Tag: News

  • ဗန်းမော်နှင့် မိုးမောက်ကြားကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ KIA နှင့် တိုက်ပွဲထပ်မံ ဖြစ်ပွားနေ

    by

    in

    စစ်ကောင်စီ၏ တင့်ကားနှင့် ဒရုန်းများပါဝင်သည် စစ်ကောင်စီတပ်ဖွဲ့သည် ဗန်းမော်နှင့် မိုးမောက်ကြားကို စစ်ကြောင်းထိုးလာ၍ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲအပြင်း အထန်ဖြစ်ပွားနေကြောင်း သိရသည်။ စစ်ကောင်စီသည် ယနေ့ နိုဝင်ဘာ ၁၇ရက်နေ့ နံနက် ၅နာရီခန့်မှစ၍ ဗန်းမော်နှင့်မိုးမောက်ကြား ၇ မိုင်၊ အောင်မြင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာရာ KIAနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ “၇မိုင်ဘက်ကို စစ်ကြောင်းထိုးလာတာ ဩဂုတ်ကတည်းကပဲ။ ခမရ ၄၃၇ကို ပြန်ရဖို့လာတယ်လို့ ပြောနေတယ်။ ဒရုန်းတပ်ဖွဲ့ပါပါလာတယ်တဲ့” ဟု မိုးမောက်ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်က မိုးမောက်ရှိ ခမရ ၄၃၇တပ်ရင်းကို ပြီးခဲ့သည့် ဩဂုတ် ၁၉က လက်လွှတ်ဆုံးရှုံးလိုက်ရပြီးနောက် တပ်စခန်းပြန်ရရန် မကြာခဏ ထိုးစစ်ဆင်မှုများပြုလုပ်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၀ရက်နေ့ကလည်း တင့်ကားလေးစီးပါ စစ်ကောင်စီ…

  • ပုလဲမြို့သိမ်းတိုက်ပွဲတွင်  စစ်သုံ့ပန်း ၂၅ ဦး ဖမ်းဆီးရရှိ

    ပုလဲမြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၂၅ ဦး ဖမ်းဆီးရရှိ

    by

    in

    ပုလဲမြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၂၅ ဦး ဖမ်းဆီးရရှိပြီး လက်နက်အများအပြား သိမ်းဆည်းရရှိကာ မြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း လေကြောင်း စစ်ကူများကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရ BNRA ရဲဘော် ၉ ဦး ကျဆုံးခဲ့ရပြီး ချင်းညီနောင်နှင့်အညာညီနောင်တပ်များ ပါဝင်တိုက်ခိုက်ခဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်သုံ့ပန်း ၂၅ ဦး ဖမ်းဆီးရရှိပြီး လက်နက်အများအပြား သိမ်းဆည်းရရှိကာ ပုလဲမြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ စစ်ကူများကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က သတင်းထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၁ ရက် နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်မှစ၍ ပုလဲမြို့သိမ်းစစ်ဆင်ရေးကို စတင်ခဲ့ကြောင်း၊ စစ်ဆင်ရေးစတင်ပြီး ၄၈ နာရီ ခန့်အကြာတွင် ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီနောက်ဆုံးခံတပ်ဖြစ်သော…

