Tag: News
-
သာယာဝတီနှင့် ရေစကြိုရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်
သာယာဝတီနှင့် ရေစကြိုရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ ရင်းတိုက်ကုန်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သာယာဝတီခရိုင် ပကဖ စစ်ရေးတာဝန်ခံ ရဲဘော်သစ္စာက ပြောဆိုသည်။ နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၊ ၁၂ နာရီ ၃၀ မိနစ်ခန့်နှင့် ၂ နာရီ ၁၅ မိနစ်ခန့်တွင် ရင်းတိုက်ကုန်းရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် ပကဖ ဒရုန်း တိုက်ခိုက်ရေးတပ်ဖွဲ့က ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။…
-
KIA က တရုတ်-မြန်မာ နယ်စပ်ဂိတ်များကိုသံဂဟေနဲ့ပိတ်လိုက်ပြီ
KIA က တရုတ်-မြန်မာ နယ်စပ်ဂိတ်များကိုသံဂဟေနဲ့ပိတ်လိုက်ပြီ KIA ထိန်းချုပ်နယ်မြေက တရုတ်-မြန်မာ နယ်စပ် ဂိတ်တွေကို လက်ရှိKIA ဘက်က ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း KIA နဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ “အထူး ဒေသ ၁ တွေဘက် တိုက်ပွဲ ဖြစ်လာတော့ တရုတ်ဘက်က နယ်စပ်ဂိတ်ကို ပိတ်လိုက်တယ်။ အခုကျတော့ တရုတ်ဘက်က သူတို့ ဖွင့်ချင်တဲ့ လွယ်ဂျယ်နဲ့ ကံပိုင်တည် ဂိတ်ပဲ ဖွင့်မယ်ပေါ့။ KIA ဘက်ကတော့ဖွင့်မယ်ဆိုရင် နယ်စပ်ဂိတ် အားလုံးဖွင့်ပေး၊ မဖွင့်နိုင်ဘူး ဆိုရင် တစ်ဂိတ်မှ မဖွင့်တော့ဘူး ဆိုပြီး သံတံခါးကြီးတွေနဲ့ အသေပိတ်ချလိုက်တာ” လို့ KIA နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။ KIA ထိန်းချုပ် နယ်မြေက…
-
ကျပ်ဘီလီယံချီတန်ဖိုးရှိ မူးယစ်ဆေးတွေနဲ့ဆက်စပ်ပြီး ပြည်ဒုခရိုင်ရဲမှူးအပါ အဆင့်မြင့်ရဲအရာရှိ ၄ ဦး ဖမ်းဆီး
ကျပ်ဘီလီယံချီတန်ဖိုးရှိ မူးယစ်ဆေးတွေနဲ့ဆက်စပ်ပြီး ပြည်ဒုခရိုင်ရဲမှူးအပါ အဆင့်မြင့်ရဲအရာရှိ ၄ ဦး ဖမ်းဆီးခံရကာ ပြည်အကျဉ်းထောင်မှာ အကျယ်ချုပ်ထားရှိ ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်အတွင်း ဖမ်းဆီးရမိခဲ့တဲ့ ကျပ်ငွေဘီလီယံချီတန်ဖိုးရှိ မူးယစ်ဆေးတွေနဲ့ဆက်စပ်ပြီး ခရိုင်ဒုတိယရဲတပ်ဖွဲ့မှူးအပါ ရဲအရာရှိ ၄ ဦး ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ စုံစမ်းဖော်ထုတ် သိရပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ပြည်ခရိုင်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်မြင့်၊ ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင်၊ ပန်းတောင်းမြို့မရဲစခန်းမှူး ဒုရဲမှူး တင်မောင်နိုင်နဲ့ ရဲအုပ်ဗလအောင်ကျော်စိုး တို့ဖြစ်ပြီး ၎င်းတို့ကို မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပတ်သက်နေတယ်ဆိုပြီး ဇူလိုင်လနဲ့ ယခုနိုဝင်ဘာလ ဒုတိယအပတ်တွေမှာ နေပြည်တော်နဲ့ တိုင်းအဆင့်အထူးစစ်ဆေးရေးအဖွဲ့တွေက အသီးသီးဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ “ဒုခရိုင်ရဲမှူးက လွန်ခဲ့တဲ့ ၄ လလောက်ကတည်းက ဖမ်းခံရတာပါ။ ပြည်အကျဉ်းထောင် ထောင်ပိုင်အိမ်မှာပဲထားပါတယ်။” လို့ အမည်မဖော်လိုတဲ့ စစ်ကောင်စီရင်းမြစ်တဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၆…
