“ပြုတ်ပြုတ်ပြုန်းနေတဲ့ ‘ပ’ သုံးလုံး စစ်တပ်”
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ အနီးရှိ “မအီတံတား” နဲ့ မအီ-ကျောက်ဖြူ ကားလမ်းမပေါ်ရှိ “ကျောက်ကြီးပေါက်တံတား” တွေကို ဖေဖော်ဝါရီလ (၁၆/၁၇) ရက်နေ့တွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့မှုနဲ့ ပတ်သက်ပြီး မအီမြို့ တပ်စခန်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ခလရ (၃၆) မှ အရာခံဗိုလ် မျိုးခန့် (ကိုယ်ပိုင်အမှတ် – ၇၇၃၆၃၈) ရဲ့ ပြောကြားချက်ကို ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားတာပါ။
အဲ့ထဲမှာ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး တစ်ယောက်ကို အမိန့်မနာခံမှုနဲ့ ကျောက်ဖြူ ဗျူဟာမှူး ဝဏ္ဏအောင် ဆိုတဲ့ကောင်က ဖမ်းဆီးထားပြီး အခုထိ ပြန်မလွှတ်သေးဘူးလို့ ထွက်ဆိုသွားတာကို တွေ့လိုက်ရတယ်။
သေချာတယ်။
စစ်တပ်ထဲမှာ သေတဲ့ကောင်ရယ်၊ တိုပြတ်ဖြစ်ပြီး ဒုက္ခိတ ဘဝနဲ့ နေနေရတဲ့ကောင်ရယ်၊ အပြင်လူတွေ မပြောနဲ့ တပ်ရင်း နောက်တန်းက လူတွေတောင် မသိလိုက်ပဲ စစ်ရှုံးကောင်စီက ပြန်ဖမ်းတာ ခံရပြီး အသုတ်ခံနေရတဲ့ ကောင်တွေရယ် ပေါင်းလိုက်ရင် ခွေးတပ်ဟာ အင်အား မရှိတော့သလောက်ကို ဖြစ်နေပြီ။
သိပ်မကြာခင်မှာ ပြုတ်ပြုတ်ပြုန်းနေတဲ့ ‘ပ’ သုံးလုံး စစ်တပ်ဟာ ပရုတ်လုံးဖြစ်ပြီး မချိမဆန့်နဲ့ ဇာတ်သိမ်းသွားပါလိမ့်မယ်..။
Leave a Reply