Tag: News
-
ဌာနဆိုင်ရာက ဦးစီးအရာရှိတွေ ရုရှားဘာသာစကားပြော သင်တန်းတက်ရ
မြန်မာနိုင်ငံကို ရုရှားနိုင်ငံက မကြာခဏလာရောက်နေတဲ့အတွက် ဌာနဆိုင်ရာက ဦးစီးအရာရှိတွေ ရုရှားဘာသာစကားပြော အခြေခံသင်တန်းကို တက်ရောက်နေရတယ်လို့ ဌာနဆိုင်ရာဝန်ထမ်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ မြန်မာနိုင်ငံကို ရုရှနိုင်ငံက အကြီးအကဲတွေနဲ့စီးပွားရေးလု ပ်ငန်းရှင်တွေလာရောက်ခဲ့ပြိးနောက် စစ်ခေါင်း ဆောင်က ဝန်ထမ်းတွေကို ရုရှားဘာသာစကားပြောသင်တန်းကို တက်ခိုင်းတာ ဖြစ်တယ်လို့ ဟို တယ်နှင့်ခရီးသွားလာရေးဝန်ထမ်းတစ်ယောက်က ပြောပါတယ်။ “ဌာနဆိုင်ရာက အကုန်တက်ရပါတယ် တိုင်းအ စိုးရ ၊ထွေအုပ်၊ဟိုတယ်ခရီး၊နိုင်ငံရေး ခြားရေး ဝ န်ကြီးဌာနနဲ့ပြည်ထဲရးက လူတွေပါ အပါတ်စဥ် ၁ တောင် ပြီးခဲ့တဲ့လကမှ သင်တန်းဆင်းတာ အ ပါတ်စဥ် ၂ မှာ ဧရာဝတီနဲ့မန္တလေးက ဝန်ထမ်း တွေပါတယ် “လို့ ပြောပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ နိုဝ င်ဘာလ ၁၅ ရက်နဲ့ ၁၆ ရက်က…
-
တော်လှန်ရေးတပ်များ ပိတ်ဆို့ထားသည့် သပိတ်ကျင်းတန်းမြင့်ကျောင်းအနီး တိုက်ပွဲ ပြန်ဖြစ်နေ
တော်လှန်ရေးတပ်များ ပိတ်ဆို့ထားသည့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက ၁၃)အနီးတွင် စစ်ကောင်စီတပ်ကပြန်လည်တိုက်ခိုက်လာသဖြင့် တိုက်ပွဲများဖြစ်နေကြောင်း သိရသည်။ ဩဂုတ် ၁၇ရက်တွင် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်တပ်စခန်းကို TNLA နှင့် PLA ပူးပေါင်းတပ်များ က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျန်ရှိနေသေးသည့် တတက ၁၃ တပ်၏ ဘက်နှစ်ဘက်အား ပိတ်ဆို့ထားခဲ့ခြင်းဖြစ်ပြီး ယခုရက်ပိုင်း၌ ယင်းတပ်ရှိ စစ်သားများက ပြန်လည်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ( PLA ) ထံက သိရသည်။ “တတက ၁၃က ဧရိယာအကျယ်ကြီးဆိုတော့ လေးဘက်လေးလံလုံး ပြည့်အောင် မဝိုင်းနိုင်ဘူး။ တွင်းငယ်ဘက်ခြမ်းက နှစ်ဘက်လောက်ပဲ သေချာဝိုင်းနိုင်တယ်။ ထိုးစစ်မဟုတ်ဘဲ ဝိုင်းရုံဝိုင်းထား တာ ဆိုတော့ သူတို့က အခွင့်ကောင်းယူပြီး ပြန်ထိုးဖို့ကြံနေတာနဲ့ တိုက်ပွဲတွေပြန်ဖြစ်တာပါ ”…
-
တရုတ်-စစ်ကောင်စီပူးပေါင်း၍ကျောက်ဖြူမြို့နယ်တွင်လုံခြုံရေးအဖွဲ့ စတင်ထူထောင်
လုံခြုံရေးကုမ္ပဏီခေါင်းစဥ်ဖြင့် တရုတ်လက်နက်ကိုင်များဝင်ရောက်လာလျင် တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ်ကျူးကျော်မှုဟု ပြည်သူအချို့ရှုမြင် တရုတ်နှင့် စစ်ကောင်စီအကျိုးတူပူးပေါင်းသည့် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) တည်ထောင်ရေး လုပ်ငန်းကော်မတီတည်ထောင်ပြီးနောက် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ တရုတ်စီမံကိန်းများလုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။ တရုတ်လုံခြုံရေးအဖွဲ့ဝင်အချို့ပါဝင်သော အဆိုပါအဖွဲ့ဖွဲ့စည်းကြောင်း လက်မှတ်ထိုးပွဲကို