ပြည်သူတွေ အဘကို တောင့်တနေရပြီ….

😁😁 ပြည်သူတွေ အဘကို တောင့်တနေရပြီ….

ဗိုလ်ချုပ်မူုးကြီး မင်းအောင်လှိုင်ကို “ဘုန်းတံခိုးနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်တယ်”လို့ သူရဲ့အခါတော်ပေးတွေနဲ့ ဗေဒင်ဆြာကြီးတွေက အသေအချာ တွက်ချက်ပေးခဲ့ကြတယ်။ သို့သော် ပြည်သူတွေကတော့ “အကုသိုလ်ကောင်” အဖြစ် နေ့စဥ် ဆဲဆိုနေကြရတယ် မဟုတ်ပါလား။

မည်သို့ပင် ဆိုစေ၊ မအလရဲ့ဘုန်းတခိုးကိုတော့ အသိအမှတ် ပြုရပါလိမ့်မယ်။

မအလဟာ ကျန်အင်လက္ခဏာ ၇ပါးနဲ့ပြည့်စုံတဲ့ ဆင်ဖြူရှင် မင်းတျားကြီးအဖြစ် ခံယူခဲ့တယ်။ သို့သော် သူဟာသူ ပန်းရောင်သန်းပြီး ဖြူချင်နေတဲ့ ဆင်ဖြူတော်လေး ရဌန္ဒကခမြာ မအလရဲ့ဘုန်းတခိုးကြောင့် တနေ့တခြား မဲသထက် မဲသွားပါတယ်။ အခုနောက်ပိုင်း အတော်လေးကို မဲလာနေလို့ ကင်မရာ နည်းပညာနဲ့ ဇွတ်ဖြုအောင်လုပ်ပြီး TV ကနေပဲ အဘကို နေ့စဥ်မြင်အောင် ပြသ နေရရှာပါသတဲ့။ “ဆင်ဖြူတော်လေး ကျန်းမာပျော်ရွှင်လျှက် မိခင်ဆင်မကြီးနဲ့အတူ ရှိပါကြောင်း”လဲ အဘသိအောင် ကြေညာပေး နေရပါသတဲ့ဗျားး။

အဲဒီလိုပဲ သူရဲ့ဘုန်းတံခိုးကြောင့် မြေကြီးထဲကနေ အလိုလို ထွက်ပေါ်လာရတဲ့ နစက ပတ္တမြားကြီးကလဲ ဆေးဆိုးထားတဲ့ ကျောက်ကြီးဖြစ်နေတဲ့အတွက် လေလံဆွဲလို့ ရတဲ့စာရင်းထဲ တခါမှ မပါခဲ့ပါဘူးတဲ့၊ “နစကရဲ့ သမိုင်းဝင် အထိမ်းအမှတ်”မို့ ရောင်းရန် မဟုတ်ဘူဆိုပြီး လိမ်ညာထားရပါသတဲ့ဗျားး။

နောက်ထပ် တခုလဲ ရှိသေးတယ်။ လူလိမ် ကျားဖျန့်ပုဂ္ဂိုလ်ကြီးတွေရဲ့ အကုသိုလ်ငွေတွေနဲ့ တည်ဆောက်ထားတဲ့ နေပြည်တော်က မအလရုပ်တူ မာရဝီဇယ စကျင်ဘုရားကြီးဟာလဲ မအလရဲ့ ဘုန်းတံခိုးကြောင့် “ကမ္ဘာပေါ်မှာ အမြင့်ဆုံး”ဆိုပြီး မာန်တက်ခဲ့ကြပါသေးတယ်။ အခုတော့ ကျားဖျန့်ကလူတွေလဲ အဖမ်းခံရ၊ ထွက်လဲ ပြေးနေရ၊ ပိုင်ဆိုင်တာတွေလဲ အသိမ်းခံရ ဖြစ်ကုန်ကြတော့ ဘုရားကြီးကို မလူုကြတော့ပါဘူး။ ဒါကြောင့် ဘုရားကြီးခမြာ စရိတ်တွေ ပြတ်နေပြီး “ပြည်သူများ လူုဌါန်းပေးကြပါ”လို့ စာထုတ် ကြေညာနေရရှာတယ်။ ဝင်ကြေးလဲကောက်မရတဲ့အဆုံး ဌါနဆိုင်ရာတွေမှန်သမျှ လစဥ် မအလရဲ့ ဘုရားကြီးကို မပျက်မကွက် ခွဲတမ်းနဲ့ ထောက်ပံ့ပေးရရှာသတဲ့ဗျားး။

မည်သို့ပင်ဆိုစေ၊
အဘရဲ့ ဘုန်းတံခိုးကြောင့် အဘနဲ့ ထိရင် ထိတဲ့လူ၊ တွေ့ရင် တွေ့တဲ့ အဖွဲ့၊ ဆက်ဆံရင် ဆက်ဆံတဲ့နိုင်ငံ အနှေးနဲ့အမြန် ဒုက္ခရောက်သွားရတာကတော့ ကျိန်းသေနေပါတယ်။ သို့သော်ငြား အဘကတော့ သူရဲ့ဘုန်းတခိုးကြောင့် သူသွားလေရာမှာ လျှပ်စစ်မီးက မှန်လျှက် ရှိနေပါသတဲ့။ “လုံးဝ လုံးဝ မီးမပျက်”လို့ ပြည်သူတွေခမြာ ထူးဆန်းအံသြ ကုန်ကြရတယ်။ အချို့ပြည်သူတွေဆိုရင် သူတို့မြို့ကို အဘကို လာစေချင်ကြပြီး၊ အချို့ပြည်သူတွေဆို သူတို့မြို့ကနေ အဘကို မပြန်စေချင်တော့ဘူး ဆိုတဲ့အထိ ဖြစ်ကုန်ကြသတဲ့ဗျားး။

အဘကလဲ သူရှိရာနေရာမှာ မီးကို လုံးဝ အပျက်ခံလို့ မရဘူးဆိုပဲ။ မီးပျက်ရင် ဂျန်ဘာတွေ အလုပ်မလုပ်နိုင်တော့ပဲ PDF တွေရဲ့ ဒရုန်းက အုပ်လိုက်ကြီးရောက်လာမို့…တဲ့လေ။ ငိုးမ အဘ…

ချစ်ကိုကြီး


Comments

Leave a Reply

Your email address will not be published. Required fields are marked *