ရှမ်းပြည်မြောက်ပိုင်း၊ အကြမ်းဖက်စစ်ကောင်စီရဲ့ ရမခ တည်ရှိရာ လားရှိုးမြို့ရှိ မီးရထားဘူတာရုံကို MNDAA က ဇူလိုင် ၂၈ ရက်မှာ ရှင်းလင်း သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
လားရှိုးမြို့ မီးရထားဘူတာရုံကို ဇူလိုင် ၂၈ ရက်မှာ လွတ်မြောက်နိုင်ခဲ့တယ်လို့ MNDAA ရဲ့ YouTube Channel မှာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
လားရှိုးမြို့ကို စစ်ရေးအုပ်ချုပ်မှုကော်မတီဖွဲ့စည်းခဲ့ပြီး အုပ်ချုပ်ရေးနဲ့ ပြန်လည်ထူထောင်ရေးဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ မြို့တွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အကြွင်းအကျန်တွေကို ရှာဖွေရှင်းလင်းလျက်ရှိတယ်လို့ MNDAA က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။