  • မြေရှားသတ္တု အနာဂတ်ပိုင်ရှင်သစ် KIA ဖြစ်လာ

    မြေရှားသတ္တု အနာဂတ်ပိုင်ရှင်သစ် KIA ဖြစ်လာ

    by

    in

    ဒေါ်လာဘီလီယံချီတန်သည့် မြေရှားသတ္တုများထွက်ရှိရာ တရုတ်-မြန်မာနယ်စပ် ကချင်အထူးဒေသ-၁ နယ်မြေအား ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြေရှားသတ္တုထုတ်လုပ်မှုလုပ်ငန်းများ၏ အနာဂတ်အုပ်စိုးသူသစ်အဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က နေရာယူလိုက်ပြီ ဖြစ်သည်။ ကချင် အထူးဒေသ ၁တွင် ကန်ပိုက်တီ၊ ချီဖွေ၊ ဆောလော်၊ ဝိုင်းမော်၊ ဆဒုံး စသည့်မြို့များအပြင် ကချင်တော်လှန်ရေး အစပြုခဲ့ အကြောင်းတရားတခုဆိုရမည့် ၁၉၅၆ ခုနှစ်က ဖဆပလအဖွဲ့ချုပ် ဥက္ကဋ္ဌကြီးအဖြစ် တနှစ်တာဝန်ယူထားသည့် ဦးနုက ကချင်တို့၏ သဘောထားကို လစ်လျူရှု့ကာ တရုတ်ပြည်အား ပေးခဲ့သည့် ဖီမော်၊ ဂေါ်လန်၊ ကန်ဖန်ရွာ ၃ရွာ၏ ကျန်နေသည့် အစိတ်အပိုင်းများလည်း ပါဝင်သည်။ ယခုအခါ အဆိုပါ ဒေသများတွင် လျှပ်စစ်ကား၊ မိုဘိုင်းလ်ဖုန်းနှင့် လေအားလျှပ်စစ်တာဘိုင်စက်များတွင် အသုံးပြုသည့် သံလိုက်များ ထုတ်လုပ်ရာ၌ အရေးပါသည့် မြေရှားသတ္တုကို ကချင်အထူးဒေသ-၁…

  • ဝမ်ဆွေ့တို့ အမောက်မထောင်နိုင်တော့ပြီ

    ဝမ်ဆွေ့တို့ အမောက်မထောင်နိုင်တော့ပြီ

    by

    in

    တချက်ရှိုးလိုက်အုံးသာကောကြီး ဝမ်ဆွေ့တို့ အမောက်မထောင်နိုင်တော့ပြီ 👎🏿👎🏿👎🏿 အခုတလော စိတ်ဝင်စားစရာအကောင်းဆုံးလို့ ခံစားမိတဲ့ သတင်းကတော့ ….. လူလည်ကြီး တ ရုတ် ကို KIA, ရဲ့တုန့်ပြန်ချက်ပဲ …. စစ်တပ်ကို ပေါ်ပေါ်ထင်ထင်ထောက်ခံအားပေးနေတဲ့ တ ရုတ် ဟာ KIA ကို ချီဗွေ, လော့ဆော်, ပန်ဝါ စတဲ့ နယ်စပ်စခန်းတွေကို မတိုက်ဖို့ ဖိအားပေးတယ်၊… တ ရုတ် ရဲ့ တဖက်သတ်အောက်တန်းကျယုတ်မာမှုကို သိနေတဲ့ KIA က လက်မခံဘဲ တ ရုတ် နယ်စပ်က မြေရှားသတ္ထုတွေ အဓိကထွက်တဲ့ နေရာတွေ၊ မြို့တွေကို သိမ်းယူပစ်လိုက်တယ်၊… တ ရုတ် ဟာ မွှန်ထူပြီး ခြိမ်းခြောက်အကြပ်ကိုင်တဲ့ အနေနဲ့ နယ်စပ်ဂိတ်တွေ အားလုံးကို ပိတ်ဆို့ပစ်လိုက်တယ်၊…

  • ရန်ကုန်ရှိ မြို့နယ်အနှံ့အပြားတွင် လူထုထံ လှုံ့ဆော်ခြင်းနှင့် ပံ့သကူလှုပ်ရှားမှု ပြုလုပ်

    ရန်ကုန်ရှိ မြို့နယ်အနှံ့အပြားတွင် လူထုထံ လှုံ့ဆော်ခြင်းနှင့် ပံ့သကူလှုပ်ရှားမှု ပြုလုပ်

