မန္တလေး အလယ်ပိုင်းစစ်ဌာနချုပ်နဲ့ ၇ မိုင်ခန့်အကွာက တပ်ရင်းတွေ တိုက်ခိုက်ခံရ

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာ အနားက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို မနေ့ညပိုင်းက တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

နှမ်းကြဲကျေးရွာနားမှာ အမှတ် (၄) ခြေလျင်တပ်ရင်း၊ အမှတ် (၁၁၆) ခြေမြန်တပ်ရင်းနဲ့ အမှတ် (၁၁၉) ခြေမြန်တပ်ရင်းတို့ရှိနေတာပါ။

မနေ့ညပိုင်းက ခလရ (၄) နဲ့ ခမရ (၁၁၉) တပ်တွေဘက်ကနေ ပစ်ခတ်သံတွေကြားရတာလို့ ဒေသခံအမျိုးသားတစ်ဦီးက ပြောပါတယ်။

ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရတာလို့ ဒေသခံရဲ့ ပြေပြချက်အရ သိရပေမယ့် သီးခြားအတည်မပြု နိုင်ပါဘူး။

တိုက်ခိုက်ခံရတဲ ခလရ (၄) ၊ ခမရ (၁၁၆) နဲ့ ခမရ (၁၁၉) တို့ တည်ရှိရာ နှမ်းကြဲရွာဟာ ပုသိမ်ကြီးမြို့ ရဲ့ မြောက်ဘက် ၂ မိုင်ကျော်ခန့်အကွာမှာ ရှိတာပါ။

အဲဒီတပ်တွေဟာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ အခြေစိုက်တဲ့ တပ်မ (၃၃) လက်အောက်ခံတပ်ရင်းတွေ လည်းဖြစ်ပါတယ်။

ပုသိမ်ကြီးမြို့နယ်ထဲထိ တိုက်ပွဲတွေရောက်လာပြီဖြစ်တဲ့အတွက် နှမ်းကြဲကျေးရွာအနီးရှိ မှန်ပင်၊ရုံးသာ၊မင်းကန်၊ ဘုတ်၊ဆင်ပွတ်ကြီးစတဲ့ ကျေးရွာတွေက ဒေသခံတွေ စတင် တိမ်းရှောင်နေကြပြီလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ တပ်ရင်းတွေ တိုက်ခိုက်ခံရတဲ့ ပုသိမ်ကြီးမြို့နယ် ၊နှမ်းကြဲကျေးရွာဟာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးနန်းတွင်းနဲ့တော့ Google Map ရဲ့ တွက်ချက်မှုအရ ၇ မိုင် ခန့်ဝေးပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြတ်တဲ့ မန္တလေးတိုင်းနဲ့မကွေးတိုင်း တောင်ပိုင်းကို စစ်ရေးတာဝန်ယူတာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကစတင်ပြီး စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ရေး စိုးမိုးထားတဲ့ မန္တလေးတိုင်းထဲက မိုးကုတ်၊ မတ္တရာနဲ့ စဉ့်ကူးမြို့နယ်တွေကို တပ်စခန်းတွေကို မန္တလေးPDF က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

အဲဒီမြို့တွေထဲက မိုးကုတ်ကိုတအာင်းတပ် (TNLA) ဦီးဆောင်မှုနဲ့ သိမ်းယူထားနိိုင်ခဲ့သလို စဉ့်ကူးမြို့ကိုလည်း မန္တလေး PDF က သိမ်းယူထားပြီးပါပြီ။

မန္တလေးမြို့ပေါ် နဲ့ မိုင် ၂၀ ခန့်အကွာမှာရှိတဲ့ မတ္တရာမြို့နယ်မှာတော့ မန္တလေး PDF က စစ်ကောင်စီရဲ့ တပ်စခန်း ၃၀ နီးပါး သိမ်းယူထားပြီးဖြစ်ပါတယ်။

မတ္တရာနယ်မှာ သိမ်းယူလိုက်တဲ့ တပ်စခန်းတွေထဲမှာ မတ္တရာနဲ့ ပုသိမ်ကြီး အစပ်က အယ်လ်ဖာဘိလပ်မြေ စက်ရုံ ပါဝင်ခဲ့ပါတယ်။

အဲဒီအချိန်ကတည်းက တိုက်ပွဲတွေဟာ ပုသိမ်ကြီးမြို့နယ်အစပ်ထိ ရောက်ရှိနေတာပါ။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top