မြို့သိမ်းတိုက်ပွဲအပြီး မရာနယ် ပြန်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူတွေကကြိုဆို

ချင်းပြည်၊ မတူပီမြို့သိမ်းတိုက်ပွဲအပြီး မရာနယ်ပြန်လာတဲ့ ချင်းညီနောင်အဖွဲ့ဝင် Maraland Defense Force (MDF) တပ်ဖွဲ့ဝင်တွေကို ပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ Alliance Affairs, Information & Publicity Department က ထုတ်ပြန်ပါတယ်။

မတူပြီမြို့သိမ်းတိုက်ပွဲဟာ ရက်ပေါင်း ၂၀ ကြာမြင့်ခဲ့ပြီး လက်ရှိမှာ ချင်းညီနောင်တပ်ဖွဲ့တွေက မြို့ကို ထိန်းချုပ်ထားတယ်လို့ ဆိုကြပါတယ်။

ဇူလိုင် ၂၈ ရက် ချင်းညီနောင်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မတူပီမြို့သိမ်းတိုက်ပွဲအတွင်းက ထွက်ပြေးနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၂၀)ခန့်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top