    by

    in

    ယမန်နေ့ (နိုဝင်ဘာ ၁၅) တန်ဆောင်မုန်းလပြည့်နေ့တွင် ရန်ကုန်ရှိ မြို့နယ်နေရာအနှံ့အပြား၌ လူငယ်များက ဦးဆောင်ကာ “လူထုတိုက်ပွဲ ရပ်တန့်လို့မရ”၊ “တော်လှန်ရေးရဲဘော်များ ရန်သူ့လက်မကျစေရန် ပြည်သူလူထုမှ ဖေးမစောင့်ရှောက် ပေးရေး” လှုံ့ဆော်စာနှင့်အတူ တော်လှန်ပံ့သကူလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။ ယင်းလှုပ်ရှားမှုကို ရန်ကုန်မြို့ရှိ GSC (General Strike Committee) အင်အားစုများဖြစ်သည့် မြို့နယ်သပိတ်ကော်မတီ (၆) ဖွဲ့ဖြစ်သော မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေသပိတ်ကော်မတီ၊ ကြည်မြင်တိုင်လူငယ်များသပိတ်ကော်မတီ၊ သာကေတမြို့နယ်သပိတ်ကော်မတီ၊ တာမွေမြို့နယ် သပိတ်ကော်မတီ၊ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီနှင့် ကျောက်တံတားမြို့နယ်သပိတ်ကော်မတီ တို့မှ စုပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့အတူ လူထုသပိတ်ခေါင်းဆောင် ကိုတေဇာဆန်းနှင့် ကိုနန်းလင်းတို့ကလည်း ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးအသီးသီးတွင် ယမန်နေ့၌ ပံ့သကူအလှူနှင့် တော်လှန်သတင်းစကားများ ပြည်သူလူထုထံ ဖြန့်ဝေခဲ့ကြသည်။ ဓာတ်ပုံ – GSC

  • ​နေပြည်​တော်လူသတ်အုပ်စုကကြွေး​ကြော်လိုက်တယ် “လူ့အသက်ထက်အရေးကြီးတာဘာမှမရှိ”တဲ့

    ​နေပြည်​တော်လူသတ်အုပ်စုကကြွေး​ကြော်လိုက်တယ် “လူ့အသက်ထက်အရေးကြီးတာဘာမှမရှိ”တဲ့

    by

    in

    ည ၇ နာရီခန့်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ရုရှားနိုင်ငံက သံတမန်တွေက ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်အနေနဲ့ လွှတ်တင်လိုက်တာပါ။ တန်ဆောင်မုန်းလပြည့်နေ့ည။ ဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်ကိုးကွယ်မှုအရ ကုသိုလ်တရားပြုကျင့်ရမည့် အခါကြီးရက်ကြီးည။ လင်းထိန်‌နေတဲ့ လပြည့်ည လအရောင်တိုးမပေါက်အောင် လျှပ်စစ်မီးထိန်းညီးနေတဲ့ နေပြည်တော်ကောင်းကင်ယံမှာ “လူ့အသက်ထက်အရေးကြီးတာဘာမှမရှိ” စာတမ်းချိတ်ထားတဲ့မီးပုံးပျံတခု လွင့်ပျံတက်လာပါတယ်။ ည ၇ နာရီခန့်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ရုရှားနိုင်ငံက သံတမန်တွေက ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်အနေနဲ့ လွှတ်တင်လိုက်တာပါ။ မီးပုံးပျံအတက်မှာ စစ်ကောင်စီအသိုင်းအဝိုင်းရဲ့ လက်ခုပ်သံတွေလွှမ်းသွားပါတယ်။ ခြေကားလျားလက်ကားလျားဟန်နဲ့ အိ‌‌‌န္ဒြရေမရတဲ့ အာဏာသိမ်းစစ်ခေါင်း‌ဆောင်နဲ့ နောက်လိုက်တသိုက်က လက်ခုပ်လက်ဝါးတီးနေကြပါတယ်။ ဒါ့အပြင် စစ်ကောင်စီဝန်ထမ်း‌တွေကလည်း စစ်ခေါင်းဆောင်ကို လက်အုပ်ချီမြှောက်ပင့်နေခဲ့ကြပါတယ်။ တချိန်တည်းမှာတော့ ကချင်ပြည်နယ်မိုးမောက်မြို့နယ်က မီးမှိန်မှန်သာလင်းနေတဲ့ ကုန်းလောရွာက KBC ဘုရားကျောင်းဝင်းထဲမှာ ငိုကြွေးသံတွေ လှိုင်ထွက်နေပါတယ်။ရုပ်အလောင်းဟာ…