နေပြည်တော်တွင် ပြုလုပ်သွားခြင်းဟု နေပြည်တော်သတင်းရင်းမြစ်ကပြောသည်။ တရုတ်နှင့်အတူ နှစ်နိုင်ငံပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီတစ်ခု တည်ထောင်ရန် လုပ်ငန်း ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ကြောင်း စစ်ကောင်စီ၏ နိုဝင်ဘာ (၈)ရက် ပြန်တမ်းတွင်ထုတ်ပြန်ထားသည်။ကော်မတီ၌ စစ်ကောင်စီပြည်ထဲရေးဒုတိယဝန်ကြီးက ဦးဆောင်ပြီး အဖွဲ့ဝင် ၁၄ ဦး ပါဝင်သည်။တရုတ်နှင့် စစ်ကောင်စီ ပူးပေါင်း၍ လုံခြုံရေးကုမ္ပဏီတည်ထောင်ရန်စီစဉ်နေသည့်အပေါ် ပြည်သူများက တရုတ်အစိုးရ၏ ပြည်ပကျူးကျော်မှုပင်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန်ဝေဖန်နေကြသည်။ “ရင်နာစရာကောင်းလိုက်တဲ့ လုပ်ရပ်တွေကွာ နိုင်ငံကိုကာကွယ်ရမယ့်အဖွဲ့အစည်းက ကိုယ့်နိုင်ငံကို ပေါ်တင်ရောင်းစားနေကြတာ” ဟု…
-
ပအိုဝ်းပြည်သူ့စစ် PNO အကူအညီနဲ့ မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်ဖို့ စစ်တပ်ကြိုးစားနေ
အင်အားရာနဲ့ချီ ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ကို ရောက်ရှိလာပြီး မြို့ကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်မယ့်အခြေအနေရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်၊။ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဘက်ကနေ အင်အား ငါးရာကျော်နဲ့ ထွက်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းမှာ စစ်ကောင်စီဩဇာခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေလည်း ပါဝင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ထံကနေ သိရပါတယ်။ မိုးဗြဲမြို့ရဲ့ နေရာအများစုကို ကရင်နီတော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပေမယ့် စစ်ကောင်စီရဲ့ မြို့စောင့်တပ်ဖြစ်တဲ့ အမှတ် ၄၂၂ ခြေမြန်တပ်ရင်း ကိုတော့ မသိမ်းနိုင်သေးပါဘူး။ အခု စစ်ကူရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာလည်း မြို့စောင့်တပ်နဲ့ လာပူးပေါင်းတာလို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။ ကရင်နီမှာ လက်လွှတ်ခဲ့ရတဲ့ မြို့တွေကို ပြန်ထိမ်းချုပ်နိုင်ဖို့ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ပြင်ဆင်နေပါတယ်။ ပြည်နယ်မြို့တော် လွိုင်ကော်ကိုလည်း…
-
မုံရွာ နှင့်ချောင်းဦးမြို့နယ်ရှိ စစ်စခန်းနှင့် စစ်တပ်စစ်ဆေးရေးဂိတ် တို့ကို ဒရုန်းဖြင့် တိုက်ခိုက်
မုံရွာ နှင့်ချောင်းဦးမြို့နယ်ရှိ စစ်စခန်းနှင့် စစ်တပ်စစ်ဆေးရေးဂိတ် တို့ကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပုပျူစောထီးရွာ၊ ညောင်ဖြူပင်ရွာရှိ အကြမ်း ဖက် စစ်စခန်းနှင့် ချောင်းဦးမြို့နယ် မြပုလဲဆီဆိုင် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း Tiger Brothers People’s Defense Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၆ နာရီမှ ၉ နာရီအချိန်အထိ မုံရွာမြို့နယ်၊ တောပု ပျူစောထီးရွာ၌ တပ်စွဲထားသော ပျူစောထီး ခေါင်းဆောင် နေအိမ်နှင့် အကြမ်း ဖက် စစ်သားများ နေထိုင်သော…
