ဟားငါးကောင်အဖွဲ့မှ တော်လှန်ဟာသလူရွှင်တော်ဝိုင်းကျော် ကွယ်လွန်

စစ်အာဏာရှင်အားတော်လှန်နေသည့် ဟားငါးကောင်အငြိမ့်အဖွဲ့မှ ဟာသလူရွှင်တော်ဝိုင်းကျော်သည် ယနေ့(မေလ ၂၂ရက်) နံနက် ၁၁ နာရီအချိန်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ဆေးရုံ၌ ကွယ်လွန်သွားကြောင်း ၎င်း၏ ဇနီးဖြစ်သူက အတည်ပြုသည်။

တော်လှန်ဟာသလူရွှင်တော်ဝိုင်းကျော်သည် အသည်းခြောက်ရောဂါဖြင့် မဲဆောက်ဆေးရုံ၌ တက်ရောက်ဆေးကုသနေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး အဆိုပါရောဂါဖြင့် သုံးကြိမ်မြောက် ဆေးရုံတက်ရောက် ဆေးကုသခဲ့ခြင်းဟု ဇနီးဖြစ်သူက ပြောသည်။

ကွယ်လွန်ချိန်တွင် အသက်(၃၈)နှစ်ရှိပြီး ၎င်းတွင် သားနှစ်ဦးရှိသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ဝိုင်းကျော်အပါအဝင် ဟားငါးကောင်အဖွဲ့ဝင်များသည် အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲများပါဝင်ခဲ့ရာ စစ်တပ်က လိုက်လံဖမ်းဆီးသည့်အတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ၌ သွားရောက် ခိုလှုံခဲ့သည်။

လွတ်မြောက်နယ်မြေတွင် ခိုလှုံရင်း ဝိုင်းကျော်အပါအဝင် ဟားငါးကောင်အဖွဲ့သည် တော်လှန်ရေးအတွက် အငြိမ့်ကခြင်း၊ ရုပ်ရှင်ဇာတ်လမ်းတို ရိုက်ကူးခြင်းများပြုလုပ်ကာ စစ်အာဏာရှင်ကို တွန်းလှန်နေကြသည်။

ထွက်သက်မတိုင်မီ 😢

အေးချမ်းစွာ အနားယူပါတော့ ကိုကြီး ဝိုင်းကျော်…ရေ🥹

🥀🥀💔💔😭😭😭


Comments

Leave a Reply

Your email address will not be published. Required fields are marked *