  • ချောင်းသာကမ်းခြေသို့ ရုရှားနိုင်ငံ ဘူရားတီးရားပြည်နယ်အစိုးရ ဥက္ကဋ္ဌ လည်ပတ်

    ချောင်းသာကမ်းခြေသို့ ရုရှားနိုင်ငံ ဘူရားတီးရားပြည်နယ်အစိုးရ ဥက္ကဋ္ဌ လည်ပတ်

    by

    in

    ချောင်းသာကမ်းခြေသို့ ရုရှားနိုင်ငံ ဘူရားတီးရားပြည်နယ်အစိုးရ ဥက္ကဋ္ဌ လည်ပတ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အစိုးရ ဥက္ကဌ Mr Alexey Sambuevich Tsydenov သည် ရန်ကုန်မြို့နှင့် ချောင်းသာကမ်းခြေသို့ အလည်ပတ်ခရီးသွားခဲ့ကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား၊ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ အတွင်းဝန်ရုံး၊ ရန်ကုန်မြို့တော်ခန်းမအပါအဝင် ကန်တော်ကြီးပန်းခြံနှင့် ကရဝိတ်ခန်းမသို့သွားရောက်လည်ပတ်ကြောင်း စစ်ကောင်စီထုတ်ပြန်သည်။ ထို့ပြင်ဧရာဝတီတိုင်းရှိ ချောင်းသာကမ်းခြေသို့သွားရောက်လည်ပတ်ကာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်သားပိုင်ဆိုင်သော Azura Beach Resort တွင်တည်းခိုကြောင်းသိရသည်။ ” မိမိအနေနဲ့ ချစ်ကြည်ရေးခရီးလာရောက်ခွင့်ရတဲ့အတွက်ဂုဏ်ယူပါတယ်။ အခုလိုလာရောက်လည်ပတ်နဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းတာနဲ့ သာယာလှပမှုများကိုခံစားမိပါတယ် ” ဟု ရားတီးရားပြည်နယ်အစိုးရ ဥက္ကဋ္ဌ Mr Alexey Sambuevich Tsydenov က ဆိုသည်။ ယမန်နေ့ နိုဝင်ဘာ ၁၅ ရက်နေ့၌…

  • အမ်းမြို့ နပခ နှင့် ၂ ဖာလုံ အကွာတွင် အနီးကပ်တိုက်ပွဲပြင်းထန်၊ ရဲ​စခန်းမှ ရဲ ၄ ဦးထွက်​ပြေး

    အမ်းမြို့ နပခ နှင့် ၂ ဖာလုံ အကွာတွင် အနီးကပ်တိုက်ပွဲပြင်းထန်၊ ရဲ​စခန်းမှ ရဲ ၄ ဦးထွက်​ပြေး

    by

    in

    အမ်းမြို့၊ အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နှစ်ဖာလုံအကွာတွင် AA ဘက်ကထိုးစစ်ဆင်မှုကြောင့် အနီးကပ်တိုက်ပွဲပြင်းထန်​နေ​ကြောင်း စစ်ရေး သတင်းရင်းမြစ်ထံက သိရသည်။ အမ်း-စစ်​တွေ ကားလမ်း​ပေါ် ရှိ နပခမှ နှစ်ဖာလုံအ​ကျော် ဆင်တိုး​ကျေးရွာတွင် (ယမန်​နေ့ နိုဝင်ဘာလ ၁၅ ရက်)က စကာ နှစ်ဖက်တိုက်ပွဲပြင်းထန်​​နေသည်။ တရက်တည်းပင် နပခမှ တမိုင်နှင့်​လေးဖာလုံအကွာ အမ်း-မအီလမ်းဆုံ​ရှိ ကျော်စံစက်သုံးဆီဆိုင်(KS Petrol)အနီးတွင်လည်း နှစ်ဖက်တိုက်ပွဲပြင်းထန်​နေ​ကြောင်းအမ်းမြို့သတင်းရင်းမြစ်က​ပြောသည်။ “မ​နေ့ကအထိ အနီးကပ် ရင်ဆိုင်တိုက်ပွဲဖြစ်​နေတာ။ နပခနဲ့​တော်​တော်နီး​နေပြီ။ လော​လောဆယ် နပခဘက်က ပစ်တဲ့ လက်နက်ကြီး​​ရော AA ဘက်က ပစ်တဲ့ လက်နက်ကြီးအသံလည်းတိတ်သွားပြီ။ လက်နက်ငယ်သံ​တွေပဲ ကြားရတယ်။ လေ​ကြောင်းက စစ်​ကောင်စီက Y-12 ​ရော ဂျက်ဖိုက်တာ​ရော ဒရုန်း​ရော ​နေ့စဥ်မပြတ်ပစ်တယ်” ဟု ၎င်းက ပြောသည်။ တိုက်ပွဲထိ​တွေ့မှုမရှိ​သေးသည့် အမ်းမြို့မရဲစခန်းမှ ​တပ်ကြပ်စာ​ရေးအပါအဝင်…