-
စစ်မှုထမ်းသင်တန်းကျောင်းက ထွက်ပြေးသူ နှစ် ရာကျော်ရှိ အရာရှိ ၆ ယောက် အစစ်ခံရ
စစ်မှုထမ်းသင်တန်းကျောင်းက ထွက်ပြေးသူ နှစ် ရာကျော်ရှိ အရာရှိ ၆ ယောက် အစစ်ခံရ စစ်မှုထမ်းသင်တန်းကျောင်းကနေ ထွက်ပြေးသွားတဲ့ သင်တန်းသားနဲ့တပ်သားသစ် နှစ်ရာကျော်ရှိပြီး အဲ့ဒီကိစွအတွက် စုံခုံအစစ်ခံနေရတဲ့ အရာရှိ ခြောက်ယောက်ရှိတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သ တင်းအရင်းအမြစ်တွေဆီက သိရပါတယ်။ စစ်မှုထမ်းအပါတ်စဥ် ၁ ကနေ ၆ အထိ သင်တန်းဆ င်းပြီးတဲ့ တပ်သားသစ်နဲ့ သင်တန်းတက်နေတဲ့ သင်တန်းသားတွေဟာ ပုံစံအမျိုးမျိုးနဲ့ထွက်ပြေးခဲ့ တာကြောင့် သင်တန်းကျောင်း တာဝန်ရှိသူတွေ စစ်ဆေးခံရတာလို့ သင်တန်းကျောင်းနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ဒီဗွီဘီ ကိုပြောပါတယ်။ “စိတ်မပါဘဲ သင်တန်းတက်နေရတော့ ရတဲ့အချိန်ထွက်ပြေးမှာပဲ နောက်တခုက ရှေတန်းရောက်ရင်သေမယ်ဆိုတာအသိနဲ့ ထွက်ပြေးကြတာလည်းရှိတယ် အဲ့ကိစွနဲ့ ပလောက် ရန်ကုန် တန့်ယန်း အုတ်တွင်း နဲ့တောင်တွင်းကြီးသင်တန်းကျောင်းက အရာရှိတွေကိုစုံခုံစစ်နေတယ် “လို့ ရှင်းပြပါတယ်။ စစ်မှုထမ်းဆင့်ခေါ်ရာမှာ တပ်တွင်းပြိုကွဲမှု့မဖြစ်…
-
ဟုမ္မလင်းနယ်မှ စစ်ကောင်စီတပ် နှင့် ရှမ်းနီ ပူးပေါင်းစခန်းကို KIA၊PDF ထပ်သိမ်း
ဟုမ္မလင်းနယ်မှ စစ်ကောင်စီတပ် နှင့် ရှမ်းနီ ပူးပေါင်းစခန်းကို KIA၊PDF ထပ်သိမ်း ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာ နှင့် ဆက်စပ်နေသော စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်မှစစ်ကောင်စီတပ် နှင့် ရှမ်းနီတပ်(SNA)တပ်စွဲထားသောစခန်းတစ်ခုကို KIA၊PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူလိုက်သည်။ ဟုမ္မလင်းမြို့နယ် ရွှေတွင်းရွာနှင့် စိုင်းပန်ရွာအနီးမှ SNA စခန်းကို နိုဝင်ဘာလ ၁၄ရက်တွင် စတင်တိုက်ခိုက်ပြီး ယနေ့( နိုဝင်ဘာလ ၁၉ရက်) နံနက်တွင် သိမ်းယူလိုက်ခြင်းဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “နိုဝင်ဘာလ ၁၄ရက်ကစပြီး တိုက်ပွဲပြင်းထန်နေခဲ့တာပါ။ ဒေသခံတွေကတော့ ရှောင်ရတယ်။ စခန်းကို အပြီး သိမ်းယူထားနိုင်တာပါ” ဟု ဟုမ္မလင်းမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းတပ်သည် နိုဝင်ဘာလဆန်းပိုင်းကလည်း စစ်ကောင်စီနှင့် ရှမ်းနီတပ် အင်အား ၂၀၀ ခန့်တပ်စွဲထားသော ရှစ်မျက်နှာဘုရားကုန်းနှင့် ပန်ချယ်စခန်းကို…
-
မတ္တရာကို လေကြောင်း ရေကြောင်းဖြင့် စစ်ဆင်
