မင်းသား ပိုင်ဇေရဲထွန်းကတော့ တစ်ခေတ်တစ်ခါက အနုပညာလောက နှုတ်ခမ်းနီမလေးတွေ အားပေးဝန်းရံခဲ့တဲ့ သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ် ။
လက်ရှိမှာတော့ အနုပညာအလုပ်တွေထပ် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုသာ ကြိုးကြိုးစားစားလုပ်ကိုင်လျက်ရှိတာ ဖြစ်ပါတယ်။
ပိုင်ဇေရဲထွန်းဟာ အောင်မြင်နေဆဲအချိန်မှာပဲ လက်ထပ်ခဲ့ပြီး သာယာပျော်ရွှင်တဲ့ မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားပြီး ချစ်စရာသားသမီးလေးတွေကလည်း တစ်ဖြည်းဖြည်း အရွယ်ရောက်လာတာ တွေ့ရပါတယ်။
လက်ရှိမှာတော့ ပိုင်ဇေရဲထွန်းက အနုပညာလှုပ်ရှားမှုတွေကို ခဏတာ ရပ်နားထားတာပဲဖြစ်ပါတယ်။
အသက် ဆယ်နှစ်ကျော်လောက်ကွာတဲ့ ချစ်ဇနီးလေးကို ပိုင်ဆိုင်ထားတဲ့ ပိုင်ဇေရဲထွန်းဟာ သူ့ထက်အသက်ငယ်တဲ့ ဇနီးကို အရမ်းချွဲတာပဲဖြစ်ပါတယ်။
ပိုင်ဇေရဲထွန်းကတော့ သူ့ရဲ့ ချစ်ဇနီးဆီကနေ ပြန်ပြီး အချွဲခံချင်ကြောင်းကို “ရှားရှားပါးပါး စိတ်ပါလက်ပါ ချွဲတုန်းကပေါ့🥰
မချွဲတာတော်တော်ကြာပြီနော် ကိုယ့်ကိုယ်ကိုသိပါ အန်တီသဲ🤨”ဆိုပြီး ချစ်စရာကောင်းစွာ ပြောလာတာပဲဖြစ်ပါတယ်။
ပိုင်ဇေရဲထွန်းကတော့ သူ့ထက် အသက်ငယ်တဲ့ ချစ်ဇနီးဆီက အချွဲခံချင်တယ်ဆိုပြီး ချစ်စရာကောင်းစွာ ပြောလာခဲ့တာပဲဖြစ်ပါတယ်။
အချစ်ခံချင်လွန်းတဲ့ ပိုင်ဇေရဲထွန်းနဲ့ လူကြီးဆန်တဲ့ သဲသဲတို့ရဲ့အိမ်ထောင်ရေးကတော့ တကယ့်ကို လိုက်ဖက်ညီပြီး ချစ်စရာကောင်းလွန်းကြတာပဲဖြစ်ပါတယ်နော်။
Leave a Reply