စစ်ရှုံးကောင်စီရဲ့ လက်ပါးစေ ကျွန်သပေါက် နန်းကြီးသုပ်ဖြစ်တဲ့ မတူပီ ဘဏ်မန်နေဂျာဟာ မတူပီ မြို့သိမ်းတိုက်ပွဲ အပြီးမှာ စစ်ခွေးတွေနဲ့အတူ ခွေးပြေးဝက်ပြေး ပြေးရင်း တောထဲတောင်ထဲမှာ အစာငတ်ပြီး သေဆုံးသွားပြီဖြစ်ကြောင်း ယောနယ်က ဘောမ ကြည်ပြာမောင်က ဖော်ကောင်လုပ်ထားတာပါ။
စစ်ဖိနပ်ကို ကျေကျေနပ်နပ်ကြီး ကိုက်ပြပြီး ကိုယ်လုပ်မှ ကိုယ်စားရတယ် ဆိုတဲ့ စောက်ဖျင်း နန်းကြီးသုပ်တွေ အခုတော့ အစာငတ်ပြီးတော့ကို သေနေရတဲ့ဘဝ.. 👽
ဖိုးစီ
👇🏻👇🏻👇🏻
မတူပီဘဏ်မန်နေဂျာ အစာငတ်တဲ့ဒဏ်ကြောင့်ကွယ်လွန်ပြီ (ကွယ်လွန်တယ်ဆိုတာ သေတာကိုပြောတာနော်) ဆိုတဲ့အကြောင်း ပြောချင်ပါတယ်
မတူပီဗျူဟာကို AA, CDF, YDF, CNF မဟာမိတ်ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်အပြီး မြို့မှာ ကျန်ရှိနေတဲ့ ဝန်ထမ်းများ တပ်တွင်းမိသားစုများဟာ တောတောင်များကို ဖြတ်ပြီး အသက်လွတ်အောင် ထွက်ပြေးခဲ့ကြရပါတယ်
ရက်ပေါင်း (၂၀)ကျော်သည်အထိ မည်သည့်ကယ်ထုတ်မှု ထောက်ပံ့မှုမှ မလုပ်နိုင်တဲ့အတွက် တောတွင်း အစာငတ်သေဆုံးသူများ ရာဂဏန်းရှိခဲ့ပြီး မိသားစုနဲ့ ကလေး (၁၀၀)ကျော် CDFက ဖမ်းမိပြီး ကျွေးမွေးစောင့်ရှောက်ထားတယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်
၂၅ရက်နေ့ သိရှိရတဲ့သတင်းအရ မတူပီဘဏ်မန်နေဂျာဟာ တောအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း သိရပါတယ်
မတူပီမြို့ဟာ ရာသီဥတု ကန့်သတ်ချက်ရှိတဲ့ မြို့ဆိုတာကို အားလုံးသိပြီး ဖြစ်ပေမယ့်လဲ တိုက်ပွဲမဖြစ်မီ နိုင်ငံဝန်ထမ်းတွေ တပ်မိသားစုတွေကို ကယ်ထုတ်ပေးတာ မလုပ်ဆောင်တဲ့အတွက် သေဆုံးကြရတာဖြစ်ပါတယ်
အဲဒီလို အလားတူမဖြစ်အောင် မင်းတပ် ကျောက်ထုက နိုင်ငံဝန်ထမ်းများ တပ်မိသားစုများကို အချိန်မှီ ကယ်ထုတ်ဖို့ လိုပြီဖြစ်ပါတယ်
မတူပီဘဏ် မန်နေဂျာနဲ့ ဝန်ထမ်းအများအပြားလို မဖြစ်ရအောင် အထက် အထက်က တာဝန်ရှိသူများ ဘယ်လိုလုပ်ကြမလဲ ဘယ်လိုစံမံ ဆောင်ရွက်ကြမလဲ မတူပီဖြစ်စဥ်မှာ ဆင်းရဲဒုက္ခတွေ မျိုးစုံအောင် ခံစားကြရပြီး သေဆုံး ကွယ်လွန်သွားကြရတဲ့သူများ အားလုံးအတွက် ကျန်ရစ်သူ မိသားစုများ ဆွေမျိုးများနဲ့ ထပ်တူထပ်မျှဝမ်းနဲရပါတယ်
ကြည်ပြာမောင်