မဲဆောက်မှာ ပွဲလာတက်သော မေမြင့်မိုရ် ဆန္ဒပြခံရ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ကော်ဖီမိတ်ဆက်ပွဲတက်ရောက်ခဲ့သည့် မင်းသမီး မေမြင့်မိုရ် ပွဲ၌ ဆန္ဒပြခံခဲ့ရသည်။

ဇူလိုင် ၂၀ ရက်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Robinson ကုန်တိုက်၌ ပြုလုပ်သည့် ကော်ဖီ မိတ်ဆက်ပွဲကို စစ်အာဏာသိမ်း​ခေါင်း​ဆောင် သမီး၏ ရုပ်ရှင်ထုတ်လုပ်​ရေး 7 Sense နှင့် စစ်​ကောင်စီလက်​အောက်ခံ MRTV 4 တို့၏ မင်းသမီး မေမြင့်မိုရ်တတ်ရောက်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ နှင့်ဆက်စပ်​သော သအနုပညာရှင်ဖြစ်သောကြောင့် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် မသင်းသင်းနွယ်၏ ဖေ့စ်ဘွတ်ခ်၌ရေးသားထားသည်။

“ငါဆိုတာက သူများနိုင်ငံမှာမို့ ဒီလောက်ပဲပညာပြတာ။ ငါ့နိုင်ငံထဲဆို ဒီလိုမြေပြင်မှာဘောမကိုတွေ့ကြည့်ပါလား…ငါ့မျက်စိအောက်တင်အငွေ့ပျံတယ်” ဟု မသင်းသင်းနွယ်ကရေးသားထားသည်။

ကော်ဖီမိက်ဆက်ပွဲပြုလုပ်စဉ် မသင်းသင်းနွယ်က ပရိသတ်ကြားထဲမှ စစ်ကောင်စီဆန့်ကျင်ရေးသင်္ကေတ လက်သုံးချောင်းထောင်၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

“‌ကရင်မလေးနှစ်ယောက်က ဓာတ်ပုံရိုက်ချင်လို့ဆိုပြီး စင်ပေါ်ကဆင်းလာတော့ခေါ်တာ မလာရဲဘူး။ စင်ရှေ့မှာပဲရိုက် ၊ အဲဒီ့ဘက်ကိုမလာရဲဘူးဆိုပြီး ၊Speech ပြောဖို့ကိုလည်းမပြောတော့ဘူးလို့ပြောတယ်။ဖုန်းတွေဘာတွေလည်းပြုတ်ကျတယ်။” ဟု မသင်းသင်းနွယ်က ၎င်းဆန္ဒထုတ်ဖော်ပြီးနောက် မေမြင့်မိုရ်၏ အခြေအနေကို Live လွှင့်ပြောသည်။

ထိုအပြင် အဆိုပါ ပွဲအပြီးအပြန်တွင် ​ဆန္ဒပြသူက ရုပ်သံရိုက်၍ Liveလွှင့်ပြရာ ​မေမြင့်မိုရ် မှာကားရှိရာသို့ အမြန်​ပြေးသွားသည်ကို​တွေ့ရသည်။

မေမြင့်မိုရ်သည် စစ်ကောင်စီလက်​အောက်ခံ MRTV 4 ၏ စင်တင်မင်းသမီးဖြစ်ပြီး မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်၏ 7 Sense ထုတ်လုပ်ရေးနှင့်ဇာတ်ကားများရိုက်ကူးခဲ့သလို ယင်းကုမ္ပဏီ အမည်ပြောင်း၍ လုပ်နေသည့် ဇာတ်ကားများတွင်လည်းပါဝင်နေသည့် အကြောင်းပြချက်ဖြင့် Boycott ပြုလုပ်ရန် ယင်းပွဲမတိုင်မီ တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။ထို့ပြင် မေမြင့်မိုရ်သည် ၂၀၂၃ အတွက် စစ်ကောင်စီကျင်းပသည့် အကယ်ဒမီပေးပွဲတွင်လည်း အမျိုးသမီးဇာတ်ပို့ဆုရရှိထားသည်။

ယင်းပွဲတက်ရောက်မည့်အကြောင်း လွန်ခဲ့သည့် သုံးရက်ကတင်ထားသည့် ဗီဒီယိုကို မေမြင့်မိုရ်က ၎င်း၏ ပေ့ခ်ျမှပြန်ဖျက်ထားသည်ကိုတွေ့ရသည်။

ထို့ပြင် ယနေ့ပွဲနှင့်ပတ်သတ်၍လည်း ၎င်း၏ ဖေ့စ်ဘွတ်ခ်၌ ပို့စ်သီးသန့်တင်ထားခြင်းမရှိပဲ ပေ့ခ်ျ၏ Story တွင် ပရိသတ်များနှင့် ဓာတ်ပုံရိုက်ပေးနေသည့် ဗီဒီယိုနှစ်ခုတင်ထားသည်ကိုတွေ့ရသည်။

ယ​နေ့ပွဲတွင် ​မေမြင့်မိုရ်ကို လက်သုံး​ချောင်း​ထောင် ဆန္ဒပြခဲ့​သော ဖြစ်စဥ်နှင့်ပတ်သက်၍ ထို​ကော်ဖီကို ​ကြော်ညာ​ပေး​နေ​သော ​​ဖေစ်ဘွခ်​စာမျက်နှာ က “SP coffee အနေဖြင့် ယနေ့တွင်မျှော်လင့်မထားဘဲအများပြည်သူစိတ်အနှောက်ယှက်ဖြစ်စရာဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခဲ့ကြောင်းကြားသိရသဖြင့် အထူးပင်ထပ်တူစိတ်မကောင်းဖြစ်ရပါကြောင်း အသိပေးအပ်ပါသည်”ဟု​ရေးသားထားသည်။

​တော်လှန်​ရေးအင်အားစုများက ​ပြည်သူများ သပိတ်​မှောက်ရမည့် အာဏာသိမ်းစစ်​အုပ်စု နှင့်ဆက်နွှယ်​သော သရုပ်​ဆောင်များထဲမှ ​မေမြင့်မိုရ်ကို အသုံးပြု ​ကြေညာသဖြင့် SP ​ကော်ဖီကိုပါ သပိတ်​မှောက်ကြရန် ​တိုက်တွန်း​နေကြသည်ကို​တွေ့ရသည်။

(မဲ​ဆောက်မြို့တွင်ပြုလုပ်​သော​ကော်ဖီမိတ်ဆက်ပွဲတွင် ​မေမြင့်မိုရ်ကို ပြည်သူတစ်ဦးက လက်သုံး​ချောင်း​ထောင်ဆန္ဒပြ​နေစဥ်။ဓါတ်ပုံ-CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *