အဘနဲ့ ထိရင်…

အီရန်က သမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေ လေယဥ်ပျက်ကျပြီး သေတယ်ကြားရတော့ မအံ့သြမိဘူး။

ဘာလို့မအံ့သြလဲဆိုတော့ အီရန်ဟာ မအလကို စစ်လက်နက်တွေ ထောက်ပံ့ပေးပြီး နီးနီးကပ်ကပ် ဆက်ဆံနေလို့ပဲ။

အဲဒီလို ဆက်ဆံတာနဲ့ အီရန်သမ္မတအဖွဲ့ သေချင်းဆိုးသေတာနဲ့ ဘာဆိုင်လို့လဲပေါ့။ ဆိုင်တာမှ သိပ်ကိုဆိုင်ပါတယ်။

ကလင်ဒါကျကို ပြန်ကြည့်ရရင်

ပထမက ယူကရိန်း၊ ဒီမိုကရေစီ နိုင်ငံဖြစ်ပေမယ့် အာဏာသိမ်းခဲ့တဲ့ မအလကို စစ်လက်နက်ပစ္စည်းတွေ ဆက်လက် ထောက်ပံ့ခဲ့တယ်။ သိပ်မကြာဘူး၊ အကုသိုလ်တွေ အဝင်ခံရတော့တာပဲ မဟုတ်လား။

ဒုတိယက ရုရှပါ၊ “ရုရှားပြည်ကြီး ငြိမ်းချမ်းပါစေ” လို့ သီတဂူနဲ့မအလ သွား အော်ပြီးကတည်းက ရုရှပြည်ကြီး စစ်မီး လောင်ရပါတော့တယ်။ လက်ရှိ အခြေအနေကလဲ မအလနဲ့ သိပ်ပြီး မထူးတော့တဲ့ အခြေအနေကို ရောက်နေရရှာပြီ။

တတိယက မအလကိုယ်တိုင်သွားရောက် လက်ဆွဲပွေ့ဖက်ခဲ့တဲ့ ရုရှပြည်နယ်တခုရဲ့ သမ္မတပါ၊ မအလမြန်မာပြည်တောင် ပြန်မရောက်သေးဘူး၊ ပူတင်က ဖြုတ်ပစ်လိုက်လို့ ခမြာမှာ ဘဝပျက်သွားခဲ့ရပါတယ်။

ဟောအခုဆိုရင် မအလဆီ ချောင်းပေါက်မတတ် လာတွေ့ခဲ့တဲ့ ရုရှကာကွယ်ရေးဝန်ကြီး (ဂူရွေးလား ဂွေးရူလားမသိဘူး) ရာထူးပြုတ်ပြီး ချောင်အထိုး ခံလိုက်ရပြန်တယ်။

ထပ်ပြောရရင် မအလကို ပထမဆုံး သမ္မတအဖြစ် အသိအမှတ်ပြုပြီး သံတမန်ခန့်အပ်လွှာ ပေးခဲ့တဲ့ သီရိလက်ာနိုင်ငံ၊ ဒေဝါလီခံသွားရရှာတာပဲ မဟုတ်လား။ ဒီကြားထဲ တရုတ်က အထူးသံတမန် ချင်ကန်းဆိုလဲ မအလနဲ့ တွေ့ပြီး ပြန်ရောက်တာနဲ့ အဖြုတ်ခံလိုက်ရရှာတယ်။

ဒါကြောင့် မအလနဲ့ ပတ်သက်ရင် လူပုဂ္ဂိုလ်ပဲ ဖြစ်ဖြစ်၊ နိုင်ငံတော်ပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းပဲ ဖြစ်ဖြစ် အကုသိုလ်တွေ အတုံးလိုက် အတစ်လိုက် အဝင်ခံလိုက်ရတာတွေဟာ တိုက်ဆိုင်မူ သက်သက်တော့ မဟုတ်ပါဘူး။

နောက်ဆုံး မအလကိုယ်တိုင် ကာချုပ်လုပ်နေတဲ့ မြန်မာ့စစ်တပ်ကိုပဲ ကြည့်၊ ဘယ်တိုက်ပွဲမှကို မနိုင်ဘူး။ ဒါ့အပြင် မအလ ဝန်ချီးချုပ် လုပ်နေတဲ့ မြန်မာနိုင်ငံကို ကြည့်အုံးမလား၊ ကောင်းလာတာ ဘာတခုမှမရှိပဲ ကောင်းနေတဲ့ဟာတွေတောင် အကုန် စုတ်ပြတ် သပ်နေပြီ။ ကုန်ကုန်ပြောရရင် မအလဥက္ကဌလုပ်တဲ့ နစကအဖွဲ့ကိုရော ကြည့်အုံးမလား၊ ၃နှစ်ကျော်အတွင်း မအလ ဖြုတ်ထုတ်သတ် လုပ်ပစ်တာ နစက အဖွဲ့ဝင် အယောက်၄၀ ကျော်ပြီ။

အိန်း… နောက်ဆုံး စောင့်ကြည့်စရာဆိုလို့ စောက်ခေါမကြူကြူလှပဲ ရှိတော့တယ်။ ခမြာမှာလဲ “ရခိုင်မ”ဖြစ်ပြီး ရခိုင်ပြည်ကိုတောင် မသွားရဲရှာတော့ဘူးးရယ်။

ချစ်ကိုကြီး

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top