အဘက ဝဋ်လည်မှာ ကြောက်ပါတယ် တဲ့

😳😳 အဘက ဝဋ်လည်မှာ ကြောက်ပါတယ် တဲ့

ဘရွှေကြီး ဘွားကနဲ ပြန်ပေါ်လာတော့ ၂၀၀၈ကြီးနဲ့ ဦးအောင်တိုးကို သွားသတိရမိပြန်တယ်။

ဘရွှေကြီးဖြစ်ချင်တဲ့ဟာ တချက်ချင်းကို တရားသူကြီးချုပ် ဦးအောင်တိုးက ဥပဒေအရေးအသားနဲ့ ရေးပေးခဲ့ရပါသတဲ့။ ပြီးတော့မှ သိန်းစိန်ကို ဥက္ကဌလုပ်ခိုင်းပြီး ညောင်နှစ်ပင်မှာ အဖွဲ့ပေါင်းစုံကပဲ ရေးဆွဲခဲ့ကြသယောင် ဇါတ်လမ်းဆင်ခိုင်းခဲ့တယ်။

အဲဒီခြေဥမှာ ဘရွှေကြီးတို့ ဘယ်လောက်ထိတောင် အသေးစိတ်နိုင်ခဲ့သလဲဆိုရင် သမ္မတရဲ့ အရည်အချင်း၊ သမ္မတ ခန့်အပ်ခွင့်နဲ့ သမ္မတကို ဖြုတ်ချခွင့်တို့အပြင် နောက်ဆုံး အတိုင်ပင်ခံလို ရာထူးမျိုးအတွက် မလည်ရူပ်ပုဒ်မမျိုး ထည့်ထားတာတွေကို ကြည့်ရင် သိနိုင်တယ်။ အဲဒီအထဲမှာ “သာမန်အခြေအနေ” ဆိုတဲ့စကားလုံးလဲ ပါတာပေါ့။

သို့သော် “လူပါး၊ ပုလင်းထိ” ဆိုသလိုပဲ၊ ဒီအချိန်မှာ ဘရွှေကြီးရော၊ စစ်တပ်ကြီးရော၊ စီနီယာအဘကြီးတွေကိုပါ နောင်တအကြီးအကျယ် ရသွားစေတဲ့အချက်က ၂၀၀၈ခြေဥမှာ ဘွားကနဲ ပေါ်ပေါက်လာပါတယ်။

အဲဒါက လက်နက်ကိုင် တပ်ဖွဲ့အားလုံးရဲ့ ခေါင်းဆောင်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ပါတ်သက်တဲ့ ပြဌါန်းချက်ပဲဖြစ်တယ်။

၂၀၀၈ထဲမှာ ကာချုပ်ခန့်အပ်တာ တခုတည်းကိုပဲ ပြဌါန်းခဲ့မိတယ်။ အရေးကြီးတဲ့ ကာချုပ်ရဲ့အရည်အချင်းနဲ့၊ လိုအပ်တဲ့အခါ စောက်သုံးမကျတဲ့ ကာချုပ်ကို ဘယ်လို ဖြုတ်ချလို့ ရမယ် ဆိုတဲ့အချက်တွေကို လုံးဝ မပြဌါန်းမိခဲ့ရှာဘူး။

အခုအချိန်မှာတော့ အောင်တိုးကြီးလဲ အသေဆိုးနဲ့ သေသွားခဲ့တဲ့အတွက် လူပြည်မှာ မရှိတော့သလို ဘရွှေကြီးခမြာလဲ မအလရဲ့ အလူုကြီးတွေကို ငုတ်တုတ်ထိုင်ပြီး သာဓု ခေါ်ပေးနေရ ရှာတော့တယ်။

သာဓု မခေါ်ပဲ ဂလန်ဂဆန် လုပ်မိရင်၊ ဦးနေဝင်းနဲ့ မြေးတွေကို ဘရွှေကြီး နှိပ်ကွပ်ခဲ့တဲ့အတိုင်း မအလက ဝဋ် ပြန်လည်ပေးမှာကို ဘရွှေကြီး ကြောက်နေတယ်။

အေးနေဝင်းတို့လို သူရဲ့မြေး မျောက်မူးလဲကို ဒီအချိန်ကျမှ ထောင်ထဲ အရောက် မခံနိုင်ဘူး။ အဲဒါကြောင့် “မင်းဖါသာပဲ ကြည့်ကြဲ့ပြီး လုပ်ကွာ” လို့ မအလ လာကန်တော့တိုင်း လေပြေလေးနဲ့ ပြောလွတ်နေရရှာသတဲ့ဗျား။

ချစ်ကိုကြီး


Comments

Leave a Reply

Your email address will not be published. Required fields are marked *