ကန့်ဘလူမှာ စစ်အုပ်စုဆီက လက်နက် ၁၆ လက်သိမ်းပိုက်ရရှိ၊ စစ်အုပ်စု ၁၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းက စစ်အုပ်စု အထိုင်ဂိတ်ဖြစ်တဲ့ ကျီကုန်းရွာတံတားဂိတ်ကို ကန့်ဘလူခရိုင် ပကဖ အထူးလှုပ်ရှားအဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့တွေက မနေ့ ဇူလိုင် ၂၄ ရက် ညနေပိုင်းက စီးနင်းတိုက်ခိုက်ရာမှာ သေနက် ၁၆ လက် သိမ်းပိုက်ရရှိပြီး စစ်အုပ်စု ၁၄ ဦးသေဆုံးတယ်လို့ Myanmar Paladin Force U – 18 အဖွဲ့က ထုတ်ပြန်ပါတယ်။

Myanmar Paladin Force U – 18 အဖွဲ့က ထုတ်ပြန်တဲ့ တိုက်ပွဲရုပ်သံအရ တော်လှန်ရေးအဖွဲ့တွေက စစ်အုပ်စုအထိုင်ချထားတဲ့ ကျီကုန်းရွာတံတားဂိတ်ကို ကားနဲ့ရုတ်တရက်ဝင်ရောက်စီးနင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ကန့်ဘလူမြိုနယ် ကျီကုန်းရွာတံတားဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ကို ကန့်သလူခရိုင် ပကဖ အထူးလှုပ်ရှားအဖွဲ နဲ့ မဟာမိတ်တပ်ဖွဲတွေ ဇူလိုင်၂၄ရက်နေ့ ညနေအချိန်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ ပစ်ခတ်မှု အတွင်း စစ်ကောင်စီဘက်က ၁၄ဦးသေဆုံးကာ ၃ဦးဒဏ်ရာရခဲ့တဲ့အပြင် လက်နက် ၁၆ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်”လို့ Myanmar Paladin Force U – 18 အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကန့်ဘလူဒေသဟာ စစ်အုပ်စုလက်အောက်ခံ ပျူခေါင်းဆောင် ဝါသဝဦးဆောင်နဲ့ ပျူအားကောင်းတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top