“ပြောလည်းပြောပါစေတော့ဆိုပြီး Fun တွေ စိတ်ချမ်းသာအောင် နမ်းခဲ့တာပါ” ဆိုတဲ့ တိုင်ရွန် (ရုပ်သံ)

မင်းသားချောလေး တိုင်ရွန်ကတော့ အမိုက်စားတက်တူးတွေကို ခန္ဓာကိုယ်ထက်မှာ ဆေးခြယ်ထားပြီး ယောက်ျားပီသတဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ ကြွေချင်စရာကောင်းနေတာ ဖြစ်ပါတယ် ။

ဒါ့အပြင် တိုင်ရွန်က မိန်းကလေးပရိသတ်တွေ ဝိုင်းဝိုင်းလည်အောင် အားပေးခြင်းခံရတဲ့ ကိုလူချောလေးတစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော်။

ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း မနားတမ်းရိုက်ကူးရတဲ့ တိုင်ရွန်က အခုဆိုရင် အနုပညာအလုပ်တွေကို အရင်ကထက် ပိုမိုလုပ်ကိုင်လာရတာ ဖြစ်ပါတယ် ။

ဖက်ရှင်နဲ့ပတ်သက်ရင်လည်း ခေတ်ရေစီးကြောင်းအတိုင်း လိုက်လျောညီထွေစွာ ဝတ်ဆင်တတ်တဲ့ တိုင်ရွန်က အမြဲတမ်းစတိုင်လ်ကျနေတာ ဖြစ်ပါတယ် ။

ခုတခါမှာတော့ တိုင်ရွန်က စိန်နန်းတော်ပွဲမှာ နမ်းခဲ့ရတဲ့အကြောင်းလေးကို

မိန်းကလေးတစ်ယောက်ကို နမ်းရမယ်ဆိုရင် အားနာစိတ်တော့ ဖြစ်မိတာပေါ့၊

သူက Fan Service အနေနဲ့တောင်းပေမဲ့ Negative ဘက်ကကြည့်မယ်ဆိုရင် ပြောစရာဖြစ်နိုင်တယ်လို့တွေးရတာပေါ့၊

ဒါပေမဲ့ ပြောလည်း ပြောပါစေတော့ဆိုတဲ့စိတ်နဲ့ Fan တွေစိတ်ချမ်းသာအောင် ပေးလိုက်တာပါ…ဆိုပြီးပြောလာခဲ့တာပဲဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *