တိုင်းပြည်ပျက်စီးဒုက္ခရောက်နေတာကို ပုံမှန်အခြေနေ ဖြစ်နေပါတယ်ဆိုတဲ့ ပုံစံဖန်တီးပေးနေသော ဘောမ ကောင် မြင့်မိုးအောင်😡
Photo
ကာတွန်း နာနတ်သီး
မြင့်မိုးအောင် ထီးလိုမှိုလို စကား ပြောတာ ခုမှ သေချာ နားထောင်မိလို့ ဆဲချင်တာ … လူငယ် တစ်ယောက် အရက်သောက်တာ ၊ ( တစ်ခါတလေ ) ဆေးသုံးမိတာ ၊ မိဘ အိမ်မှာ မနေပဲ တခြားနေရာတွေမှာ နေဖြစ်တာ … ဒါတွေ နဲ့ တင် လူငယ်ဆိုး ဖြစ်ရောလား … ပိုဆိုးတာက “တောခိုတာ” ကိုပါ ဆိုးတဲ့ လုပ်ရပ်တစ်ခု အနေနဲ့ ထည့် ဥပမာ ပေးသွားသေးတယ် … 😡ေ-ာက်တလွဲ ပါကွာ … ⚽️ မ ချင်လည်း ပေါ်တင်သာ မ စမ်းပါ … ဆဲရတာ ပို လွတ်လွတ်လပ်လပ် ရှိအောင်လို့ 😡
Zin Zae Lwin
ထူးအိမ်သင်နဲ့ မြင့်မိုးအောင် အပြင်မှာ ဘယ်လောက် ခင်တယ် မခင်တယ်
မသိပါဘူး၊ သို့သော်
၁-
မြင့်မိုးအောင်ဟာ
ထူးအိမ်သင်အကြောင်းကို လမ်းဘေး လက်ဖက်ရည်ဆိုင်မှာ ပြောနေတာ
မဟုတ်ဘူး၊
Professional Comments ပေးရမယ့်
ဒိုင်နေရာက ပြောနေတာ ဖြစ်တယ်
၂-
ထူးအိမ်သင်ဟာ ကွယ်လွန်သူ ဖြစ်တယ်၊
ကွယ်လွန်သူဟာ မကောင်းခဲ့သည် ဖြစ်စေ၊
လေးစားသမှုတော့ ရှိရမှာ ဖြစ်တယ်
၃-
ဆေးချ အရက်သောက်ဟာ လူငယ်တွေ
အတွက် ဆိုးတာ လက်ခံတယ်၊ သို့သော်
အနုပညာရှင်အတွက် ယေဘုယျ အမြင်နဲ့
ပြောရင် မှားတယ်
၄-
” တောခိုတာဟာ တိုင်းပြည်အတွက် ✴️
ဂုဏ်ယူရမယ့်ကိစ္စဖြစ်တယ်၊ ☝️
ဒါကို နှိမ်ချတာ လက်မခံ ”
ထူးအိမ်သင်နဲ့ မြင့်မိုးအောင် ဘယ်လိုနေ
တယ် ဘာရယ် လာမပြောပါနဲ့၊
သူငယ်ချင်းဆို
ပိုတောင် ဂုဏ်တင်ရမှာလေ၊
သူငယ်ချင်းထက်
ဆရာတပည့်လို အဆင့်ပါ 🎯
သက္က မိုးညို 🖋️
အစက ဝင်မပြောတော့ဘူး..နေမလို့ပါ။
နေမရတော့လို့..