-
အောက်တိုဘာလအတွင်း တောင်ပိုင်းစစ်ဒေသ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား (၉၄) ယောက် သေ
အောက်တိုဘာလအတွင်း တောင်ပိုင်းစစ်ဒေသ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား (၉၄) ယောက် သေပြီး (၁၀၈) ယောက် ဒဏ်ရာရကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ… အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ အောက်တိုဘာလ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၉၄) ယောက် သေဆုံးပြီး (၁၀၈) ယောက် ဒဏ်ရာရကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ အောက်တိုဘာလအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီနဲ့ စခန်းသိမ်းတိုက်ပွဲ (၄) ကြိမ်အပါအဝင် ထိတွေ့တိုက်ပွဲပေါင်း (၆၈)ကြိမ်၊ စကစသတင်းပေးဒေါက်တိုင်တွေကို ရှင်းလင်းတိုက်ခိုက်မှု (၈)ကြိမ်၊ စစ်ကောင်စီတပ် စခန်းတွေရဲ့ စစ်ကြောင်းတွေကို ဒရုန်းနဲ့ တိုက်ခိုက်မှု (၅၇)ကြိမ်၊ စစ်ကောင်စီစစ်ကြောင်းတွေကို မိုင်းဆွဲတိုက်ခိုက်မှု (၂၁) ကြိမ်နဲ့…
-
မိုးညှင်းမြို့ပစ်ခတ်မှု ရဲ၊ရှမ်းနီတပ်သားများအပါအဝင် ၈ ဦးသေ
ကချင်ပြည်နယ် မိုးညှင်းမြို့တွင် KTV နှင့်စားသောက်ဆိုင်တစ်ခု၌ ရောက်ရှိနေသည့် စစ်ကောင်စီ၏လက်ပါးစေ ရဲများနှင့် ရှမ်းနီတပ်(SNA)တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရပြီး ရှစ်ဦးသေဆုံးကာ သွားရောက်ပစ်ခတ်ရာတွင်ပါဝင်သူ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။ နိုဝင်ဘာ ၁၂ရက် နေ့လယ်ပိုင်းက မိုးညှင်းမြို့၊ ကားကြီးဝင်းအတွင်းရှိ စားသောက်ဆိုင်၏ KTV အခန်းတွင် ရဲနှင့် ရှမ်းနီတပ်ဖွဲ့ဝင် ၁၀ဦးခန့်က သောက်စားနေစဉ် တော်လှန်ရေးရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။ ” သေတာ ခြောက်ဦး။ ဆေးရုံရောက်မှာ ထပ်သေတာ နှစ်ဦး။ သေဆုံးသူတွေအပြင် အခန်းထဲကလူတွေအကုန် ဒဏ်ရာရတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ အခင်းဖြစ်ပွားမှုမှာ မိုးညှင်းမြို့ထန်တပင်ကျေးရွာ စားသောက်ဆိုင်၏ KTVအခန်းတွင် ဖြစ်ပွားခဲ့ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်. သေဆုံးသူများတွင် ရှမ်းနီတပ်သားများအပြင် မိုးညှင်းမြို့၌ မူးယစ်ဆေးနှင့် သစ်မှောင်ခိုရောင်းဝယ်မှုများနှင့် ပတ်သက်နေသည့်ရဲအရာရှိတစ်ဦးနှင့်…
-
တောင်သာမြို့နယ်၊ ဇဂျမ်းရဲစခန်းနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား
