စစ်ရှောင်တွေကို သွားကူရင်း မိသားစုတစ်စု ထော်လာဂျီတစ်စီးနဲ့ လမ်းမှာ ငိုယိုပြီး ငြင်းခုံနေကြတာတွေ့တော့ ..
အော….ကိုယ်လည်း သူတို့လည်း စစ်ရှောင်ဖို့နေရာမရသေးလို့နေမှာ လို့တွေးပြီး…
“အဒေါ်တို့ဘယ်က စစ်ရှောင်လာသလဲ နေရာရကြပြီလား ဘာကူညီပေးရမလဲ “ မေးကြည့်တော့ …
ငါ့သားလေးကို မြုပ်ဖို့နေရာမတွေ့သေးဘူး တဲ့လေး ..
ရင်တွေလည်းဆို့နစ်ရပါတယ်😞
အိမ်မှာနေရင်း လက်နက်ကြီးကျထိပြီး လက်နက်ကြီးဒါဏ်ရာနဲ့ ဆုံးပါးသွားတဲ့ သူ့ကလေးအလောင်းကို ထော်လာဂျီနဲ့တင်ပြီး စစ်ရှောင်နေရတယ်
တစ်လမ်းလုံး မြုပ်ရမယ့်နေရာကိုရှာတယ်
အချို့က သူတို့နေရာမှာ မြုပ်ဖို့လက်မခံဘူးဆိုတာရှိသေးးး😞
ကျမတို့နဲ့ တွေ့တဲ့အချိန်က ညနေစောင်းနေဝင်ခါနီးနေပြီ .. အဲဒါကြောင့် ကဗျာကယာ လမ်းမှာတွေ့တဲ့သူတွေကို အကူအညီတောင်း မြုပ်ဖို့နေရာရှာပေးပြီး မြေမြုပ်သဂြိုလ်ညီပေးရ တယ် …
မြန််မာပြည်မှာ လူဖြစ်ရတဲ့ဒုက္ခတွေ မသေးပါလားးး
ကိုယ်တွေ တနေ့ တစ်နေ့ အဆင်မပြေဘူး ခက်ခဲတယ်လို့ ညည်းညူနေတဲ့ဟာတွေက ဒီလိုတွေ့မြင်ရတော့ ကိုယ့်ရဲ့အဆင်မပြေမှုတွေက အသေးအဖွဲပါပဲလားဆိုပြီးးး ကိုယ့်ကိုယ်ကို နှစ်သိမ့်ရင်းးးး
Leave a Reply