ဝတ်မှုန်ရွှေရည် လက်ထပ်လိုက်တဲ့ နိုင်ဖြိုးကျော်ရဲ့ ဘယ်သူမှမသိသေးတဲ့ နောက်ကွယ်ကဘဝဇာတ်ကြောင်း

ပရိသတ်ကြီးရေ …..

မင်းသမီးလေး ဝတ်မှုံရွှေရည် ကတော့ အနုပညာလောကရဲ့ လျှမ်းလျှမ်းတောက် အောင်မြင်ကြော်ကြားတဲ့ ထိပ်တန်း ကြယ်တစ်ပွင့်ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ဝတ်မှုန်ရွှေရည်ကတော့ ချစ်စရာကောင်းတဲ့ရုပ်ရည်လေးကို ပိုင်ဆိုင်ထားရုံသာမကပဲ စိတ်သဘောထားလေးလဲ ပြည့်ဝလွန်းတာကြောင့် အနုပညာရှင်အချင်းချင်းရော ပရိသတ်တွေကပါ ချစ်ခင်နေကြတာ ဖြစ်ပါတယ်။

ဆယ်စုနှစ်မက ပရိသတ်တွေ အားပေးထောက်ခံမှုနဲ့ အောင်မြင်မှုတွေရရှိလာကာ ယနေ့အချိန်ထိ အောင်မြင်ကျော်ကြား လူကြိုက် များနေရတဲ့ သူလေးပဲ ဖြစ်ပါတယ်။

သူမရဲ့ ကြိုးစားမှုကြောင့် အကယ်ဒမီဆုကြီးတွေကိုလည်း ထိုက်ထိုက်တန်တန်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ကစ်ရဲ့ သရုပ်ဆောင်ကောင်းမှုတွေကတော့ ပြည်တွင်းက ဆုတွေကိုသာမက ပြည်ပကချီး ဆုတွေကိုပါ ရရှိသည်အထိ ပြည်ပသို့ထိုးဖောက်အောင်မြင်နေတဲ့ သူလေးလည်း ဖြစ်ပါတယ်။

အခုဆိုရင် ဝတ်မှုံရွှေရည်ကတော့ သူမချစ်ရတဲ့ အမျိုးသားလေးနဲ့ ရွှေလက်တွဲသွဦးခဲ့ပါပြီ။

ဝတ်မှုံရွှေရည်ရဲ့ချစ်သူဟာ အလှမယ် မိုးစက်ဝိုင်ရဲ့အစ်ကိုဖြစ်ပြီး ခရိုနီ သူဌေးစာရင်းဝင်တစ်ယောက်လည်းဖြစ်ပါတယ်။

အခုတခါမှာတော့ ထိုအမျိုးသားလေးရဲ့ ဘဝဇာတ်ကြောင်းကို ပြောပြချင်ပါတယ်။

“နိုင်ဖြိုးကျော်”ဆိုတာ က- “7 Sence ရုပ်ရှင် ထုတ်လုပ်ရေး” ရဲ့ ပူးတွဲ ဒါရိုက်တာဝင် တစ်ဦးဖြစ်ပြီး

သူနဲ့ အတူ တွဲဖက် ပါတနာတွေထဲ ထင်ရှားသူ တစ်ဦးကတော့ မအလ ရဲ့ သမီးဖြစ်သူ “ခင်သီရိသက်မွန်” ပါပဲ။

“VeVe ပိုင်ရှင်ရဲ့ သား”ဖြစ်သလို “မိုးစက်ဝိုင်”ရဲ့အကို ပါ။

ဒီတလော စိတ်ဝင်စားနေကျတဲ့ ကစ်ကစ်ရဲ့ဘဲ ကိုရီးယားစတိုင် သတို့သားဆိုလား …. နည်းနည်းတီးခေါက် ကြည့်မိတာ ……..

အားပါးး အဲဘဲက အကြမ်းဟ နိုင်ဖြိုးကျော် တဲ့ (အဲရစ်) လို့လည်း ခေါ်ကြတယ်။

မြန်မာနိုင်ငံမှာ ဘွဲ့ရပြီးတာနဲ့ အမေရိကန်နိုင်ငံကို ကျောင်းသွားတက်တယ်….

