လိုတာထပ်ပိုတဲ့ ဆက်ဆံရေးတွေရှိနေပြီလို့ သတင်းတွေထွက်နေတဲ့ ကမ္ဘောဒီးယား မင်းသမီး Vatey နဲ့ ပိုင်တံခွန်

ကမ္ဘောဒီးယား Miss Pich Vatey Sarathy နဲ့ မြန်မာမော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် တို့ဟာ “Rent Boy” ရုပ်ရှင်ကို တူတူရိုက်ကူးနေကြတာပဲ ဖြစ်ပါတယ်.. Pich နဲ့ ပိုင်တံခွန်က လိုက်ဖက်ညီပြီး Chemistry မိလွန်းတာမို့ ပရိသတ်တွေရဲ့ အားပေးချီးကျူးမှုတွေလဲ ရခဲ့ပါတယ်.. နှစ်ယောက်လုံးရဲ့ လှုပ်ရှားမှုတွေက အရမ်းကို ရင်းနှီးပြီး ချစ်ိဖု့ကောင်းလွန်းနေကြပါတယ်..

Pich နဲ့ ပိုင်တံခွန်ကို ချစ်ကြတဲ့သူတွေကလဲ TikTok နဲ့ Facebook လူမှုကွန်ရက်တွေမှာ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ လှုပ်ရှားမှုတွေအမြဲမျှဝေပေးလေ့ရှိပါတယ်.. လတ်တလောမှာလဲ ပိုင်တံခွန်က ရိုက်ကူးရေးပြီးသွားချိန် မှာ Pich နဲ့ ဈေးဝယ်ထွက်နေတာဖြစ်ပြီး နှစ်ယောက်ရဲ့ ပုံတွေကို Pich က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ထားတာပဲ ဖြစ်ပါတယ်.. ပုံတွေထဲမှာ နှစ်ယောက်က နီးနီးကပ်ကပ်ရှိနေသလို လက်ကိုင်ထားတဲ့ ပုံတွေလဲပါလာတာကြောင့် နှစ်ယောက်က လိုတာထပ် ပိုတဲ့ ရင်းနှီးမှုတွေ ရှိနေကြပြီလို့ ယူဆနေကြပါတယ်..

ပိုင်တံခွန်မှာက ချစ်သူကောင်မလေးလဲ ရှိသလို သူ့ချစ်သူကို မိသားစုနဲ့ရော ပရိသတ်တွေနဲ့ပါ မိတ်ဆက်ပေးထားပြီး တရားဝင်တွဲနေကြတာလဲ ဖြစ်ပါတယ်.. ဒါကြောင့် Pich နဲ့လဲတော်တော်ရင်းနှီးနေကြတဲ့ ပုံရိပ်တွေ ထွက်ပေါ်လာတာကြောင့် ပိုင်တံခွန်ကို ချစ်ကြတဲ့ ပရိသတ်တွေက စိတ်ပူနေကြတာလဲ ဖြစ်ပါတယ်..

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top