ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခနဲ့ ဆက်သွယ်မေးမြန်းချက်
“အကြမ်းဖက်စစ်ကောင်စီအနေနဲ့က ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရလည်းမဟုတ်သလို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့အတွက် တရားဝင်အဖွဲ့အစည်းမဟုတ်ဘူး။ ဒါကြောင့်မို့ စစ်ကောင်စီဥက္ကဌပြောတဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတဲ့ကိစ္စကတော့ ဘာမှဖြစ်လာမယ့် ကိစ္စမဟုတ်ဘူး၊ အဓိပ္ပာယ်လည်း မရှိဘူးဗျ” နိုင်ငံအနှံ့ ထိုးစစ်တွေမှာ အထိနာနေတဲ့ စစ်ကောင်စီက လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ နိုင်ငံရေးနည်းလမ်း အရ ဖြေရှင်းကြဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ရခိုင်နဲ့ ကယား ပြည်နယ်က စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး အလေးပေးပြောဆိုသွားသလို ရခိုင်ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် ရက္ခိုင့်တပ်တော် AA က လုပ်ဆောင်နေတာလို့ စွပ်စွဲပြောဆိုခဲ့တာပါ။ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်အပေါ် AA ရဲ့ တုံ့ပြန်ချက်၊ သဘောထားတွေအပါ အဝင် … Read more