စဉ့်ကူးမြို့နယ် တိုက်ပွဲများအတွင်း ဒုဗိုလ်မှူးကြီး အောင်မင်းကို အပါအဝင် ၂၉ ဦး အရှင်မိပြီး ပျူစောထီး ၁၀၀ ဦး လက်နက်ချအညံ့ခံ၊ လက်နက် ၇၃ လက် သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် တိုက်ပွဲများအတွင်း ဒုဗိုလ်မှူးကြီး အောင်မင်းကို အပါအဝင် ၂၉ ဦး အရှင်မိပြီး ပျူစောထီး ၁၀၀ ဦး လက်နက်ချအညံ့ခံကာ လက်နက် ၇၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မိုးကုတ် ဗျူဟာ အမှတ် ၁၂၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

စဉ့်းကူမြို့နယ် တိုက်ပွဲများအတွင်း ဒုဗိုလ်မှူးကြီး အောင်မင်းကို အပါအဝင် စစ်သားနှင့် ရဲ ၂၉ ဦး အရှင်ဖမ်းမိပြီး ရေတော်နှင့် ထုံးကြီး ရွာတဝိုက်ရမှ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီး ၁၀၀ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။

လက်နက်ချ အညံ့ခံခဲ့သော ပျူစောထီးများထံမှ MA1 သေနတ် ၁၁ လက်၊ M22 သေနတ် ၁ လက်၊ ပါရီ သေနတ် ၁ လက် ၊ ကာဘိုင် သေ နတ် ၂၈ လက် ၊ လက်လုပ်သေနတ် ၃၂ လက်၊ ခဲယမ်း မီးကျောက်များ ၊ ကျည်ဆံများ နှင့် စစ်ဝတ်ဝတ်စုံများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ပျူတော်တော်များများက အလင်းဝင်တာပါ။ အရေအတွက်က ၁၀၀ လောက်ရှိပါတယ်။ စစ်သား၊ ရဲ စုစုပေါင်းက ၂၉ ဦး ဖမ်းမိတယ်” ဟု မိုးကုတ်ဗျူဟာ အမှတ် ၁၂၂ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top