လားရှိုးမြို့ရဲ့ နောက်ဆုံးအခြေအနေ (ရုပ်/သံ)

ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော်လည်းဖြစ်၊ စစ်ကောင်စီရဲ့အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိရာ လားရှိုးမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး လားရှိုးမြို့တခုလုံး နီးပါးကို မြောက်ပိုင်း မဟာမိတ်တပ်တွေက ထိန်းချုပ်ထားနိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ မြေပြင် သတင်းအရင်းအမြစ်တွေကပြောပါတယ်။

ဇူလိုင် ၂၈ ရက်မှာ မဟာမိတ်အဖွဲ့တွေဘက်က လားရှိုးထောင်ကိုပါ သိမ်းပိုက်၊ ထိန်းချုပ်နိုင်ခဲ့ပြီး တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုတွေအကြားမှာ ဓားစာခံတွေအဖြစ်နဲ့ပိတ်မိနိုင်တဲ့အတွက် အကျဥ်းထောင်ကိုပါ ဖွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အကျဉ်းထောင်မှာ အကျဉ်းသား ၄၀၀ ကျော်ရှိပြီး အဲ့ဒီထဲမှာ အာဏာသိမ်းစကတည်းက စစ်ကောင်စီဖမ်းဆီး ထိန်းသိမ်းထားခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးထွန်းထွန်းဟိန်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top