တောင်သာမြို့နယ်၊ ဇဂျမ်းရဲစခန်းနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇဂျမ်းရဲစခန်းနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၂၂ ဦးသေဆုံးခဲ့ကြောင်း တောင်သာ ပကဖ (TTA-PDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ ဇဂျမ်းရဲစခန်းကို တော်လှန်ရေး ပူးပေါင်းအဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စခန်းဝင်း အတွင်းရှိ တွဲဖက် ဗိုလ် ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားသော နေရာကို မြင်းခြံမြို့နယ်ရှိ သီတာယုမွန် အဖွဲ့နှင့်…
-
မြို့နယ် ရဲမှူးနှင့် စခန်းမှူးတို့ကို စစ်တပ်က ဖမ်းဆီးသွား
ပန်းတောင်းမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးနေသော ပြည်ခရိုင် ဒုရဲမှူး မောင်မောင်မြင့် အပါအဝင် မြို့နယ် ရဲမှူးနှင့် စခန်းမှူးတို့ကို စစ်တပ်က ဖမ်းဆီးသွား ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးနေသော ပြည်ခရိုင် ဒုရဲမှူး မောင်မောင်မြင့် အပါအဝင် မြို့နယ် ရဲမှူးနှင့် စခန်းမှူးတို့ကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပန်းတောင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖြန့်ဖြူးနေသည့် ပြည်ခရိုင် ဒုတိယရဲမှူး မောင်မောင်မြင့်၊ ပန်းတောင်းမြို့နယ် ရဲမှူး သန်းလွင်နှင့် ပန်းတောင်းရဲစခန်းမှူး တင်မောင်နိုင်တို့ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိချိန်တွင် အဆိုပါ ဖမ်းဆီးခံရသူများကို စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေပြီး အရေးယူခြင်းရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။…
-
မင်းသားရန်အောင်၏ ရန်ကင်း နေအိမ်ကို ပြင်းအားပျော့မိုင်းဖြင့် သတိပေး ဖောက်ခွဲ
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လေဆိပ်တွင် သွားကြိုသည့် စစ်တပ်ထောက်ခံသူ မင်းသားရန်အောင်၏ ရန်ကင်း နေအိမ်ကို ပြင်းအားပျော့မိုင်းဖြင့် သတိပေး ဖောက်ခွဲ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လေဆိပ်တွင် သွားကြိုသည့် မင်းသားရန်အောင်၏ ရန်ကင်း နေအိမ်ကို ပြင်းအားပျော့မိုင်းဖြင့် သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow က သတင်းထုတ်ပြန်သည်။ ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန် ရန်ကုန်တိုင်း၊ ရန်ကင်းမြိုနယ် ဘောက်ထော် မြရတနာလမ်းနေ စစ်ကောင်စီထောက်ခံအားပေးသော အနုပညာရှင်အမည်ခံ မင်းသား ရန်အောင်၏နေအိမ် ကို Dark Shadow တပ်ဖွဲ့က ပြင်းအားပျော့မိုင်းအသုံးပြု၍ သတိပေးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အနုပညာရှင် အမည်ခံ ရန်အောင်အနေဖြင့် ပြည်သူများကို နေ့စဉ် ဒုက္ခပေးနေသော…
-
လက်နက်ကိုင်မှန်သမျှကို ကြောက်ကာထိတ်လန့်နေရတယ်လို့ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးပြော
