လားရှိုး ခလရ ၆၈ နှင့် ဆင်တောင် စစ်တပ်စခန်း ကို MNDAA က တိုက်ခိုက်သိမ်းပို

လားရှိုး ခလရ ၆၈ နှင့် ဆင်တောင် စစ်တပ်စခန်း ကို MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကား ၁၀ စီးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး ခလရ ၆၈ နှင့် ဆင်တောင်ထိပ်ရှိ စစ်တပ်စ ခန်း ကို MNDAA က သိမ်းပိုက်လိုက်ပြီး စစ်ကား ၁၀ စီးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

    ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၅၈ မိနစ်အချိန် MNDAAက ခလရ ၆၈ ခြေ မြန်တပ်ရင်းအတွင်းရှိ စခန်းအားလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ယာဉ် ၁၀ စီး အပါအဝင် လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

    ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန် လားရှိုးမြို့ ဆင်တောင်ထိပ်တွင် တည်ရှိသော စစ်ကောင်စီတပ်၏ အသံလွှင့်ကုန်းမြင့်စခန်းကို MNDAA တပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    လားရှိုးအခြေစိုက် ခလရ ၆၈ တပ်ရင်းကို သိမ်းပိုက်မှုတွင် MNDAA နှင့်အတူ BPLA နှင့် PLA တပ်များပါဝင်

    ခလရ ၆၈ မှာ လားရှိုးမြို့စောင့်တပ်၊ ရမခ ကာကင်းနှင့် လားရှိုးလေဆိပ်လုံခြုံရေးတပ်ဖြစ်

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးအခြေစိုက် ခလရ ၆၈ တပ်ရင်းကို အပြီး သတ် သိမ်းပိုက်ရရှိသည့် တိုက်ပွဲတွင် MNDAA နှင့်အတူ ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော်(BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)တပ်များ ပါဝင်ကြောင်း BPLA က သတင်းထုတ်ပြန်သည်။

    MNDAA ဦးဆောင်သော မဟာမိတ်တပ်ပေါင်းစုက လားရှိးမြို့ အခြေစိုက် ခလရ ၆၈ တပ်ရင်းကို ဇူလိုင်လ ၂၇ ရက်နေ့၊ ညနေ ပိုင်းတွင် အပြီးသတ်တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကား ၁၀ စီးနှင့် လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိကြောင်း သိရှိရသည်။

    ခလရ ၆၈ သည် လားရှိုးမြို့စောင့်တပ်ဖြစ်သည့်အပြင် ရမခ ဌာနချုပ်၏ ကာကင်းတပ်လည်ဖြစ်ကြောင်း၊ လားရှိုးလေဆိပ်အတွက် လုံခြုံရေးတပ်တစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း စစ်ဘက်သတင်းရင်းမြစ်တစ်ခုက ရှင်း လင်းပြောဆိုသည်။

    “ခလရ ၆၈ က လားရှိုးရမခဌာနချုပ်ဝင်းနဲ့ ၂ မိုင်အကွာမှာရှိတယ်။ ရမခ ကာကင်းတပ်ဖြစ်သလို မြို့စောင့်တပ်လည်းဖြစ်တယ်။ လားရှိုးလေဆိပ် လုံခြုံရေးတပ်လည်းဖြစ်ပါတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်တစ်ခုက ရှင်းပြသည်။

    လားရှိုးအကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းသားများ လွတ်မြောက်လာ

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်း သားများနှင့် အကျဉ်းသားများ လွတ်မြောက်လာပြီဖြစ်ကြောင်း အကျဉ်းဦးစီးဌာနသတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

    ယမန်နေ့ ခလရ ၆၈ ကို MNDAA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်း သားများနှင့် အကျဉ်းသားများ ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ဒီမနက်ကစပြီး အကျဉ်းသားတွေ ပြန်လွတ်လာတယ်။ နိုင်ငံရေးအကျဉ်းသားတွေရော ရိုးရိုးအကျဉ်းသားတွေရော အကုန်လွတ်ပါတယ်” ဟု အကျဉ်းဦးစီးသတင်းရင်းမြစ်က ဆိုသည်။

    နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာမှု အသေးစိတ် အခြေအနေများကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

Leave a Comment