ကျောက်မဲနှင့် မိုးမိတ် တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး မိုးကုတ်မြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သားများကို လိုက်လံ တိုက်ခိုက်

ကျောက်မဲနှင့် မိုးမိတ် တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး မိုးကုတ်မြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သားများကို လိုက်လံ တိုက်ခိုက်မှု သေနတ် ၄ လက် သိမ်းဆည်းရရှိ

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး မိုးကုတ်မြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီ တပ်သားများကို လိုက်လံ တိုက်ခိုက်ရာ သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ကျောက်မဲမြို့ရှိ အကြမ်းဖက် စစ်တပ်၏ စကခ ၁ ၊ ခမရ ၅၀၁ နှင့် ၅၀၂ တွင် တပ်စွဲထားသည့် လွယ်ခွန်တောင်နှင့် တာဝါတိုင်စခန်းကုန်းတို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က တိုက်ခိုက်ရာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် မိုးမိတ်မြို့၊ ညောင်ပင်ဆောက်၊ ဒိုးပင်နှင့် မိုးမိတ်ဗျူဟာကုန်း စသည့်နေရာများတွင်လည်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

အလားတူ ယနေ့ နံနက် ၆ နာရီခန့်တွင် မိုးမိတ်မြို့ ဒိုးပင်နှင့် ညောင်ပင်ဆောက်ရှိ အကြမ်းဖက် စစ်ကောင်စီတပ် စကခ ၂၁ လက်အောက်ခံ ခလရ ၂၇၆ တပ်စခန်း၌ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင် ညောင်ပင်ဆောက်၌ ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်၏ စကခ ၂၁ လက်အောက်ခံ ခလရ ၂၂၃ နှင် မိုးမိတ် ဗျူကာကုန်းရှိ စကခ ၂၁ လက်အောက်ခံ ခလရ ၃၄၈ တို့နှင့်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့ အတွင်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်သားအချို့ကိုလည်း TNLA က လိုက်လံ တိုက်ခိုက်ခဲ့ပြီး သေနတ် ၄ လက် နှင့် အခြားပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top