ဝေါမြို့နယ်ရှိ သူရဲသမိန်ရဲစခန်းတိုက်ခိုက်ခံရပြီး စခန်းမှူးအပါအဝင် ကိုးဦးသေ
ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ စစ်ကောင်စီလက် အောက်ခံ သူရဲသမိန်ကျေးရွာရဲစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ PDF ပူးပေါင်းတပ်က စီးနင်းတိုက်ခိုက်ခဲ့ရာ ရဲစခန်းမှူးအပါအဝင် ကိုးဦးသေဆုံးကြောင်း ပူးပေါင်းအဖွဲ့တွင်ပါဝင်သည့် ဒေသတော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်နှင့် ရဲ ပူးပေါင်းအင်အား ၅၀ခန့်ရှိ သူရဲသမိန်နယ်မြေရဲစခန်းကို နိုဝင်ဘာ ၂၇ ရက်နံနက် ၅ နာရီခန့်တွင် KNLA၊ PDF ပူးပေါင်းတပ်မက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်သားသုံးဦး၊ စခန်းမှူးအပါအဝင် ရဲလေးဦး၊ ပျူစောထီးတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးသေဆုံးပြီး သေနတ်လေးလက် သိမ်းဆည်းရရှိကာ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက အတည်ပြုသည်။ “သူရဲသမိန်စခန်းမှာ တာဝန်ကျတဲ့ ဗိုလ်မှူးကအရပ်ဝတ်လဲပြီး ရှေ့ဆုံးကပြေးတော့တာပဲ” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။ … Read more