဘက်ခြမ်းကို။ သေဆုံးတစ်ဦးကို အကာကွယ်ယူပြီးပြန်ပစ်တာ”ဟု ၎င်းက…
-
ထီးလင်းတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၄ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိ
ထီးလင်းတွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၄ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျောက်ထုမြို့မှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ၄ ရက်တာ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်သား ၂၄ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ လည်း သိမ်းဆည်းရရှိခဲ့ကြောင်း Yaw Army – YA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် နာရီအချိန် ထီးလင်းမြို့မှ ထွက်ခွာလာသော အင်အား ၈၀ ကျော်ပါ အကြမ်း ဖက်စစ်တပ် စစ်ကြောင်းက…
-
ဟားခါးရှိ စစ်တပ်စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်
ဟားခါးရှိ စစ်တပ်စခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီဘက်မှ ၂၀ ဦးနီးပါးသေဆုံးကာ လက်နက် ၅၇ လက်၊ ဒရုန်းနှင့် ခဲယမ်းများ ရရှိ၊ ဟားခါးတိုက်ပွဲများတွင် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၃ ဦးသေဆုံး ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားခါးနှင့် ထန်တလန် အကြား သီမြစ်ချောင်းအနီးမှ စစ်ကောင်စီတပ်စခန်းများ၊ ဟားခါးမြို့ကာကင်းစခန်းများ စုစုပေါင်း စစ်ကောင်စီတပ်စခန်း ၄ ခုကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း CNA သတင်းရင်းမြစ်က ပြောဆိုသည်။ နိုဝင်ဘာလ ၃၀ ရက်နေ့ ဟားခါး နှင့် ထန်တလန်အကြားရှိ သီမြစ်စခန်း၊ Umpu Puaknak စခန်း၊ Nawn Thlawk Bo စခန်း နှင့် Kiamtlang/Ruavazung စခန်းများကို ချင်းပြည်အစိုးရ…