ပြင်ဦးလွင် အပါအဝင် နိုင်ငံတစ်ဝန်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများ တွင် ဒရုန်းဖြင့် ဗုံးကျဲလျှင် ခံနိုင်ရည်ရှိသော ကတုတ်ကျင်းများ အဆင့်မြှင့်တင် တူးကြရန် စစ်ကောင်စီက ညွှန်ကြား
အကြမ်းဖက်စစ်ကောင်စီက ပြင်ဦးလွင် အပါအဝင် နိုင်ငံတစ်ဝန်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများ တွင် ဒရုန်းဖြင့် ဗုံးကျဲလျှင် ခံနိုင်ရည်ရှိသော ကတုတ်ကျင်းများ အဆင့်မြှင့်တင် တူးကြရန် စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ပြန်လိုက် ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးကျဲမှုကို တော်လှန်ရေးတပ်ဖွဲ့များက ဆက်တိုက်ဆောင်ရွက်နေပြီး စစ်ကောင်စီ၏ တပ်စခန်းများ ကျဆုံးမှုများတွင်လည်း ဒရုန်းဗုံးများကြောင့် အဓိက ပါဝင်နေသည်ဟု စစ်ရေးဆိုင်ရာ သုံးသပ်ချက်များ နေပြည်တော်စစ်ရုံးတွင် ထွက်ပေါ်လာကြောင်း၊ ထို့ကြောင့် ပြင်ဦးလွင် အပါအဝင် နိုင်ငံတစ်ဝန်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများတွင် ဒရုန်းဖြင့် ဗုံးကျဲလျှင် ခံနိုင်ရည်ဆိုသော ကတုတ်ကျင်းများ တူးကြရန် စစ်ကောင်စီက အမိန့် ညွှန်ကြားချက် ထုတ်ပြန်ကြောင်း သိရှိရသည်။ “ပုံမှန် သာမန် ကတုတ်ကျင်းတွေက တပ်ရင်းတပ်ဖွဲ့အားလုံးမှာ … Read more