ခေါင်းကို ရေအေးအေးနဲ့ ဖြန်းပေးပါ အယ်ဘ

😁😁 အဘခေါင်းကို ရေအေးအေးနဲ့ ဖြန်းပေးပါ

အတွင်းသတင်းအရ အဘ ခေါင်းမီး တောက်နေတယ်လို့ သိရတယ်။

မြောက်ပိုင်းကိစ္စ၊ သန်းကောက်စာရင်းကိစ္စ၊ ရွေးကောက်ပွဲကိစ္စ၊ လူအချိန်း အပြောင်းကိစ္စ၊ စစ်ပွဲတွေ ရူံးရတဲ့ကိစ္စ၊ ရွှေကုက္ကိုလ် စောချစ်သူကိစ္စနဲ့ တပ်မတော်နေ့ ကျင်းပရေးကိစ္စတွေလို့ ထင်ကြပါလိမ့်မယ်။ မဟုတ်ပါဘူး။

ရုရှဆီကနေ လေယဥ်နဲ့ စစ်လက်နက် ပစ္စည်းတွေကို အကြွေးနဲ့ အားတိုင်းယားတိုင်း ယူထားမိခဲ့တဲ့ ကိစ္စပါ။

အရင်တခါ အကြွေးတောင်းခံရတုန်းက ကပစထုတ် လက်နက်ကြီး ကျည်ဆံတွေပို့ပြီး ပူတင်စိတ်ကျေနပ်အောင် ဆပ်ပေးခဲ့ရတယ်။ အခုတခါ ထပ်ပြီး ရုရှက နားပူနားဆာလုပ် တောင်းနေပြန်ပါတယ်။ လက်နက်ကြီးကျည်တွေ ပို့ဖို့ကလဲ ပြည်တွင်းအတွက်တောင် အနိုင်နိုင်မို့ အဘ တိုင်ပတ်နေပါတယ်။ တကယ်လို့ မဆပ်နိုင်ဘူးဆိုရင် ရုရှဘဏ်တွေမှာ လွှဲပြောင်းထားတဲ့ အဘရဲ့မိသားစုပိုင် အပ်နှံငွေတွေကို ယာယီ သိမ်းယူမယ်လို့လဲ ခြိမ်းခြောက်ထားပါတယ်။

ဒါကြောင့် အဘတို့လင်မယား အခုတလော သိပ်မပြုံးနိုင်ပဲ သောကအပူ ဆိုက်နေရတာပါ။ လက်ပုတီးကုံးတွေ ပေး၊ ဥသြငှက်တွေ လွှတ်၊ ပရိတ်တွေ ရွတ်ခိုင်းကာ ယတျာတွေကို ကြိုးစားပြီးတော့ ချေကြည့်နေပါတယ်။

လက်ရှိအခြေအနေအရ အဘမှာ နိုင်ငံခြား အရံငွေတွေ တပြားမှ မရှိတော့သလို နိုင်ငံတော်ပိုင်ဘဏ်တွေမှာလဲ ဒေါ်လာက တကျပ်မှ မရှိတော့ပါဘူး။ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေဟာလဲ EAOတွေရဲ့ လက်ထဲ ရောက်ကုန်လို့ သွင်းကုန် ပို့ကုန်လုပ်တဲ့ ကုန်သည်တွေ ဆီကနေ ဓါးပြတိုက်ဖို့ကလဲ အဆင်မပြေဘူး ဖြစ်နေပါတယ်။ ဆန်ရှင်ကလဲ ထိ၊ ကျားဖျန့်ဂွင်တွေကလဲ ပျက်တော့ ပိုဆိုးသွားပါရော။ ဒါအပြင် နိုင်ငံတကာကို ပြန်ဆပ်ရမယ့် အကြွေးတွေကိုလဲ မဆပ်နိုင်တော့လို့ အတိုးအပေါ် အတိုးဆင့် တက်လာနေပါတယ်။

ပြည်တွင်း ထုတ်ကုန်ကလဲ မရှိသလို၊ ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကမှလဲ အဘကို ပိုက်ဆံ မချေးပါဘူး၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအတွက် နောက်ဆက်တွဲ စာချုပ်ခကလဲ တရုတ်က ပေးမှာလား၊ မပေးဘူးလားဆိုတာလဲ သေသေချာချာ မသိရသေးပါဘူး။

အခုဆိုရင် ဒေါ်လာစျေးကလဲ တရိပ်ရိပ်တက်လာနေပြီး ၃၉သိန်းနားကို တဝဲ လဲလယ် လုပ်လာနေလို့ အဘခမြာ ရင်’မ’ နေရပါတယ်။ မကြာခင်ကမှ ဘုရားတွေဆီက ဒေါ်လာတွေကို ၂၁၀၀စျေးနဲ့ သိမ်းထားပြီးပြီမို့ ထပ်သိမ်းစရာလဲ မကျန်တော့ပါဘူး၊ ပြည်ပရောက် အလုပ်သမားတွေဆီကနေ ကောက်တဲ့ အခွန်ကောက်ငွေတွေကလဲ သိပ်မဝင်လာကြသေးလို့ အခက် တွေ့နေရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊ အဘ ဒေါ်လာကို ရအောင် ရှာရပါတော့မယ်။ ဘယ်ကောင်တွေ ထိမလဲတော့ဘူး မသိဘူး။ မရှာနိုင်ဘူးဆိုရင် ရုရှဘဏ်တွေထဲက မိသားစုပိုင်ဟာတွေ မျက်ခုံးလှုပ်နေပြီမို့ အဘ အခု ခေါင်းမီး တောက်နေတယ်။

ပြည်သူတွေ ရေအေးအေးနဲ့ အဘခေါင်းကို ဖြန်းပေးကြပါ။ ရေအေးအေးနဲ့ မဖြန်းပေးချင်ဘူး ဆိုရင်လဲ…သေးနဲ့သာ ငေါ့ပမ်းပေးကြပါလို့

ချစ်ကိုကြီး
၂၄.၁.၂၄


Comments

Leave a Reply

Your email address will not be published. Required fields are marked *