ကမ္ဘာ့အကောင်းဆုံး ကျောင်းထိပ်တန်းစာရင်းဝင်ဖြစ်တဲ့ UC Berkeley မှာ စီးပွါးရေးနှင့် ဥပဒေဘာသာရပ်တွေ သင်ယူပြီး ကျောင်းတက်လာခဲ့တာဆိုတာ အဲဘဲက တော်တော်ဆရာကြီးလို့ ပြောလို့ရပါတယ်။

တကယ်က ကျောင်းက နိုဘယ်ဆုရှင်တွေ အများကြီး ထွက်ခဲ့တဲ့ကျောင်း (နည်းနည်းရရ) တော့မဟုတ်ဘူးဟ….

ပြီးတော့ ဒီဘဲက အမေရိကန်စတော့စျေးကွက် မှာ မြန်မာလူမျိုးတွေထဲမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးလို့ တောင် သိထားရတယ်။

အဲဒီဘဲ အများဆုံး ရင်းနှီးတာတွေက နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းတွေလို့ သိထားရတယ်။

brain ကတော့ တော်တော် ခေတ်ရှေ့ပြေးပုံပဲ…….

အမေရိကန် အပြင် ဂျပန် ၊ တရုတ် ၊ စင်္ကာပူ တွေမှာလည်း နည်းပညာပိုင်းဆိုင်ရာတွေ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားပြီး အမေရိကန်ဒေါ်လာ သန်းချီ ထည့်ဝင်ထားတယ်လို့လည်း သိရတယ်။

အမေရိကန်မှာလည်း လူကုံတန်တွေ နေတဲ့ ရပ်ကွက်တွေမှာ အိမ်ခြံတွေ (၇)လုံးထက် မနည်း ဝယ်ထားတယ်လို့လည်း သူ့သူငယ်ချင်း အသိုင်းအဝန်းတွေက ဖက်က ကြားထားတယ် ….

စမိုင်း တို့ ချမ်းသာတာတွေလောက်တော့ ဒီဘဲက တောက်ခါပစ်လိုတောင်ရတယ် ဆိုပဲ အနေအထားပဲ…..

စမိုင်းတို့လို မကြွားပဲ အေးဆေး ကိုယ်အလုပ်ကိုယ့်လုပ်နေပြီး အထှာကျတဲ့ ဘဲမျိုး…..

ဒါကြောင့်လဲ တော်ယုံ မသိကျတာနေမယ််….

အရပ်ကလည်း ၆ ပေကျော် ၊ ရုပ်ကလည်း ကိုးရီးယားမင်းသားရုပ်ဆိုတော့ ဝတ်မှုန်ရွှေရည် နောက်ဆုံးမှ ကောက် ရွေးချယ်သွားတယ်ဆိုတာလည်း ဆန်းတော့မဆန်းပါဘူး……. Lady တို့ရေ……..

ဒါတောင် သိထားသလောက် ပိုင်ဆိုင်မှုတွေပဲရှိသေးတာနော် ……. VeVe အချိုရည်ကုမ္ပဏီအုပ်စုက ဆင်းသက်လာတယ်ဆိုတော့ တခြားသော ပိုင်ဆိုင်မှုတွေ မနည်းမနောရှိနေဦးမှာ အသေအချာပါပဲ

နိုင်ဖြိုးကျော်နဲ့ဝတ်မှုန်ရွှေရည် အကြောင်း

တပ်ပိုင် စီးပွားရေးတွေ ကျူငုတ်မကျန်စေဖို.
လူမသိသေးတဲ့ အမည်လွတ် စစ်တပ်ကုမ္ပဏီများ (MG Myanmar) အမေရိကန်၊ ဗြိတိန်အပါအဝင် အနောက်အုပ်စုက စီးပွားရေးဒဏ်ခတ်မှုတွေ
စ,နေပါပြီ.။

အာဏာသိမ်းစစ်ကောင်စီမှာ တာဝန်ယူထားသူ
တွေနဲ့ အပေါင်းအပါတွေကို ဆန်ရှင်စာရင်းသွင်းထားတာပါ.။

ပြည်တွင်းမှာလည်း စစ်တပ်ပါဝင် ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေ (MyTel, Myanmar Beer စတာတွေ) ကို ပြည်သူတွေကမဝယ်ဘဲ သပိတ်မှောက်နေကြပါတယ်.။

ဆန်ရှင်စာရင်းတွေမှာ လွတ်နေပြီး စစ်တပ်
ကုမ္ပဏီတွေကို ကာဗာပေးထားတဲ့သူတစ်ယောက်
ရှိပါတယ်၊ ဦးကိုကိုနိုင် (ခ) ဦးနိုင်ဖြိုးကျော်ဆိုတဲ့
ပုဂ္ဂိုလ်ပါ.။

