လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်မှုကြောင့် ဒုစစ်ခေါင်း ဆောင် စိုးဝင်း အရပ်ဘက်နှင့် စီးပွားရေး ဆိုင်ရာ အစည်း အဝေးများ အားလုံး မတက်နိုင်တော့ဘဲ ရွှေ့ဆိုင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့တွင် ကြေညာလိုက်ရာ ရမခတိုင်းစစ်ဌာနချုပ်နှင့်ပတ်သက်သော စစ်ရေးဆိုင်ရာကိစ္စရပ်များကို တာဝန်ယူထားရသော ဒုစစ်ခေါင်းဆောင် စိုးဝင်းမှာ အရပ်ဘက်နှင့် စီးပွားရေးဆိုင်ရာ အစည်းအဝေးအများစုကို မတက်နိုင်တော့ဘဲ ရွှေ့ဆိုင်းလိုက်ရကြောင်း သိရှိရသည်။

ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် လက်ရှိတွင် ရမခတိုင်း စစ်ဌာနချုပ် ပြန်လည်ရရှိရေးအတွက် စစ် ဆင်ရေးကို ဦးစီး ကိုင်တွယ်နေရသဖြင့် အရပ်ဘက်နှင့် စီးပွားရေးဆိုင်ရာ အစည်းအဝေးများအားလုံးကို မတက်ရောက်တော့ဘဲ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်သော ဒုစစ်ခေါင်းဆောင် စိုးဝင်းက ယနေ့ နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာနတွင် ပြုလုပ်ရန်ရှိနေသည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ကော်မတီ၏ ၃/ ၂၀၂၄ အစည်းအဝေး အပါအဝင် အရပ်ဘက်နှင့် စီးပွားရေး ဆိုင်ငရာအစည်း အဝေးများအားလုံးကို မတက်ရောက်တော့ဘဲ ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဒုစစ်ခေါင်းဆောင် စိုးဝင်း က ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ပြုလုပ်ရန်ရှိနေသည့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ကော်မတီ၏ အစည်းအဝေးကို ဩဂုတ်လ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီသို့ လည်းကောင်း ရွှေ့ဆိုင်းလိုက်ပြီး စစ်ရေးဆိုင်ရာ အစည်းအဝေးမှလွဲ၍ ကျန် အစည်းအဝေးများအားလုံးကိုလည်း မတက်တော့ဘဲ အရေးပေါ် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ် ကြောင်း သိရှိရသည်။

မြ၀တီမြို့နယ် အသိမ်းခံရစဉ်ကလည်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက မော်လမြိုင် အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် အောင်ဇေယျာစစ်ကြောင်းကို စေလွှတ် ကိုယ်တိုင်စီမံကြီးကြပ်ကွပ်ကဲခဲ့ပြီး ဒရုန်းဗုံးထိမှန်ခဲ့သဖြင့် ၁ လကျော်ကြာ လူမြင်ကွင်းက ပျောက်ကွယ်ကာ အစည်းအဝေး အားလုံးမတက်ဘဲ ဆေးကုသမှုခံယူခဲ့ရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top