ရန်ကုန် -မန္တလေး အမြန်လမ်းတွင် စစ်ကား ၃ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ကား ၁ စီးမီးလောင် ပျက်စီးပြီး စစ်တပ်ဘက်မှ သေဆုံးသူ များပြား (ရုပ်/သံ)
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းတွင် အကြမ်းဖက် စစ်ကား ၃ စီး ကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကား ၁ စီး မီးလောင် ပျက်စီးပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း နွားထိုးကြီး PDF တပ်ဖွဲ့က ပြောဆိုသည်။
ယမန်နေ့ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော အကြမ်းဖက် စစ်သား ၄၀ ခန့်လိုက်ပါလာသည့် စစ်ကား ၃ စီးကို ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်း တစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ ပြီး ကား ၁ စီး မီးလောင် ပျက်စီးကာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု များပြားကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို နွားထိုးကြီး PDF တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ရေး အရှိန်မြှင့် တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများနေဖြင့် လက်နက်ခဲယမ်းများ ဝယ်ယူနိုင်ရန် ထောက်ပံ့ ပါဝင်ကူညီပေးကြရန် မေတ္တာရပ်ခံကြောင်း နွားထိုးကြီး PDF တပ်ဖွဲ့က ပြောဆိုသည်။
ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ အချိန် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၃၂၃ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၅ ဦး လိုက်ပါသော စစ်ကား ၁ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။