အာဏာရှင်ဟောင်း​ကြီး ပြန်ပေါ်လာတာ အကြောင်းမဲ့မဟုတ်ဘူး

သိပ်မကြာခင်ကမှ စီလုပ်ကြီးက သန်းရွှေကိုသွားတွေ့ ခဲ့တယ်။

အခု မအလကိုပုန်ကန်တဲ့အဖွဲ့ ပေါ်လာရုံသာမက မအလ ရှိရာ ပစ်မှတ်တွေကိုပါ ရှော့တိုက်ဒုံးနဲ့ ပစ်တဲ့ထိပေါ်လာတယ် ။

ဒီနေ့ပဲ စီလုပ်ကြီးက အပစ်အခတ်ရပ်စဲဖို့ ပြောတယ်။ 😹

ကျားဖြန့်ကိစ္စကြောင့် မအလဟာ စီလုပ်ကြီးကို ကြောက်နေရတယ်။

ပိုင်ဆိုင်မှုတချို့က စီလုပ်ကြီးလက်ထဲ မှာရှိတာကိုး။

But အသုံးမကျတဲ့ မအလကို ဖြုတ်ချဖို့ စီလုပ်ကြီးက စီစဉ်နေတာ 100%ပဲ။

မအလကို သန်းရွှေတင်ပေးခဲ့သလို မအလကိုပဲ သန်းရွှေက ဖြုတ်ချလိမ့်မယ်။

စိုးဝင်းကိုတော့ မအလက လက်ဦးမှူ ယူပြီး ပွဲထဲက ထုတ်နိုင်ခဲ့ပြီ။

သန်းရွှေနဲ့ မအလ ဘယ်သူလက်ဦးမှုရမလဲ။

ဒါကိုတော့ မိစ္ဆာနန်းတွင်းရဲ့ အပိုင်းသစ်တွေမှာ ရူစားကြည့်ရ‌အောင် ပေါ့နော် 😹😹

P.S.ဒီလိုရေးလို့ တို့ဘက်က pdfတွေ ရဲ့စွမ်းဆောင်မှုကိုအထင်သေးတာမဟုတ်ဘူး။

အများကြီးအထင်ကြီးတယ်။ အရမ်းလည်းတော်ကြတယ်။

But သူတို့သတင်းပေးတွေ ကို လည်း ကျေးဇူးတင်တယ်နော်။

နေရာအတိအကျ သတင်းတွေပေးနိုင်ကြလို့။

အရင်သတင်းလာပေးတဲ့ဘက်က အရင်အသာရလိမ့်မယ်။

ဒါပါပဲ။ 😹😹

Khin Moh Moh


Comments

Leave a Reply

Your email address will not be published. Required fields are marked *