– ကာချုပ်သမီး ခင်သီရိသက်မွန် ပိုင်တဲ့
(Myanmar Media 7) ရဲ့ ပူးတွဲတည်ထောင်သူ
လည်း ဖြစ်တယ်.။

– ဖွင့်ထားတာမကြာသေးတဲ့ (MG Myanmar) ရဲ့
ဥက္ကဌလည်းဖြစ်တယ်.။

– (N.P.K Motors) ဆိုတဲ့နာမည်နဲ့
ကားအရောင်းအဝယ်လုပ်ငန်းတွေ
မှတ်ပုံတင်ထားတယ်.။

– အလှမယ်မိုးစက်ဝိုင်ရဲ့ အကိုဖြစ်ပြီး
မင်းသမီးဝတ်မှုန်ရွှေရည်ရဲ့ စေ့စပ်ကြောင်းလမ်း
ထားသူပါ.။

သူတို့ (showroom) က ဆရာစံလမ်းမှာဖွင့်ထား
ပြီးတော့ မြေနေရာငှားခတင် သိန်းရာချီပေးရပါတယ်.။
နာမည်ကြီးဆယ်လီတွေကို ငွေရော ကားရော အပြတ်ပေးပြီး ကြော်ညာပါတယ်.။

စစ်တပ်အလိုတူအလိုပါတွေ ဖြစ်တာကြောင့်
ငွေကိုရေလို သုံးနိုင်ဖြုန်းနိုင်တာမိုလို့ ဒီလောက်က သူတို့အတွက် အပန်းမကြီးပါဘူး.။

ဒါ့အပြင်
နိုင်ဖြိုးကျော်နာမည်နဲ့ လုပ်နေတာဖြစ်လို့
ဆန်ရှင်စာရင်းတွေ၊ ပြည်တွင်းသပိတ်မှောက်စာရင်းတွေမှာလည်း တက်မလာသေးပါဘူး.။

ဟိုးတလောက (DICA Myanmar) ရဲ့
စာရင်းတွေ ဖွင့်ချထားပါတယ်၊ နိုင်ဖြိုးကျော်
အနေနဲ့ တခြားသော စစ်တပ်ပိုင်စီးပွားရေးတွေမှာ နာမည်ခံလုပ်ပေးထားတာတွေ ရှိဦးမှာပါ.။

သူ့လိုပဲ အာဏာရှင်အလိုတူ အလိုပါတွေက
စစ်တပ်ကို ပိုက်ဆံရှာပေးနေသရွေ့ အာဏာရှင် အမြစ်မပြတ်ပါဘူး.။

ကျူငုတ်မကျန်အောင် ရှင်းလင်းနိုင်ဖို့
ဒီလိုလူမျိုးတွေကို ဖော်ထုတ်ကြရအောင်.။

ပြည်တွင်းသပိတ်မှောက်စာရင်းမှာ (Mytel) တို့
(Myanmar Beer) တို့နဲ့အတူ (MG Myanmar)
ကိုလည်း ထည့်သွင်းရပါမယ်.။

အနောက်အုပ်စုသိအောင်လည်း
ဒီလူတွေကို စာရင်းပေးရပါမယ်.။

12.Feb. 2021
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ လက်မှတ်ထိုးဆုံးဖြတ်ချက်နဲ့ ကန်အစိုးရက ပိတ်ဆို့အရေးယူမဲ့စာရင်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိသားစုဝင်တွေနဲ့ တွဲဖက်ပြီး စီးပွားရေးလုပ်ကိုင်တဲ့သူတွေရဲ့ အမည်စာရင်းတွေကိုပါ ကြေညာလိုက်ပါတယ် ။

အဲဒီအထဲမှာ 7th” Sense ရုပ်ရှင်ထုတ်လုပ်ရေးမှ နိုင်ဖြိုးကျော် (ခ) ကိုကိုနိုင် ၊ ခင်သီရိသက်မွန် ၊ ကိုဝေမင်းမောင် (Myanmar Media7 ) လူတစ်ချို့ပါဝင်နေပါတယ်
Myanmar Media 7 နဲ့ 7th Sense တို့ဟာ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ဖြန့်ချိရေးတွေ လုပ်ကိုင်​ေနတာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *