မတ္တရာ-စဉ့်ကူး နယ်ဘက်ကို စစ်အုပ်စုက မြင်းခြံဘက်က ပျူတွေ စစ်ကူပို့

တိုက်ပွဲမှာ စစ်ကူပို့ခံရတဲ့ ပျူတွေ အကုန်နီးပါး သေဆုံး၊ တချို့ ထွက်ပြေးနေရလို့ဆို

လတ်တလော တိုက်ပွဲဖြစ်ပွားနေတဲ့ မန္တလေးတိုင်း၊ မတ္တရာ-စဉ့်ကူး မြို့နယ်တွေဘက်ကို စစ်အုပ်စုက မြင်းခြံနယ် ထဲက ပျူစောထီးတွေကို စစ်ကူပေးပို့နေပြီး အဲဒီစစ်ကူပို့ခံရတဲ့ပျူစောထီးတွေ တိုက်ပွဲမှာထိခိုက်သေဆုံးတာနဲ့ ထွက်ပြေးတာတွေ များပြားနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

“အဲဒီသတင်း(ရှေ့တန်းမှာပျူတွေထိခိုက်သေဆုံးမှု)ကို ကျွန်တော်တို့ကြားရတယ်ဗျ။ ဘယ်လောက်အထိသေတယ် ဆိုတာတော့ အတိအကျမသိရသေးဘူး” လို့ မြင်းခြံဒေသခံ သတင်းရင်းမြစ်ကပြောပါတယ်။

မြင်းခြံခရိုင်သတင်းတွေကို ဖော်ပြနေတဲ့ မြင်းခြံ လူထုလှုပ်ရှားမှုကော်မတီကလည်း မတ္တရာဘက် ရှေ့တန်းရောက် နေတဲ့ မြင်းခြံမြို့က ပျူစောထီးတွေ အကုန်နီးပါး သေဆုံးပြီး တချို့လည်း ထွက်ပြေးနေရကာ မြင်းခြံက ပျူစောထီး တွေ အကူသွားရင်း ကယ်ဖို့ကြိုးစားနေတယ်လို့ ၎င်းတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့ ပါတယ်။

အရင်က မြင်းခြံနယ်တွင်းမှာ ရွာစဉ်ပတ်မွှေပြီး လုယက်တာ၊ အိမ်တွေ မီးရှို့တာတွေလုပ်ဆောင်နေတဲ့ ပျူစောထီး တွေတော့ အခုရက်ပိုင်းမှာ လှုပ်ရှားမှုတစ်စုံတစ်ရာမရှိဘဲ ငြိမ်သက်နေကြတယ်လို့ မြင်းခြံမြို့ခံသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

“အခုရက်ပိုင်းမှာဆိုရင်လည်း ကျွန်တော်တို့ မြင်းခြံနယ်ထဲမှာ ပျူတွေ ငြိမ်နေတာတွေ့ရတယ်။ အရင်တုန်းကဆိုရင် ပျူတွေပါတဲ့(စစ်အုပ်စုနဲ့အတူ)စစ်ကြောင်းတစ်ကြောင်းက အမြဲတမ်းလိုလို မြင်းခြံနယ်ထဲမှာ ရွာစဉ်ပတ်မွှေပြီး လု ယက်၊ မီးရှို့နေတာ၊ အခုကတော့ ဘာလှုပ်ရှားမှုမှ မတွေ့ရဘူး ငြိမ်နေကြတယ်”လို့ အဆိုပါ သတင်းရင်းမြစ်က ပြော ပါတယ်။

မြင်းခြံနယ်က ပျူစောထီးတွေ စစ်ကူသွားရောက်နေတဲ့ စဉ့်ကူးမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ် အုပ်စုနဲ့ ပျူစောထီးတွေကို သုံ့ပန်းအဖြစ် အများအပြား ဖမ်းဆီးရမိထားတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top