ငါတို့ပြည်သူသားကောင်းတွေ ချစ်တဲ့သူရှိလား အောင်သပြေနဲကြိုမှာလား (ရုပ်သံ)

လူငယ်ဆိုတာ

ကမ္ဘာကြီးရဲ့ဧည့်ခန်းပဲ….

သူတို့မပြုံးရင်

ပန်းမျိုးတုန်းသွားလိမ့်မယ်။

ကိုအင်းဝ

စစ်သားစုဆောင်းရေးက စုဆောင်းလို့ ငါတို့ ဝင်တာမဟုတ်ဘူး

အာဏာရှင် စစ်တပ်ကိုတော်လှန်ဖို့ ငါတို့သဘောနဲ့ ငါတို့ ကြိုးစားကြတာဖြစ်တယ်

ငါတို့ရဲ့ဘဝကို ငါတို့ပိုင်တယ် ငါတို့ရဲ့ဘဝကို

ဘယ်အာဏာရှင်ကမှလာပြီး ထိန်းချုပ်ခွင့်မပေးဘူး

ငါ့တို့ပြည်သူနဲ့ ငါတို့တစ်သားထဲရှိကြမယ်

ပြည်သူအားလုံးလွတ်လပ်စေရမယ်

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်၊ စစ်ဗျူဟာအမှတ် -၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့…

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်၊ စစ်ဗျူဟာအမှတ် -၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလအတွင်း ပြုလုပ်ကျင်းပခဲ့တယ်လို့ မုဆိုး – The Hunter က ထုတ်ပြန်ပါတယ်။

သင်တန်းဆင်းပွဲမှာ ပြင်းပြင်းထန်ထန် စစ်ရေးလေ့ကျင့်သင်ကြားထားတဲ့ ရဲဘော်သစ်အင်အားပေါင်းများစွာနဲ့အတူ မုဆိုးသစ်‌ပေါင်းများစွာတို့လည်း စစ်သင်တန်းဆင်းခဲ့တာပဲ ဖြစ်ပါတယ်။

ရှေ့တန်းစစ်မျက်နှာပြင်မှာ လက်ရှိ တပ်ရင်း တပ်ဖွဲ့ပေါင်းစုံတို့ရဲ့ ရဲဘော်တို့က မြေပြင်တိုက်ပွဲဝင်နေကြတဲ့အချိန် နောက်တန်းမှာ ရဲဘော်သစ်တို့ကလဲ တိုက်ပွဲဝင်ဖို့အတွက် ခွန်အားအပြည့် အဆင်သင့်ဖြစ်နေကြပြီ ဖြစ်သလို ရဲဘော်သစ်များမှာ စနစ်တကျ စစ်ရေးလေ့ကျင့်သင်ကြားထားတဲ့ မုဆိုးများ ဖြစ်ပြီး မုဆိုးများနဲ့အတူ နောက်ထပ် ပိုမိုပြင်းထန်တဲ့ စစ်ဆင်ရေးတွေ ဆင်နွှဲသွားမယ်လို့ ဆိုပါတယ်။

အဲ့ဒီသင်တန်းဆင်းပွဲကို KNDF စစ်ဗျူဟာ-၂ ဗျူဟာမှူး၊ KNDF ဗဟိုကော်မတီဝင်၊ KNDF BO-2 က တပ်ရင်းမှူးများ၊ တပ်ခွဲအသီးသီးက တပ်ခွဲမှူးများနဲ့ တာဝန်ရှိသူများ တက်ရောက် ဂုဏ်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

Photo – သံမဏိ

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top