မတ္တရာရှိ စစ်ကောင်စီတပ်စခန်း ၇ ခုကို ထပ်မံတိုက်ခိုက်သိမ်းပိုက်ရရှိပြီး စုစုပေါင်း စစ်စခန်း ၃၅ ရရှိထား

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၇ ခုကို ထပ်မံတိုက်ခိုက်သိမ်းပိုက်ရရှိပြီး စုစုပေါင်း စစ်စခန်း ၃၅ ရရှိထားကြောင်း ပြည်သူ့ကာကွယ် ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် မတ္တရာမြိုနယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း၊ ယခုအခါ မတ္တရာမြိုနယ်အတွင်းရှိ ငါးလုံးပြွန်ကျေးရွာ တပ်စခန်း ၊ တောင်ကန်ကျေးရွာ တပ်စခန်း ၊ အောင်သပြေကျေးရွာ တပ်စခန်း ၊ အောင်သပြေကားကွင်း တပ်စခန်း ၊ မြိုကုန်းရွာ တပ်စခန်း ၊ ထန်းပင်ကုန်းရွာ တပ်စခန်း နှင့် ဘိုကုန်းရွာ တပ်စခန်းတိုကို ထပ်မံသိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

လက်ရှိတွင် မတ္တရာမြိုနယ်အတွင်း သိမ်းပိုက်ရရှိသော စစ်ကောင်စီတပ်စခန်း အရေ အတွက်မှာ ၃၅ ခု ရှိခဲ့ပြီဖြစ်ပြီး ကျောက်တံတားကျေးရွာနှင့် မြကန်သာ ကျေးရွာတိုတွင်လည်း တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့်စဉ့်ကူးမြိုကို ၂၀၂၄ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိပြီးနောက် မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက် ရှင်းလင်းမှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း၊ စဉ့်ကူးမြို့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မန္တလေး တိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top