  • တောင်းခမ်းတိုက်ပွဲ ခမရ (၂၁၃)တပ်ရင်းမှူး၊ ဗိုလ်ကြီးနှင့် စစ်သားများ သေဆုံး

    တောင်းခမ်းတိုက်ပွဲ ခမရ (၂၁၃)တပ်ရင်းမှူး၊ ဗိုလ်ကြီးနှင့် စစ်သားများ သေဆုံး

    by

    in

    တောင်းခမ်းတိုက်ပွဲ ခမရ (၂၁၃)တပ်ရင်းမှူး၊ ဗိုလ်ကြီးနှင့် စစ်သားများ သေဆုံး၊ လက်နက်ခဲယမ်းများသိမ်းရ လက်နက်နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး အရှင်ဖမ်းမိဟု TNLAထုတ်ပြန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ တောင်းခမ်းကျေးရွာ၌ ယနေ့(နိုဝင်ဘာ ၁၆ရက်) တိုက်ပွဲပြင်းထန်ရာ စစ်ကောင်စီ၏ တပ်မ(၁၁)၏ ခမရ (၂၁၃) တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူနှင့် တပ်သားများ သေဆုံးပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရမိကြောင်း တအာင်းတပ်မတော် (TNLA)က အသိပေးထုတ်ပြန်သည်။ စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၃၅)မိုင်ကွာဝေးသော နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် အမြောက်တပ်စခန်း (၃၅၄)တပ်ရင်းတို့၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲအတွင်း တပ်မ(၁၁)၏ ခမရ (၂၁၃) တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူနှင့် တပ်သားများ…

  • အမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈၀၀ ခန့် AA ထံ လက်နက်ချ

    အမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈၀၀ ခန့် AA ထံ လက်နက်ချ

    by

    in

    ရခိုင်တွင် စစ်ကောင်စီ၏ အကြီးဆုံးတပ်ဌာနချုပ်ရှိရာ အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈၀၀ ခန့်မှာ အာရက္ခတပ်တော်(AA)ထံ လက်နက်ချ အညံ့ခံထားကြောင်း သိရသည်။ တိုက်ပွဲအတွင်း လက်နက်ချအညံ့ခံသူများ ရှိသလို အများစုမှာ စစ်မတိုက်လိုသဖြင့် လက်နက်ချမည်ဟု AA ထံ ကမ်းလှမ်းလာခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ “အလင်းဝင်တဲ့အထဲမှာ တပ်မိသားစုတွေတော့ မပါသေးဘူး။ တိုက်ပွဲတလျှောက် နိုဝင်ဘာလအစပိုင်းအထိကို စစ်ကောင်စီတပ်သား ခုနစ်ရာကျော်၊ ရှစ်ရာလောက် အလင်းဝင်ထားပြီ။ ထပ်ပြီး ဝင်လာတာတွေလည်း ရှိနေတယ်။ လောလောဆယ်ကတော့ အသေးစိတ်ကို မပြောနိုင်သေးဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အခြားစစ်ကောင်စီတပ်စခန်းများမှ တပ်မိသားစုဝင်များ အများအပြားကို မကွေးတိုင်းရှိ အမှတ် (၈၈) ခြေမြန်တပ်မဌာနချုပ်သို့ ပို့ဆောင်ထားကြောင်း သိရသည်။ လက်ရှိ AA ထံ လက်နက်ချအညံ့ခံလာသည့် စစ်ကောင်စီတပ်သားများထဲတွင်…