သီချင်းကိုဘယ်လိုရေးရတယ်၊
ဘယ်စာသားနေရာမှာဘယ်လိုစာသားမျိုး
ဘယ်လိုအကြောင်းအရာမျိုးရေးမှ..ဆိုတာကအစ
V.1.V.2.CHO..V3.V4.CHO.ဆိုတာကအစ
စကားလုံးမရှိတဲ့ကောင်းကင် ဆိုတဲ့စကားရပ်ကအစ
ဘယ်သီချင်းကိုသူဘယ်လိုစာသားပြောင်းခဲ့
သံစဥ်ပြင်၊ဆိုပေးခဲ့..ဆိုခဲ့၊
ဆိုတာကအစ…
ထူးအိမ်သင်လက်တွဲဖေးမ
ခေါ်ယူ၊လမ်းပြ၊သွန်သင်ခဲ့မှုကြောင့်သာ..
မြင့်မိုးအောင်ဆိုတာဖြစ်တည်လာရတာပါ။
ပြီးတော့
စာပေဂီတအလွှာစုံက
ထူးအိမ်သင်ကိုလေးစားချစ်ကြည်ခဲ့ကြလို့
ထူးအိမ်သင်.တပည့်၊ထူးအိမ်သင်သူငယ်ချင်းဆိုတဲ့
အမြင်နဲ့ထူးအိမ်သင်မျက်နှာနဲ့ အထာ ထားပေး
တာခံရတဲ့သူက…..
မြင့်မိုးအောင်ကိုကိုငှက်ရန်ကုန်ခေါ်မလာခင်
နာရီပေါ်ကမျက်ရည်စက်များ၊ဝက်ဝက်ကွဲတစ်ပြည်လုံး
အောင်မြင်စပြုစကတည်းက..ကိုဇော်သစ်နဲ့ပက်သက်ပြီး
ကျနော်တို့ ကိုငှက်နဲ့ ခင်မင်ရင်းနှီးခဲ့ကြတာ။
အကြိမ်ကြိမ်အင်တာဗျူးတွေလုပ်ခဲ့ကြတာ။
ညဥ့်နက်သန်းကောင်..စကားတွေထိုင်ပြောခဲ့ကြတာ။
သူ့ချစ်သူဘဝ [မိကွန်ထော] တို့အမေ [မိသွယ်]ကို
ကျူရှင်လိုက်ပို့..ပြီးရင်ကျနော်တို့မဂ္ဂဇင်းတို့ရောက်လာ
၃၅ လမ်း၊အိုးအိမ်တိုက်တန်းအောက်ကလမ်းဘေး
လက်ဖက်ရည်ဆိုင် ကလေးမှာစကားတွေပြော
စာကြောင်းပေကြောင်းပြောမလား။ပျို့၊ကဗျာ၊
အဲချင်း၊တျာချင်းအကြောင်းပြောမလား၊
နုတ်စ်၊စကေး၊တွေအကြောင်းပြောမလား၊
ဘယ်ဂီတာက်ု ဘယ်နှဘားမှာ ကလစ်ချိတ်လိုက်ရင်
ဘယ်တူရိယာအသံထွက်တယ်ဆိုတာအစ
ဂီတအကြောင်းပြောမလား…သူ့မှာဝမ်းစာအပြည့်၊
အနုပညာသမားတစ်ယောက်ရဲ့ရပ်တည်ချက်
ခံယူချက်အကြောင်းပြောမလား..သူကရေစိမ်ခံ။
ဒါကြောင့်..သူ့ကိုကျနော်တို့က.ချစ်ကြ၊လေးစားကြတာ။
လိမ္မာခြင်း
ဆိုးခြင်း.ဆိုတဲ့အနက်အဓိပ္ပါယ်ကိုရော
မြင့်မိုးအောင်…သိရဲ့လား။မသိ။ဘယ်ဟာကလိမ္မာပြီး
ဘယ်အရာကဆိုးသွမ်းခြင်း ဆိုတာခေါ်ကြောင်း
အခုအထိသူမသိသေးတာသေချာပြီ။
လူငယ်ထဲမှာတော်တော်ဆိုးတဲ့လူငယ်လို့
