သဇင်ဦး ဆို့ နင့် ကြေ ကွဲ

ကနီကိုတိုက်တဲ့ အင်အားက ထင်တာထက်များတယ် ၃၀၀၀လောက်နဲ့တိုက်နေတာ…။

တပ်ကအထိုင်ချထားတဲ့ဗျူစခန်းကုန်းက နေရာကောင်းလို့သာမပါသေးတာ…။

အခု ၉:၁၂ အချိန်ကစပြီး လက်နက်ကြီး/ငယ်များနဲ ဒလစပ်ဝင်တိုက်ခံနေရပါတယ်။

လေယာဥ်ပစ်ကူတွေ လာရင်လည်း ဘုရားလှိုဏ်တွေထဲ၊ လူနေအိမ်တွေထဲ ဝင်ခိုအောင်းကြတာရယ်၊ အကြမ်းဖက်တွေဆီမှာ လေယာဥ်ပစ်တွေပါ ရောက်ရှိလာတဲ့အတွက် ပစ်ကူထက် စစ်ကူကို မြေပြင်မှာ ပိုလိုအပ်နေကြောင်း…….  အထူးအလေးထားတင်ပြအပ်ပါတယ်။

သတင်းသမားတစ်ယောက်အနေနဲ့ ကနီနဲ့ ပတ်သက်ရင် လုပ်နိုင်သမျှ အကုန်လုပ်နေတာ ဖြစ်တဲ့အတွက် ကျုပ်တာဝန်ကျေသလို လိပ်ပြာလည်း လုံတယ်…။

တာဝန်ရှိသူတွေရော……?

ကနီမှာ ရန်သူက အလံဖြူထောင်ဖို့နဲ့ လက်နက်ချဖို့ထိ ဖိအားပေးလာနေပြီ ။

ကနီ တိုက်ပွဲ အစကနေ အလယ်၊ အဆုံးထိ တောက်လျှောက် တင်ပြပေးခဲ့ပေမယ့် ဘာမှ စွမ်းဆောင်ခြင်းမရှိရင်တော့ ကနီကျတဲ့နေ့က စလို့ သတင်းတင်ခြင်းအား ရက်အနည်းငယ် ရပ်နားပြီး ဆန္ဒထုတ်ဖော်ပါမယ်။

ကနီမြို့ကို ညတွင်းချင်း စစ်ကူ/ ပစ်ကူ စေလွှတ်ပေးနိုင်ရန် ဒုရဲအုပ်ဆက်သွယ်ပြောကြား

MNP


Comments

Leave a Reply

Your email address will not be published. Required fields are marked *