လှိုင်သာယာမြို့နယ်၊ သောင်ကြီးရဲစခန်း ကင်းပုန်းကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ကား ၁ စီးပျက်စီး
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ သောင်ကြီးရဲစခန်း ကင်းပုန်းကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ကား ၁ စီးပျက်စီးခဲ့ကြောင်း ရန်ကုန်မြို့ပြ UG အဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဇူလိုင်လ ၂၇ ရက်နေ့တွင် လှိုင်သာယာမြို့နယ်၊ သောင်ကြီးရဲစခန်း ကင်းပုန်းကို ရန်ကုန်မြို့ပြ UG ရဲဘော်များက ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ကား ၁ စီးပျက်စီးခဲ့ကြောင်း သိရသည်။
“ခွေးကား ၁ စီးပျက်စီပြီး ရဲခွေး ၃ ကောင် ဒဏ်ရာရပါတယ်။ ၄၀ မမ ဗုံးသီး ၂ လုံး ကား ၁ စီးပေါ် တည့်တည့်ကျရောက် ပေါက်ကွဲခဲ့တယ်။ ရဲခွေးတွေ သေဆုံးခြင်းရှိမရှိတော့ ဆက်လက် စုံစမ်းနေပါတယ်” ဟု ရန်ကုန်မြို့ပြ UG အဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဲတပ်သားများကို လူနာတင်ယာဉ်များဖြင့် သယ်ထုတ်သွားကြောင်း ရန်ကုန်မြို့ပြ UG အဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။