ချောက်မြို့နယ်တွင် စစ်မှုထမ်း ဥပဒေဖြင့် ပြည်သူများထံမှ ခြိမ်းခြောက်ငွေကြေးတောင်းခံပြီး စစ်သားသစ် စုဆောင်းပေးနေသော တောင်ကိုးဆူးရွာ အုပ်ချုပ်ရေးမှူး လင်မယား ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ ချောက်မြို့နယ်တွင် စစ်မှုထမ်း ဥပဒေဖြင့် ပြည်သူများထံမှ ခြိမ်းခြောက်ငွေကြေးတောင်းခံပြီး စစ်သားသစ် စုဆောင်းပေးနေသော တောင်ကိုးဆူးရွာ အုပ်ချုပ်ရေးမှူး လင်မယားကို ပစ်ခတ်တိုက်ရာ သေဆုံးခဲ့ကြောင်း OAK AWE UG စလေ မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် ချောက်မြို့နယ်၊ တောင်ကိုးဆူးရွာ အုပ်ချုပ်ရေးမှူး လင်မယားဖြစ်သူ ရဲရွှေနှင့် မခင်ရွှေတို့ကို ၎င်းတို့နေအိမ်၌ပင် မြို့ပြ ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်းသိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး လင်မယားသည် စစ်မှုထမ်း ဥပဒေဖြင့် ပြည်သူများထံမှ ခြိမ်းခြောက်ငွေကြေးတောင်းခြင်း၊ အကြမ်းဖက် စစ်တပ်အတွက် စစ်သားသစ် စုဆောင်းပေးခြင်းနှင့် ကျေးရွာနေပြည်သူများကို ဒုက္ခအမျိုးမျိုး ပေးနေသည့် အတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း OAK AWE UG စလေ မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

အဆိုပါ တိုက်ခိုက်မှုကို OAK AWE UG စလေ မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့်အတူ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ ၊Bagan Bo Cho အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top