မြန်မာပြည် ဘိုးဘွားရိပ်သာတွေရဲ့ လွဲမှားနေတဲ့ ဓလေ့ထုံးစံတခု (ပြင်ကို ပြင်သင့်ပါတယ်)
မြန်မာပြည် ဘိုးဘွားရိပ်သာတွေရဲ့ လွဲမှားနေတဲ့ ဓလေ့ထုံးစံတခု (ပြင်ကို ပြင်သင့်ပါတယ်) ဘိုးဘွားရိပ်သာတွေမှာထုံးစံတစ်ခုရှိတယ်။
ထမင်းမစားခင် အလှူရှင်ကိုဆုတောင်းမေတ္တာပို့ပေးတဲ့ ဆုတောင်း ရှည်ကြီးကို အဘိုးကြီးအဖွားကြီးတွေက လက်အုပ် ကလေးတွေချီပြီး ဗိုက်ဆာနေတဲ့ကြားက ခွန်အားမရှိ တော့တဲ့ အသံတိုးတိုးလေးတွေကို အားစိုက်ပြီး မောနေ အောင်ဆုတောင်းပေးကြရရှာတယ်။
ဒါကိုထမင်းလှူ တဲ့လူက ပြုံးပြုံးကြီးနားထောင်နေတယ်။ ငါတို့ထမင်း ကျွေး တာ ဒီလောက်တော့ပြန်လုပ်ပေးရမှာပေါ့လို့ ယူဆနေကြရော့သလား? ခံယူချက်အမျိုးမျိုး ရှိကြမှာ ပေါ့လေ။
အလှူရှင်တွေကဒီလိုလုပ်ပေးမှကျေနပ်ကြသတဲ့။ ဒီ
ကိစ္စ ကိုသတိထားမိတဲ့နောက်ပိုင်း ဘယ်တော့မှ ဆုမတောင်း ခိုင်းတော့ဘူး။
ရိပ်သာအုပ်ချုပ်ရေးမှုးကိုပြောထားတယ်။
ကျွန်တော်လှူရင်ဆုမတောင်းစေနဲ့။ တစ်ခါထဲတန်းဝင် တစ်ခါထဲထိုင်စားပဲ။
ကုသိုလ်ရချင်လို့ လာလှူတာလဲ မဟုတ်ဘူး။ လူသားတစ်ယောက်အနေနဲ့ လောကဝန် ကိုနိုင်တဲ့နေရာက ကြုံသလိုစိတ်ကူးပေါက်သလို ဝင်ထမ်းတဲ့သဘောပဲ။
လိုနေတယ်ထင်တဲ့နေရာကို တခါတလေဝင်ဖြည့်တဲ့သဘောပဲ။ မိမိကိုယ်သာအားကိုး ရာပဲ။ သူတစ်ပါးဆုတောင်းပေးစရာမလိုဘူး။
ဗုဒ္ဓနုတ်ထွက်စကားလို့ယူဆရတာကိုပဲတိုက်ရိုက်နာယူ တယ်။ အပိုဆာဒါးတွေ စိတ်မဝင်စားဘူး။
ကိုယ့်ကြောင့် သူတစ်ပါးကိုဝန်ပိုစေတာမျိုးမကြိုက်ဘူး။ ဘယ့်နှယ်ဗျာ။ လှူတာကထမင်းလေးတစ်ဆုပ်နှစ်ဆုပ်။
အသက် ၈၀၊ ၉၀ တွေက တံတွေးတမျိုမျိုနဲ့မစားရသေးဘူး။
မောနေအောင်အရင်ဆု တောင်းပေးနေရတယ်။ ပေးတာ နဲ့တန်အောင်ပြန်ယူမယ်ဆိုတဲ့ မြန်မာ့စိတ်ရင်းမြန်မာ့ ရှုခင်း ကတော့ လက်ဖျားခါလောက်တယ်။
Wai Phyo Ag
Leave a Reply