မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော လေးရွာဆုံရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦး သေဆုံးခဲ့ကြောင်း Anyar Federal Task Force (AFTF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ဇူလိုင်လ ၂၉ ရက်နေ့တွင် မြင်းခြံမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော လေးရွာဆုံပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိကာ စစ်တပ်ဘက်မှလည်း ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“တိုက်ခိုက်မှု အတွင်းမှာ စစ်ခွေး ၄ ကောင်သေဆုံးပြီး ၇ ကောင် ဒဏ်ရာရရတယ်လို့ ခိုင်လုံတဲ့ သတင်းအရင်းအမြစ်က သိရပါတယ်။ စစ်ခွေးတွေကလည်း ဟောင်ဝှစ်ဇာနဲ့ ခမရ ၁၅ တပ်ရင်းကနေပြီးတော့ ၃ ချက် ပြန်လည် ပစ်ခတ်ခဲ့ပေမယ့် ကျွန်တော်တို့ တော်လှန်ရေး တပ်သားတွေ အထိအခိုက်မရှိ ခဲ့ပါဘူး” ဟု Anyar Federal Task Force (AFTF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Anyar Federal Task Force(AFTF)နှင့်အတူ မဟာမိတ်အဖွဲ့များဖြစ်သော Freedom Fighter Guerrilla Force (FFGF)နှင့် 8 Stars အဖွဲ့တို့က ပူပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။