မြင့်မိုးအောင်မြင်သလိုကျနော်တို့တစ်ခါမှ
ကိုငှက်ဆီမှာ၊ကိုငှက်နှုတ်မှာမတွေ့ရ၊
မမြင်ခဲ့ရဖူးပါဘူး။ပွင့်ပွင့်လင်းလင်းပြောရရင်
ကိုငှက်ဟာအနုပညာရှင်စစ်စစ်ပီသတဲ့သူ၊
နှလုံးသားလှပတဲ့သူ။ကိုငှက်လိုတော်တဲ့သူ
ရည်မှန်းချက်ကြီးတဲ့သူ..ဂီတလောကမှာ
များများစားစား၊ရှားရှားပါးပါးမတွေ့မိပါဘူးဗျာ။
မြင့်မိုးအောင်
ဘာဖြစ်သွားတာလဲ။မလိုအပ်တဲ့စကားတွေ။
မြင့်မိုးအောင်ဟာဘရူးတပ်လို့နောက်ကျောကို
ဓါးနဲ့ထိုးပြောတတ်တဲ့သူဆိုတာအရင်က
မထင်မိခဲ့တာ…တစ်ကယ်ပါ။သူ့ကိုယ်သူ
စိုင်းခမ်းလိတ်များထင်နေသလားမသိ။
ကိုငှက်ရှေ့မှာအနုပညာနဲ့ပက်သက်လာရင်
ကလေးလေးတစ်ယောက်လိုစကားဟဟ..တောင်
မပြောရဲခဲ့တဲ့သူက…အခုကိုငှက်မရှိတော့မှ….
သူ့သီချင်းကြောင့်ဘဲ..ငှက်ကအဆိုတော်ဖြစ်ခဲ့ရ
သလိုလို….
မိသွယ်.မိကွန်ထော တို့သားအမိနဲ့
သူ့အမေကြီးရင်ထဲ.
ဘယ်လိုနေမလဲ….အလကားလူ..
စကားကြီး ၆ ခွန်းတောင်မသိတဲ့သူ။
တော်ပြီဗျာ။
ဒီလိုအချိန်၊ဒီလိုကာလမှာ.
ဒီစကားမျိုးကျနော်ဝင်မပြောချင်ဘူး။
သိထားတာတွေရေးရရင်မကောင်းတော့ဘူး။
ခင်ဗျားလူဆိုး.ဘဲ။ကိုမြင့်မိုးအောင်။
Aung Soe Thu
ကိုယ့်သမိုင်း ကိုယ်ရေးကြတာမို့
အဆိုတော် ထူးအိမ်သင်ဟာ ဘယ်လောက်ပဲ ဆိုးသွမ်းခဲ့ပါစေ တောခိုတဲ့ကိစ္စကို တေးရေးမြင့်မိုးအောင်အနေနဲ့ အများရှေ့မှာ ဖွင့်မပြောသင့်ဘူး…
ထူးအိမ်သင် ရေးခဲ့တဲ့
‘သွေးသစ္စာ’ သီချင်းရဲ့အဓိပ္ပာယ်ကို တေးရေးသူအနေနဲ့ နားလည်သဘောပေါက်ရင် ‘တောခိုသွားတယ်’ ဆိုတဲ့စကားလုံးကို လုံးဝထည့်မပြောသင့်ဘူး…
Richard Michael William
တော်သေးတာပေါ့ …
ကိုတွတ်လည်း
မြင့်မိုးအောင် ဆီက သီချင်း ယူမဆိုဖူးလို့ …
မဟုတ်ရင်
အရက်သောက် ၊ ဆေးသုံး ၊
တောခို သွားခဲ့လို့ ဆိုပြီး
လူဆိုး ဖြစ်ရဦးမှာ …
လေလွင့် တာကို နမူနာပေးချင်လို့
အရက်သောက် ၊ ဆေးသုံး ၊ အိမ်မကပ်တာတွေကို
ဥပမာ ထည့်ပြောတာကို