နိုင်ငံကပုံမှန်အခြေအနေမဟုတ်တဲ့အတွက် လက်နက်ကိုင်မှန်သမျှကိုကြောက်နေရပြီး အထိတ်ထိတ်အလန့်လန့်နဲ့နေ,နေရတယ်လို့ ဒီနေ့ နိုဝင်ဘာ ၁၄ရက်မှာပြုလုပ်တဲ့ ပြည်သူ့ပါတီ ရန်ကုန်၊ ကျောက်တန်းရုံးခန်းဖွင့်ပွဲမှာ ပါတီဥက္ကဌ ဦးကိုကိုကြီးက ပြောပါတယ်။ “လက်နက်ကိုင်အဖွဲ့အစည်းတွေက ဟိုးတုန်းကတော့ တိုင်းရင်းသားဒေသအစွန်အဖျားဒေသတွေမှာပဲ။ အခုကတော့ ကျနော်တို့က မြို့ပြထဲကိုပါ ဒီလိုအခြေအနေဖြစ်လာတော့ ဘယ်သူကအသတ်ခံရပြန်ပြီ၊ ဘယ်မှာတော့ ဗုံးကွဲသွားပြန်ပြီဆိုရင် အဲ့ဒါပုံမှန်အခြေအနေမဟုတ်ဘူး။ဒီဘက်က အစိုးရ စစ်တပ်(စစ်ကောင်စီ)ကလည်းပဲ ပုံမှန်လမ်းတား၊ ကားတားရင်ရပ်ပေးရတယ်၊ ဖုန်းပြဆို ပြရတယ်၊ မှတ်ပုံတင်ပြဆို ပြရတယ်။ ငြိမ်းချမ်းနေတဲ့အခြေအနေမှာ အဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့ အခုလိုအခြေအနေမျိုးမှာ လက်နက်ကိုင်ထားတဲ့သူက ကားတားရင် ရပ်ကိုရပ်ရမယ်၊ မောင်းပြေးလို့ ပစ်ခံရရင်လည်း ကျနော်တို့ပဲခံရတယ်။ အဲ့ဒီတော့ လက်နက်ကိုင်တဲ့သူမှန်သမျှကို ကြောက်နေရတယ်ဆိုရင် အဲ့ဒါပုံမှန်အခြေအနေမဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရင် ငြိမ်းချမ်းနေတဲ့ နိုင်ငံတွေတော်တော်များများမှာ လက်နက်ကိုင်မတွေ့ရဘူး။ သူ့ဘာသူ စစ်တန်းလျားမှာပဲနေတာ။ မြို့တွင်းကို ဝင်မယ်ဆိုရင် ဥပမာအားဖြင့် အစိုးရစစ်တပ်တောင်ကမှ မြို့ထဲဝင်မယ်ဆိုရင်…
-
တောင်ကုတ်ရှိ စစ်ကောင်စီစခန်း ၄ ခုကို AA တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်နေ
တောင်ကုတ်ရှိ စစ်ကောင်စီစခန်း ၄ ခုကို AA တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်နေ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ စစ်ကောင်စီစခန်း လေးခုကို အာရက္ခတပ်တော် (AA) ကထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။ စစ်ကောင်စီနှင့် AAတို့သည် ယနေ့ နိုဝင်ဘာ ၄ရက်၊ နံနက် ၆နာရီခန့်က တောင်ကုတ်ချောင်း တစ်ဖက်ကမ်းရှိ ဇီးကိုင်းတောင်ဘုရားအနီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက လေကြောင်းမှနေ၍ တိုက်ပွဲဖြစ်ပွားရာအနီး ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး စခန်းများမှနေ၍လည်း ပစ်ကူ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “ပန်းမြောက်တောင်၊ တောင်ကုတ်တက္ကသိုလ်ဂိတ်၊ ဇီးကိုင်းတောင်ဘုရားနား၊ ကိုင်းရှည်တံတားဂိတ် တွေမှာ တိုက်ပွဲတွေဖြစ်တယ်။ တောင်ကုတ်မှာ အထပ်မြင့်တိုက်တွေနဲ့ မြို့အဝင် ဝန်ထမ်းအိမ်ရာမှာ လက်နက်ကြီး အထိုင်ချစခန်းတွေရှိတယ်။ မြို့သိမ်းတိုက်ပွဲ စနေပါပြီ” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။ ထို့အပြင် တောင်ကုတ်တက္ကသိုလ်အနီးရှိ စစ်ကောင်စီတပ်စွဲထားရာ စစ်စခန်းကို…