မန္တလေးကို ခြိမ်းခြောက်နေသော မတ္တရာမြို့နယ်ရှိ တော်လှန်ရေးတပ်များ၏ စခန်းများနှင့် မတ္တရာအရှေ့ခြမ်းရှိ ဖယောင်း တောင် ရွှေတွင်းများ ပြန်ရရန် စစ်ကောင်စီက နိုဝင်ဘာ ၉ ရက်မှစကာ ဝေဟင်ပစ်ကူဖြင့် စစ်ကြောင်းထိုးနေသလို ဧရာဝတီမြစ်အတွင်းမှ စစ်သင်္ဘောများဖြင်လည်း တိုက်ခိုက်နေသည်။ မတ္တရာသည် မန္တလေးနှင့် ၂၅ မိုင်ခန့် ဝေးပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလက မန္တလေးနှင့် ၈ မိုင်ခန့်အကွာရှိ အမှတ် ၅ လျှပ်စစ် နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း နှင့် အမှတ် ၂ တပ်သားသစ်စုဆောင်းရေးတပ် (စသခ ၂) တို့ရှိရာ ထီးတော်မိုးရွာအထိ တိုက်ပွဲများ ပျံ့နှံ့လာသလို ယခုအခါ အလယ်ပိုင်းတိုင်း အခြေစိုက်ရာ မန္တလေး နန်းတွင်းကို ပါ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခြင်း ခံနေရသည်။…
-
အုတ်ဖိုတွင် သန်းခေါင်စာရင်းကောက်ရန် ရပ်ကွက်အတွင်းအော်နေသည့်အုပ်ကြီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူမည့်အစီအစဥ်အား ရပ်ကွက်အတွင်းလိုက်လံအော်နေသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။ နိုဝင်ဘာ ၁၇ ရက် မွန်းလွဲ ၂နာရီခွဲခန့်က အုတ်ဖိုမြို့နယ်၊ လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ အောင်ဇော်(ခ)ဇော်ထွန်းအား အုတ်ဖိုတာဆုံ ရန်ကုန်-ပြည်ကားလမ်းဘေး ရဲကင်းအနီး လမ်းမပေါ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက် ကျားတပ်ဖွဲ့-အုတ်ဖို၏ ရဲဘော်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ “စာရင်းကောက်ဖို့ကျန်နေသေးတဲ့နေရာတွေကို လိုက်ကောက်ဖို့ သူက လိုက်အော်နေတာ။ အဲဒီတာဆုံနားက ရဲကင်းအဝင်လမ်းကြားလေးထဲမှာပေါ့။ သူတစ်ယောက်ထဲ အော်နေတဲ့အချိန်မှာ ကျနော်တို့ရဲဘော်က အနားကပ်ပြီး သေနတ်နဲ့တချက်ပဲပစ်လိုက်တာ။ ဘေး တိုက်အနေအထားမှာ ခေါင်းကျည်ထိပြီး နေ ရာတင်သေသွားတယ်”ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ပစ်ခတ်ခံရ၍ သေဆုံးသွားသော…
-
ဗန်းမော်နှင့် မိုးမောက်ကြားတွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ တိုက်ခိုက်နေ
ဗန်းမော်နှင့် မိုးမောက်ကြားတွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ တိုက်ခိုက်နေ ကချင်ပြည်နယ်၊ ဗန်းမော်နှင့် မိုးမောက်ကြားတွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ တိုက်ပွဲဆက် လက်ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုများပါ စစ်ကောင်စီက ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဗန်းမော်နှင့် မိုးမောက်ကြား ၊ ၇မိုင်ရှိ အောင်မြင်ကျေးရွာတွင် ယနေ့ နိုဝင်ဘာ ၁၈ရက်နေ့က တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက မြေပြင်တွင် တင့်ကားများ ခြေလျင်စစ်ကြောင်း များအပြင် လေကြောင်းမှပါ ဗုံးကြဲတိုက်ခိုက်နေကြောင်း ကချင်သတင်းရင်းမြစ်ထံက သိရသည်။ “မနေ့ကတည်းက စစ်ကြောင်းထိုးလာလို့ KIA က ပြန်တိုက်တာပေါ့။ ဒီနေ့ကျ လေယာဉ်နဲ့ပါ ပစ်လာတယ်။ စစ်ကြောင်းထိုးတာက ခဏ ခဏရှိပြီ ၅မိုင်၊ ၆မိုင်နဲ့ ၇မိုင်ကြားမှာ အမြဲတိုက်ပွဲဖြစ်တယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။…