ဖြည့်နားလည်ပေးလို့ ရပေမယ့် …
ခုလိုအချိန်မျိုးမှာ
တောခိုတဲ့ ကိစ္စကို ဆိုးတဲ့ လုပ်ရပ်တစ်ခုအနေနဲ့
( မလိုအပ် ၊ ထည့်မပြောလည်း ရနိုင်ရဲ့သားနဲ့ )
ဘာလို့ ထည့်ပြောသွားမှန်းကို
နားလည်ပေးလို့ မရဘူး …
ဘယ်လိုတွေးတွေး
⚽️ မ ချင်လွန်းလို့ကို
တမင် ထည့်ပြောသွားတယ် ဆိုတဲ့
သဘောပဲ မြင်မိတာပဲ …
ဒါကြောင့်
လေးစားမှု ပျက်တာ ၊ ရွံတာပါပဲ ။
🟧
ဂီတ အရကတော့
ထွေထူး ပြောစရာ မရှိပါဘူး ။
( ဒါပေမယ့် ပြောချင်သေးတယ် ၊ ခွင့်လွှတ် )
မြင့်မိုးအောင် ဆိုတာက
စကတည်းက
ဂီတ ပညာရှင် မဟုတ် ၊
တေးရေး ဆရာ မဟုတ် ၊
စာသားရေး ဆရာသာ ဖြစ်တယ်လို့
ကျွန်တော့် အနေနဲ့
အရင်ကတည်းက သတ်မှတ်ထားပြီးသား မို့ပဲ ။
ကျွန်တော် သင်တန်းမှာ စာသင်ရင်
သူတို့ ကို ကေအေတီ တို့ ကို
ထည့် ဥပမာပေးနေကျ ပေါ့ …
သီချင်းရေးဆရာ ၊ တေးရေး ဆရာ ဆိုတာမှာ
( မြန်မာနိုင်ငံမှာက
Artist နဲ့ Entertainer ရောနေသလိုပဲ )
ဒီ ၃ မျိုး ကို ရောနေတတ်တယ် …
Composer
Song Writer
Lyricist ဆိုတဲ့ ၃ မျိုးဟာ
ဆင်သလိုလို ရှိပေမယ့် မတူဘူး ။
ခွဲခြား သိ ၊ သုံးနိုင်ဖို့ လိုတယ် ဆိုတဲ့ အချက်ပေါ့ ။
မြင့်မိုးအောင်ဟာ
Composer အဆင့် ဖြစ်ဖို့ နေနေသာသာ
Song writer အဆင့်တောင် မရှိပါဘူး ၊
Lyricist အဆင့်မှာပဲ ရှိပါတယ် ။
ဒါပါပဲ ။
မြင့်မိုးအောင် ထီးလိုမှိုလို စကား ပြောတာ ခုမှ သေချာ နားထောင်မိလို့ ဆဲချင်တာ … လူငယ် တစ်ယောက် အရက်သောက်တာ ၊ ( တစ်ခါတလေ ) ဆေးသုံးမိတာ ၊ မိဘ အိမ်မှာ မနေပဲ တခြားနေရာတွေမှာ နေဖြစ်တာ … ဒါတွေ နဲ့ တင် လူငယ်ဆိုး ဖြစ်ရောလား … ပိုဆိုးတာက “တောခိုတာ” ကိုပါ ဆိုးတဲ့ လုပ်ရပ်တစ်ခု အနေနဲ့ ထည့် ဥပမာ ပေးသွားသေးတယ် … 😡ေ-ာက်တလွဲ ပါကွာ … ⚽️ မ ချင်လည်း ပေါ်တင်သာ မ စမ်းပါ … ဆဲရတာ ပို လွတ်လွတ်လပ်လပ် ရှိအောင်လို့ 😡
~ ကိုဇင်ဇေ
🟧
All Credited
Leave a Reply